အလ်-ကဟ်ဖ် · 57/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِآيَاتِ رَبِّهِ فَأَعْرَضَ عَنْهَا وَنَسِيَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۖ وَإِن تَدْعُهُمْ إِلَى الْهُدَىٰ فَلَن يَهْتَدُوا إِذًا أَبَدًا ۝٥٧
Wa man azlamu mimman zukkira bi ayaati Rabbihee fa-a`rada `anhaa wa nasiya maa qaddamat yadaah; innaa ja`alnaa `alaa quloobihim akinnatan any yafqahoohu wa feee aazaanihim waqraa; wa in tad`uhum ilal hudaa falany yahtadooo izan abadaa
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့် ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ထိုသူသည် ယင်းသက်သေလက္ခဏာတော်များမှမျက်နှာလွှဲခဲ့လေသည်။ ၎င်းပြင်ထိုသူသည် ၎င်း၏လက်နှစ်ဖက်က ကြိုတင်ပို့နှင့်ပြီးဖြစ် သည့်(ပြစ်မှုဒုစရိုက်)များကိုလည်း မေ့ပျောက်ခဲ့ပေသည်။ ဧကန်စင်စစ်ငါအရှင်မြတ်သည် ထို (ကဲ့သို့သော)သူတို့၏ စိတ်နှလုံးများပေါ်ဝယ်ထိုသူတို့သည်ယင်း(အမှန်တရား)ကို နားမလည်နိုင်ကြရန် အဖုံးအအုပ်များကိုလည်းကောင်း၊ ထိုသူတို့၏ နားပင်းမှုကို လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အကယ်၍အသင်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ် ငြားသော်လည်း ၎င်းတို့သည် ဤအခြေအနေတွင် မည်သည့်အခါ၌မျှပင်လမ်းမှန်ကိုအလျင်းရရှိကြမည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းပါဒေသနာတော်၌ ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • أَظْلَمُ: အမှောင်မိုက်ဆုံး၊ အဆိုးရွားဆုံး၊ အကြီးမားဆုံး မတရားမှုပြုသူ။
  • ذُكِّرَ: သတိပေးခြင်းခံရသည်၊ နှိုးဆော်ခြင်းခံရသည်။
  • أَعْرَضَ: လှည့်ထွက်သွားသည်၊ မျက်နှာလွှဲသည်၊ ဂရုမစိုက်ဘဲ လျစ်လျူရှုသည်။
  • نَسِيَ: မေ့လျော့သွားသည်၊ လျစ်လျူရှုထားခဲ့သည်။
  • مَا قَدَّمَتْ يَدَاهُ: သူ၏လက်နှစ်ဖက်က ကြိုတင်ပေးပို့ထားခဲ့သော အပြုအမူများ (ဆိုလိုသည်မှာ ကုဖ်ရ် နှင့် မာစီယတ်များ)။
  • أَكِنَّةً: အဖုံးအကာများ၊ ဖုံးလွှမ်းထားသော အဖုံးများ။
  • يَفْقَهُوهُ: နားလည်သဘောပေါက်ကြသည်။
  • وَقْرًا: နားထိုင်းမှိုင်းခြင်း၊ နားလေးခြင်း၊ ကြားနိုင်စွမ်း အားနည်းခြင်း။
  • الْهُدَىٰ: လမ်းညွှန်မှု၊ သမ္မာလမ်း၊ အစ္စလာမ်သာသနာ။
  1. ဤအာယာသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျမ်းတော်မြတ်ကုရ်အာန်၏ အာယာသ်တော်များဖြင့် သတိပေးနှိုးဆော်ခြင်းခံရသော်လည်း ထိုအာယာသ်တော်များမှ လှည့်ထွက်သွားပြီး လျစ်လျူရှုခဲ့သူထက် ပို၍ မတရားမှုကြီးမားသူ မည်သူမျှ မရှိပါ။ ထိုသူသည် မိမိ၏လက်နှစ်ဖက်က ကြိုတင်ပေးပို့ထားခဲ့သော ကုဖ်ရ်နှင့် မာစီယတ်များကို မေ့လျော့ထားခဲ့ပြီး ထိုအပြစ်များမှ လုံးဝနောင်တမရဘဲ ဆက်လက်ကျူးလွန်နေခဲ့သည်။

ထိုကဲ့သို့သော သူများ၏ စိတ်နှလုံးများအပေါ်၌ အလ္လာဟ်အရှင်မြတ်သည် အဖုံးအကာများကို ဖုံးအုပ်ထားတော်မူခဲ့သည်။ ထိုအဖုံးအကာများသည် ကုရ်အာန်၏ အဆုံးအမများကို သူတို့နားလည်သဘောပေါက်ခြင်းမှ တားဆီးပိတ်ဆို့ထားသည်။ ထို့အပြင် သူတို့၏နားများ၌လည်း နားထိုင်းမှိုင်းမှုကို ဖြစ်ပေါ်စေတော်မူခဲ့သည်။ ထို့ကြောင့် သူတို့သည် အမှန်တရားကို ကြားသော်လည်း လက်ခံနိုင်စွမ်းမရှိကြပေ။

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အကယ်၍ သင်သည် ထိုသူများကို သမ္မာလမ်းသို့ ဖိတ်ခေါ်ခဲ့သော်လည်း သူတို့သည် မည်သည့်အခါမျှ လမ်းညွှန်မှုကို လက်ခံကြမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့၏စိတ်နှလုံးများအပေါ်၌ အဖုံးအကာများ ဖုံးအုပ်ထားခံရပြီး သူတို့၏နားများ၌ နားထိုင်းမှိုင်းမှု ရှိနေသောကြောင့် သူတို့သည် နားလည်နိုင်စွမ်းလည်းမရှိ၊ ကြားနိုင်စွမ်းလ



📜 အာယာသ် 55-59 — စူရာ အလ်-ကဟ်ဖ်

55وَمَا مَنَعَ النَّاسَ أَن يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ وَيَسْتَغْفِرُوا رَبَّهُمْ إِلَّا أَن تَأْتِيَهُمْ سُنَّةُ الْأَوَّلِينَ أَوْ يَأْتِيَهُمُ الْعَذَابُ قُبُلًا
စင်စစ် လူတို့အား ၎င်းတို့ထံ တရားလမ်းမှန်ရောက်ရှိခဲ့ပြီးနောက် သက်ဝင်ယုံကြည်ခြင်းမှလည်း ကောင်း၊မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် လွတ်ငြိမ်းခွင့်ကို အသနားခံပန်ကြားခြင်းမှလည်းကောင်း၊(မည်သည့်အရာကမျှပင်) တားဆီးခဲ့သည့် မဟုတ်ပေ။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ထံ ရှေးသူဟောင်းတို့(ထံ ရောက်ရှိခဲ့သည့် စီရင်ချက်)ကဲ့သို့သော စီရင်ချက်သည် ရောက်ရှိလာခဲ့ခြင်းကိုသော်လည်းကောင်း၊ မိမိတို့ထံ အမျိုးမျိုးသောပြစ်ဒဏ်များသည် ဆိုက်ရောက်လာခြင်းကိုသော်လည်းကောင်း၊ (စောင့်မျှော်၍ပင်နေခဲ့ကြကုန်သတည်း၊)
56وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۚ وَيُجَادِلُ الَّذِينَ كَفَرُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ ۖ وَاتَّخَذُوا آيَاتِي وَمَا أُنذِرُوا هُزُوًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အား သတင်းကောင်းပြောကြားသူများ သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်တော်မူ၏။ သို့ရာတွင်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ မှာမူကား မတရားသဖြင့်အငြင်းအခုံပြုကြကုန်၏။ (သို့အငြင်းအခုံပြုကြခြင်းမှာ ၎င်းတို့သည် အငြင်းခုံမှုဖြင့် အမှန်တရားကို ချွတ်ချော်စေအံ့သောငှာ(ဖြစ်ပေသည်)။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်များပြုလုပ်ခဲ့ကြကုန်၏။
57وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِآيَاتِ رَبِّهِ فَأَعْرَضَ عَنْهَا وَنَسِيَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۖ وَإِن تَدْعُهُمْ إِلَى الْهُدَىٰ فَلَن يَهْتَدُوا إِذًا أَبَدًا
အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့် ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ထိုသူသည် ယင်းသက်သေလက္ခဏာတော်များမှမျက်နှာလွှဲခဲ့လေသည်။ ၎င်းပြင်ထိုသူသည် ၎င်း၏လက်နှစ်ဖက်က ကြိုတင်ပို့နှင့်ပြီးဖြစ် သည့်(ပြစ်မှုဒုစရိုက်)များကိုလည်း မေ့ပျောက်ခဲ့ပေသည်။ ဧကန်စင်စစ်ငါအရှင်မြတ်သည် ထို (ကဲ့သို့သော)သူတို့၏ စိတ်နှလုံးများပေါ်ဝယ်ထိုသူတို့သည်ယင်း(အမှန်တရား)ကို နားမလည်နိုင်ကြရန် အဖုံးအအုပ်များကိုလည်းကောင်း၊ ထိုသူတို့၏ နားပင်းမှုကို လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အကယ်၍အသင်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ် ငြားသော်လည်း ၎င်းတို့သည် ဤအခြေအနေတွင် မည်သည့်အခါ၌မျှပင်လမ်းမှန်ကိုအလျင်းရရှိကြမည် မဟုတ်ပေ။
58وَرَبُّكَ الْغَفُورُ ذُو الرَّحْمَةِ ۖ لَوْ يُؤَاخِذُهُم بِمَا كَسَبُوا لَعَجَّلَ لَهُمُ الْعَذَابَ ۚ بَل لَّهُم مَّوْعِدٌ لَّن يَجِدُوا مِن دُونِهِ مَوْئِلًا
ဧကန်မလွဲ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော် မူပေသည်။အကယ်၍သာ ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ရှာဖွေဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ပြစ်ဒဏ်ကို အစောတလျင် ကျရောက်စေတော်မူခဲ့ပေမည်။သို့ရာတွင် စစ်စစ်မှာမူကား ၎င်းတို့အဖို့ ချိန်းချက်ထားသေအချိန်တစ်ချိန်သည် ရှိနေပေရာ ၎င်းတို့သည် ထိုပြစ်ဒဏ်(ကိုခံစားကြရသည်)မှတစ်ပါး ထွက်ပြေးလွတ်မြောက်ရန် နေရာဌာနတစ်စုံတစ်ခုကိုမျှပင် အလျင်းတွေ့ရှိမည်မဟုတ်ပေတကား။
59وَتِلْكَ الْقُرَىٰ أَهْلَكْنَاهُمْ لَمَّا ظَلَمُوا وَجَعَلْنَا لِمَهْلِكِهِم مَّوْعِدًا
စင်စစ် ဤသည်(တို့သည်)အကြင်မြို့(သူ) ရွာ(သား)များပင်။ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီး တော်မူခဲ့၏။ အမှန်သော်ကားငါအရှင်မြတ်သည် ၎င်းတို့ပျက်စီးကြရန်အလို့ငှာ ချိန်းချက်ထားသောကာလတစ်ခုကို ပြုလုပ်သတ်မှတ်တော်မူခဲ့ပေသတည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
57အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 57

စူရာ အလ်-ကဟ်ဖ် အာယာသ် 57 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့်…

စူရာ အာယာသ် 57/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 55–59. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers