အလ်-ကဟ်ဖ် · 31/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
أُولَٰئِكَ لَهُمْ جَنَّاتُ عَدْنٍ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَيَلْبَسُونَ ثِيَابًا خُضْرًا مِّن سُندُسٍ وَإِسْتَبْرَقٍ مُّتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۚ نِعْمَ الثَّوَابُ وَحَسُنَتْ مُرْتَفَقًا ۝٣١
Ulaaa`ika lahum Jannaatu `Adnin tajree min tahtihimul anhaaru yuhallawna feehaa min asaawira min zahabinw wa yalbasoona siyaaban khudram min sundusinw wa istabraqim muttaki`eena feehaa `alal araaa`ik; ni`mas sawaab; wa hasunat murtafaqaa
📖 မြန်မာဘာသာ
ဤသူများပင်၊ ၎င်းတို့အဖို့ ထာဝစဉ်တည် သောဥယျာဉ်များသည် ရှိကြပေမည်။ ၎င်းတို့အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ရွှေလက်ကောက်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှာေသော ပိုးထည်များနှင့်ထူသောပိုးထည်များမှ အစိမ်းရောင်အဝတ်(အစား)များကို ဝတ်ဆင်ကြပေမည်။ (ထိုသူတို့သည်)ယင်းဥယျာဉ်များတွင် သလွန်များပေါ်၌မှီလျက်ရှိကြပေမည်။ ထို(ကုသိုလ်)အကျိုးသည် အဘယ်မျှလောက် ကောင်းမြတ်သောကုသိုလ်အကျိုးဖြစ်၍ ထို(ဥယျာဉ်)သည်လည်း အဘယ်မျှ လောက်ကောင်း မြတ်လှစွာသော နားရာနေရာပင် ဖြစ်ချေသနည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာကျော် အာယသ်တော်၏ ဝေါဟာရအဓိပ္ပာယ်များ
  • ဂျန္နာသု အဒ်န် (جَنَّاتُ عَدْنٍ): အမြဲထာဝရနေထိုင်ရမည့် ဥယျာဉ်များ။ “အဒ်န်” သည် အမြဲတည်နေခြင်း၊ မကွယ်ပျောက်ခြင်းကို ဆိုလိုသည်။
  • အာန်ဟာရ် (الْأَنْهَارُ): မြစ်ချောင်းများ။
  • အဆာဝိရ် (أَسَاوِرَ): လက်ကောက်များ၊ လက်မောင်းတွင် ဝတ်ဆင်သော အဆင်တန်ဆာများ။
  • စုန္ဒုစ် (سُندُسٍ): အလွန်ပါးလွှာသော ပိုးထည်။
  • ဣစ်သဗ်ရက် (إِسْتَبْرَقٍ): ထူထဲသော ပိုးထည်။
  • အာရာအိက် (الْأَرَائِكِ): ကုလားထိုင်များ၊ ခုတင်များ။ ဤနေရာတွင် အလှဆင်ထားသော ခုတင်များကို ဆိုလိုသည်။
  • မုရ်သဖက် (مُرْتَفَقًا): နေထိုင်ရာ၊ ခိုလှုံရာ၊ အနားယူရာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အီမာန်ယုံကြည်၍ ကောင်းမှုကုသိုလ်များကို ပြုလုပ်ခဲ့ကြသော ထိုသူများအတွက် အမြဲထာဝရနေထိုင်ရမည့် ဥယျာဉ်များ ရှိကြသည်။ ထိုဥယျာဉ်များတွင် သူတို့၏ နေအိမ်များ၊ နန်းဆောင်များ၏ အောက်မှ မြစ်ချောင်းများ စီးဆင်းလျက်ရှိသည်။ ထိုဥယျာဉ်များတွင် သူတို့သည် ရွှေလက်ကောက်များဖြင့် အလှဆင်ခြင်းခံရမည်။ ပါးလွှာသော ပိုးထည်နှင့် ထူထဲသော ပိုးထည်တို့ဖြင့် ပြုလုပ်ထားသော အစိမ်းရောင်အဝတ်အထည်များကို ဝတ်ဆင်ကြရမည်။ ထိုဥယျာဉ်များတွင် အလှဆင်ထားသော ခုတင်များပေါ်၌ မှီတင်း၍ အနားယူနေကြရမည်။ ဤသည်ကား အလွန်ကောင်းမြတ်လှသော အကျိုးဆုလာဘ်ဖြစ်၏။ ဤဥယျာဉ်သည် နေထိုင်ရာနေရာအဖြစ် အလွန်ကောင်းမြတ်လှပေစွ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အီမာန်နှင့် ကောင်းမှုကုသိုလ်တို့ကို ပေါင်းစပ်ပြုလုပ်ခြင်းသည် ဂျန္နသ်ဥယျာဉ်ကို ရရှိစေသော အဓိကအကြောင်းရင်းဖြစ်သည်။
  • ဂျန္န္နသ်သည် အမြဲထာဝရတည်ရှိသော နေရာဖြစ်ပြီး မည်သည့်အခါမျှ ကုန်ဆုံးခြင်းမရှိပါ။
  • ဂျန္န္နသ်၏ သုခချမ်းသာများသည် လူသားတို့ ဤလောကတွင် မြင်ဖူးသမျှထက် များစွာသာလွန်ကောင်းမွန်သည်။
  • ရွှေလက်ကောက်များ၊ ပိုးထည်အဝတ်အစားများ၊ အလှဆင်ထားသော ခုတင်များသည် ဂျန္နသ်တွင် ရရှိမည့် ဂုဏ်အသရေနှင့် သုခချမ်းသာ၏ အစိတ်အပိုင်းများသာဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား အလွန်ကောင်းမြတ်သော အကျိုးဆုလာဘ်ကို ပေးသနားတော်မူ


