وَرَبُّكَ الْغَفُورُ ذُو الرَّحْمَةِ ۖ لَوْ يُؤَاخِذُهُم بِمَا كَسَبُوا لَعَجَّلَ لَهُمُ الْعَذَابَ ۚ بَل لَّهُم مَّوْعِدٌ لَّن يَجِدُوا مِن دُونِهِ مَوْئِلًا ٥٨
🔤 Transliteration
Wa Rabbukal Ghafooru zur rahmati law yu`aakhi zuhum bimaa kasaboo la`ajala lahumul `azaab; bal lahum maw`idul lany yajidoo min doonihee maw`ilaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဧကန်မလွဲ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော် မူပေသည်။အကယ်၍သာ ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ရှာဖွေဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ပြစ်ဒဏ်ကို အစောတလျင် ကျရောက်စေတော်မူခဲ့ပေမည်။သို့ရာတွင် စစ်စစ်မှာမူကား ၎င်းတို့အဖို့ ချိန်းချက်ထားသေအချိန်တစ်ချိန်သည် ရှိနေပေရာ ၎င်းတို့သည် ထိုပြစ်ဒဏ်(ကိုခံစားကြရသည်)မှတစ်ပါး ထွက်ပြေးလွတ်မြောက်ရန် နေရာဌာနတစ်စုံတစ်ခုကိုမျှပင် အလျင်းတွေ့ရှိမည်မဟုတ်ပေတကား။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
الْغَفُورُ (အလ်-ဂဖူးရ်) — အလွန်ခွင့်လွှတ်တော်မူသောအရှင်။ မိမိကျေးကျွန်များ နောင်တရပြီး အပြစ်မှ ပြန်လှည့်လာသောအခါ သူတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူသော အရှင်ဖြစ်သည်။ ذُو الرَّحْمَةِ (ဇုရ်-ရဟ်မဟ်) — ကရုဏာတော်၏ အရှင်သခင်။ ကရုဏာတော်သည် အရာခပ်သိမ်းကို လွှမ်းခြုံထားသည်။ يُؤَاخِذُهُم (ယုအာခိဇုဟွမ်) — သူတို့ကို အပြစ်ပေးတော်မူသည်။ ဤနေရာတွင် လောကီဘဝ၌ အပြစ်ပေးခြင်းကို ဆိုလိုသည်။ كَسَبُوا (ကသာဗူး) — သူတို့ ရှာဖွေဆည်းပူးခဲ့ကြသည်။ ဆိုလိုသည်မှာ ကုဖ်ရ် (မယုံကြည်မှု) နှင့် အပြစ်ဒုစရိုက်များကို ဆည်းပူးခြင်းဖြစ်သည်။ مَوْئِلًا (မောင်အိလန်) — ခိုလှုံရာ၊ အကာအကွယ်ရာ၊ လွတ်မြောက်ရာ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။ မိမိကျေးကျွန်များ နောင်တရပြီး အပြစ်မှ ပြန်လှည့်လာသောအခါ သူတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူ၏။ ထို့ပြင် အရှင်မြတ်သည် ကရုဏာတော်၏ အရှင်သခင် ဖြစ်တော်မူ၏။ အရှင်မြတ်၏ ကရုဏာတော်သည် အရာခပ်သိမ်းကို လွှမ်းခြုံထား၏။
အကယ်၍ အရှင်မြတ်သည် ဤသတိပေးချက်များမှ မျက်နှာလွှဲထားကြသော သူတို့အား သူတို့ ရှာဖွေဆည်းပူးခဲ့ကြသော ကုဖ်ရ်နှင့် အပြစ်ဒုစရိုက်များအတွက် လောကီဘဝ၌ပင် အလျင်အမြန် အပြစ်ပေးတော်မူခဲ့လျှင် သူတို့အတွက် အပြစ်ဒဏ်ကို အလျင်အမြန် ပေးတော်မူခဲ့မည် ဖြစ်၏။ သို့သော် အရှင်မြတ်သည် ခန္တီတရားတော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ အပြစ်ဒဏ်ပေးရာတွင် အလျင်စလို မပြုတော်မူပေ။ သူတို့သည် နောင်တရနိုင်ရန် အခွင့်အလမ်း ပေးတော်မူ၏။
သို့သော် သူတို့အတွက် သတ်မှတ်ထားသော အချိန်ကာလတစ်ခု ရှိ၏။ ထိုအချိန်ကာလသည် သူတို့၏ ကုဖ်ရ်နှင့် မျက်နှာလွှဲမှုအတွက် အစားပေးခံရမည့် အချိန်ဖြစ်သည်။ အကယ်၍ သူတို့ နောင်တမရခဲ့ကြလျှင် ထိုအချိန်ကာလ၌ အပြစ်ဒဏ်ခံကြရမည် ဖြစ်၏။ ထိုအချိန်ကာလသည် ကိယာမသ်နေ့ (ရှင်ပြန်ထမြောက်ရာနေ့) ဖြစ်သည်။
وَرَبُّكَ ٱلۡغَفُورُ ذُو ٱلرَّحۡمَةِۖ لَوۡ يُؤَاخِذُهُم بِمَا كَسَبُواْ لَعَجَّلَ لَهُمُ ٱلۡعَذَابَۚ بَل لَّهُم مَّوۡعِدٌ لَّن يَجِدُواْ مِن دُونِهِۦ مَوۡئِلًا ٥٨
ဧကန်မလွဲ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော် မူပေသည်။အကယ်၍သာ ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ရှာဖွေဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ပြစ်ဒဏ်ကို အစောတလျင် ကျရောက်စေတော်မူခဲ့ပေမည်။သို့ရာတွင် စစ်စစ်မှာမူကား ၎င်းတို့အဖို့ ချိန်းချက်ထားသေအချိန်တစ်ချိန်သည် ရှိနေပေရာ ၎င်းတို့သည် ထိုပြစ်ဒဏ်(ကိုခံစားကြရသည်)မှတစ်ပါး ထွက်ပြေးလွတ်မြောက်ရန် နေရာဌာနတစ်စုံတစ်ခုကိုမျှပင် အလျင်းတွေ့ရှိမည်မဟုတ်ပေတကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 56-60 — စူရာ အလ်-ကဟ်ဖ်
56 وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَ ۚ وَيُجَادِلُ الَّذِينَ كَفَرُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ ۖ وَاتَّخَذُوا آيَاتِي وَمَا أُنذِرُوا هُزُوًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အား သတင်းကောင်းပြောကြားသူများ သတိပေးနှိုးဆော်သူများအဖြစ်သာလျှင် စေလွှတ်တော်မူ၏။ သို့ရာတွင်ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ မှာမူကား မတရားသဖြင့်အငြင်းအခုံပြုကြကုန်၏။ (သို့အငြင်းအခုံပြုကြခြင်းမှာ ၎င်းတို့သည် အငြင်းခုံမှုဖြင့် အမှန်တရားကို ချွတ်ချော်စေအံ့သောငှာ(ဖြစ်ပေသည်)။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ မိမိတို့ သတိပေးနှိုးဆော်ခြင်း ခံကြရသည်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်များပြုလုပ်ခဲ့ကြကုန်၏။
57 وَمَنْ أَظْلَمُ مِمَّن ذُكِّرَ بِآيَاتِ رَبِّهِ فَأَعْرَضَ عَنْهَا وَنَسِيَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَن يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۖ وَإِن تَدْعُهُمْ إِلَى الْهُدَىٰ فَلَن يَهْتَدُوا إِذًا أَبَدًا
အမှန်စင်စစ်သော်ကား အကြင်သူထက် မတရား သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြင့် ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ထိုသူသည် ယင်းသက်သေလက္ခဏာတော်များမှမျက်နှာလွှဲခဲ့လေသည်။ ၎င်းပြင်ထိုသူသည် ၎င်း၏လက်နှစ်ဖက်က ကြိုတင်ပို့နှင့်ပြီးဖြစ် သည့်(ပြစ်မှုဒုစရိုက်)များကိုလည်း မေ့ပျောက်ခဲ့ပေသည်။ ဧကန်စင်စစ်ငါအရှင်မြတ်သည် ထို (ကဲ့သို့သော)သူတို့၏ စိတ်နှလုံးများပေါ်ဝယ်ထိုသူတို့သည်ယင်း(အမှန်တရား)ကို နားမလည်နိုင်ကြရန် အဖုံးအအုပ်များကိုလည်းကောင်း၊ ထိုသူတို့၏ နားပင်းမှုကို လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အကယ်၍အသင်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ဖိတ်ခေါ် ငြားသော်လည်း ၎င်းတို့သည် ဤအခြေအနေတွင် မည်သည့်အခါ၌မျှပင်လမ်းမှန်ကိုအလျင်းရရှိကြမည် မဟုတ်ပေ။
58 وَرَبُّكَ الْغَفُورُ ذُو الرَّحْمَةِ ۖ لَوْ يُؤَاخِذُهُم بِمَا كَسَبُوا لَعَجَّلَ لَهُمُ الْعَذَابَ ۚ بَل لَّهُم مَّوْعِدٌ لَّن يَجِدُوا مِن دُونِهِ مَوْئِلًا
ဧကန်မလွဲ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော် မူပေသည်။အကယ်၍သာ ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ရှာဖွေဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်၌ပြစ်ဒဏ်ကို အစောတလျင် ကျရောက်စေတော်မူခဲ့ပေမည်။သို့ရာတွင် စစ်စစ်မှာမူကား ၎င်းတို့အဖို့ ချိန်းချက်ထားသေအချိန်တစ်ချိန်သည် ရှိနေပေရာ ၎င်းတို့သည် ထိုပြစ်ဒဏ်(ကိုခံစားကြရသည်)မှတစ်ပါး ထွက်ပြေးလွတ်မြောက်ရန် နေရာဌာနတစ်စုံတစ်ခုကိုမျှပင် အလျင်းတွေ့ရှိမည်မဟုတ်ပေတကား။
59 وَتِلْكَ الْقُرَىٰ أَهْلَكْنَاهُمْ لَمَّا ظَلَمُوا وَجَعَلْنَا لِمَهْلِكِهِم مَّوْعِدًا
စင်စစ် ဤသည်(တို့သည်)အကြင်မြို့(သူ) ရွာ(သား)များပင်။ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီး တော်မူခဲ့၏။ အမှန်သော်ကားငါအရှင်မြတ်သည် ၎င်းတို့ပျက်စီးကြရန်အလို့ငှာ ချိန်းချက်ထားသောကာလတစ်ခုကို ပြုလုပ်သတ်မှတ်တော်မူခဲ့ပေသတည်း။
60 وَإِذْ قَالَ مُوسَىٰ لِفَتَاهُ لَا أَبْرَحُ حَتَّىٰ أَبْلُغَ مَجْمَعَ الْبَحْرَيْنِ أَوْ أَمْضِيَ حُقُبًا
၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)မူစာသည် မိမိနောက်ပါတပည့်အား ငါသည် မြစ်နှစ်သွယ်ဆုံရာသို့ ရောက်ရှိသည့်တိုင်အောင် မရပ်မနားသွားပေမည်။ သို့တည်းမဟုတ်ငါသည် နှစ်ရှည်လများ သွား၍ပင်နေမည်ဟု ပြောကြားခဲ့လေသည်။
ဘာသာပြန် — အလ်-ကဟ်ဖ် 58 စူရာ အလ်-ကဟ်ဖ် အာယာသ် 58 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ အသင်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ ကရုဏာတော်ရှင်ဖြစ်တော် မူပေသည်။အကယ်၍သာ ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့…
စူရာ အာယာသ် 58/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 56–60. မြန်မာဘာသာ: ภาษาไทย.