📜 အာယာသ် 29-33 — စူရာ အလ်-ကဟ်ဖ်

29وَقُلِ الْحَقُّ مِن رَّبِّكُمْ ۖ فَمَن شَاءَ فَلْيُؤْمِن وَمَن شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِن يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုယုံကြည်လိုလျှင်ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည်မတရားကျူးလွန်သူတို့အဖို့(ငရဲ)မီးကိုအသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကိုခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့ ၏)မျက်နှာများကိုလောင်ကျွမ်းစေမည် ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက် ဆိုးရွားလှသောရေဖြစ်၍ ထိုငရဲဘုံမှာလည်း အဘယ်မျှလောက် ဆိုးရွားလှသော နားရာနေရာပင် ဖြစ်ချေသနည်း။
30إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ဧကန်စင်စစ် ငါအရှင်မြတ်သည် အကျင့်သီလကောင်းမြတ်သောသူ၏ကုသိုလ်အကျိုးကို ဆုံးရှုံးစေတော်မူသည် မဟုတ်ပေ။
31أُولَٰئِكَ لَهُمْ جَنَّاتُ عَدْنٍ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَيَلْبَسُونَ ثِيَابًا خُضْرًا مِّن سُندُسٍ وَإِسْتَبْرَقٍ مُّتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۚ نِعْمَ الثَّوَابُ وَحَسُنَتْ مُرْتَفَقًا
ဤသူများပင်၊ ၎င်းတို့အဖို့ ထာဝစဉ်တည် သောဥယျာဉ်များသည် ရှိကြပေမည်။ ၎င်းတို့အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ရွှေလက်ကောက်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှာေသော ပိုးထည်များနှင့်ထူသောပိုးထည်များမှ အစိမ်းရောင်အဝတ်(အစား)များကို ဝတ်ဆင်ကြပေမည်။ (ထိုသူတို့သည်)ယင်းဥယျာဉ်များတွင် သလွန်များပေါ်၌မှီလျက်ရှိကြပေမည်။ ထို(ကုသိုလ်)အကျိုးသည် အဘယ်မျှလောက် ကောင်းမြတ်သောကုသိုလ်အကျိုးဖြစ်၍ ထို(ဥယျာဉ်)သည်လည်း အဘယ်မျှ လောက်ကောင်း မြတ်လှစွာသော နားရာနေရာပင် ဖြစ်ချေသနည်း။
32۞ وَاضْرِبْ لَهُم مَّثَلًا رَّجُلَيْنِ جَعَلْنَا لِأَحَدِهِمَا جَنَّتَيْنِ مِنْ أَعْنَابٍ وَحَفَفْنَاهُمَا بِنَخْلٍ وَجَعَلْنَا بَيْنَهُمَا زَرْعًا
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား လူနှစ်ယောက်၏ဥပမာကို ခိုင်းနှိုင်း၍ပြပါလေ။ ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦးအနက် တစ်ဦးအားစပျစ်ခြံနှစ်ခြံကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်ယင်းခြံနှစ်ခြံကို စွန်ပလွံပင်များဖြင့်ခြံရံ၍ ပေးတော်မူခဲ့သည်။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြား တွင် လယ်တစ်ခုကိုလည်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
33كِلْتَا الْجَنَّتَيْنِ آتَتْ أُكُلَهَا وَلَمْ تَظْلِم مِّنْهُ شَيْئًا ۚ وَفَجَّرْنَا خِلَالَهُمَا نَهَرًا
ထိုခြံနှစ်ခြံမှာ အသီးအနှံများကို အနည်းငယ်မျှပင် လျော့နည်းစေခြင်းမရှိပဲ(ရာသီမလပ်)သီးပွင့်၍ ပေးလျက်ပင်ရှိခဲ့ကြ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြားဝယ် ချောင်းတစ်ခုကိုလည်း စီးထွက်စေတော်မူခဲ့ပေသည်။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
31အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 31

စူရာ အလ်-ကဟ်ဖ် အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူများပင်၊ ၎င်းတို့အဖို့ ထာဝစဉ်တည် သောဥယျာဉ်များသည် ရှိကြပေမည်။ ၎င်းတို့အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌…

စူရာ အာယာသ် 31/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers