အလ်-ဗကရ · 194/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
الشَّهْرُ الْحَرَامُ بِالشَّهْرِ الْحَرَامِ وَالْحُرُمَاتُ قِصَاصٌ ۚ فَمَنِ اعْتَدَىٰ عَلَيْكُمْ فَاعْتَدُوا عَلَيْهِ بِمِثْلِ مَا اعْتَدَىٰ عَلَيْكُمْ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ ۝١٩٤
Ash Shahrul Haraamu bish Shahril Haraami wal hurumaatu qisaas; famani`tadaa `alaikum fa`tadoo `alaihi bimsisli ma`tadaa `alaikum; wattaqul laaha wa`lamooo annal laaha ma`al muttaqeen
📖 မြန်မာဘာသာ
ထူးမြတ်သော လ(ကိုလေးစားခြင်း) သည် ထူးခြားသော လ(ကိုလေးစားခြင်း)အပေါ်၌ တည်ရှိ ပေသည်။ ထိန်းသိမ်းစောင့်ရှောက် ရိုသေမြတ်နိုးအပ်သောအရာများ သည် အပြန်အလှန်တုံ့ပြန်အပ်သော အရာများသာ ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူသည် (ထူးမြတ်သောလကို မလေးစားဘဲလျက်) အသင်တို့ကို စတင်ကျူးကျော်စော်ကားပါမူ ထိုသူက အသင်တို့ကို ကျူးကျော်စော်ကားသကဲ့သို့ အသင်တို့သည်လည်း ထိုသူအားတုံ့ပြန်၍ လက်စားချေကြကုန်လော့။ သို့ရာတွင် အသင်တို့သည် အမြဲမပြတ် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်။ ၎င်းပြင် အသင်တို့သိထားကြကုန်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအား) ကြောက်ရွံ့ ရိုသေ ခန့်ညားသောသူများနှင့်အတူရှိ တော်မူသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 192-196 — စူရာ အလ်-ဗကရ

192فَإِنِ انتَهَوْا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့သော် အကယ်၍သာ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သွေဖည်ခြင်း၊ မုစ်လင်မ် တို့အားညှဉ်းဆဲခြင်းနှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းတို့ကို) ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့ကို)အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တဝါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။
193وَقَاتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ الدِّينُ لِلَّهِ ۖ فَإِنِ انتَهَوْا فَلَا عُدْوَانَ إِلَّا عَلَى الظَّالِمِينَ
ထို့အပြင်တဝအသင်တို့သည် သာသနာရေးညှဉ်း ပန်းမှု လုံးဝပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ် အဖို့သာ ဖြစ်သွားသည့် တိုင်အောင် (ဝါ) (အလ္လာဟ်အရှင်မြတ် ၏အမိန့် တော်ကိုသာလျှင် လိုက်နာလာ ကြသည့်တိုင်အောင်) ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာ တွင် အကယ်စင်စစ် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို ရပ်စဲကြပါမူ၊ ကျူးလွန်နှိပ်စက် ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့၏အပေါ်ဝယ် မည်သို့မျှ ကျူးကျော်စော်ကား(တုံ့ပြန်သတ်ဖြတ်)ရန် အကြောင်းမရှိပေ။
194الشَّهْرُ الْحَرَامُ بِالشَّهْرِ الْحَرَامِ وَالْحُرُمَاتُ قِصَاصٌ ۚ فَمَنِ اعْتَدَىٰ عَلَيْكُمْ فَاعْتَدُوا عَلَيْهِ بِمِثْلِ مَا اعْتَدَىٰ عَلَيْكُمْ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ
ထူးမြတ်သော လ(ကိုလေးစားခြင်း) သည် ထူးခြားသော လ(ကိုလေးစားခြင်း)အပေါ်၌ တည်ရှိ ပေသည်။ ထိန်းသိမ်းစောင့်ရှောက် ရိုသေမြတ်နိုးအပ်သောအရာများ သည် အပြန်အလှန်တုံ့ပြန်အပ်သော အရာများသာ ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူသည် (ထူးမြတ်သောလကို မလေးစားဘဲလျက်) အသင်တို့ကို စတင်ကျူးကျော်စော်ကားပါမူ ထိုသူက အသင်တို့ကို ကျူးကျော်စော်ကားသကဲ့သို့ အသင်တို့သည်လည်း ထိုသူအားတုံ့ပြန်၍ လက်စားချေကြကုန်လော့။ သို့ရာတွင် အသင်တို့သည် အမြဲမပြတ် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်။ ၎င်းပြင် အသင်တို့သိထားကြကုန်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအား) ကြောက်ရွံ့ ရိုသေ ခန့်ညားသောသူများနှင့်အတူရှိ တော်မူသည်။
195وَأَنفِقُوا فِي سَبِيلِ اللَّهِ وَلَا تُلْقُوا بِأَيْدِيكُمْ إِلَى التَّهْلُكَةِ ۛ وَأَحْسِنُوا ۛ إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ
ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏ ဥစ္စာ ပစ္စည်းများကို) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်း ပေးကမ်း စွန့်ကြဲကြလေကုန်။ အသင်တို့သည် (မိမိတို့ကိုယ်ကို) မိမိတို့လက်များဖြင့် ပျက်စီးရာ ပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် ကုသိုလ်တရား ပွါးများရာ ပွါးများကြောင်းကိုသာ ပြုလုပ်ကြကုန်။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကုသိုလ်တရား ပွါးများသူတို့ကို နှစ်သက် တော်မူသည်။
196وَأَتِمُّوا الْحَجَّ وَالْعُمْرَةَ لِلَّهِ ۚ فَإِنْ أُحْصِرْتُمْ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۖ وَلَا تَحْلِقُوا رُءُوسَكُمْ حَتَّىٰ يَبْلُغَ الْهَدْيُ مَحِلَّهُ ۚ فَمَن كَانَ مِنكُم مَّرِيضًا أَوْ بِهِ أَذًى مِّن رَّأْسِهِ فَفِدْيَةٌ مِّن صِيَامٍ أَوْ صَدَقَةٍ أَوْ نُسُكٍ ۚ فَإِذَا أَمِنتُمْ فَمَن تَمَتَّعَ بِالْعُمْرَةِ إِلَى الْحَجِّ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۚ فَمَن لَّمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ فِي الْحَجِّ وَسَبْعَةٍ إِذَا رَجَعْتُمْ ۗ تِلْكَ عَشَرَةٌ كَامِلَةٌ ۗ ذَٰلِكَ لِمَن لَّمْ يَكُنْ أَهْلُهُ حَاضِرِي الْمَسْجِدِ الْحَرَامِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
ထိုမှတပါး အသင်တို့သည် ဟဂျ် နှင့် အုမ်ရဟ် ကို အလ္လာဟ်အရှင်ကိုသာလျှင် ရည်စူး၍ ပြည့်စုံပြီးစီးအောင် ပြုကြလေကုန်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် (အကြောင်းတစ်စုံတစ်ခုကြောင့် မက္ကာမြို့တော်သို့) မရောက် နိုင်ကြပါမူ ကုရ်ဗာနီသားကောင်များအနက်မှ လွယ်လင့်တကူ ရရှိသော သားကောင်ကိုပင် (အလ္လာဟ် အရှင်မြတ်၏နာမံ တော်နှင့် ကုရ်ဗာန် ပြုကြကုန်လော့)။ ထို့ပြင်တဝ ကုရ်ဗာနီ သားကောင်သည် မိမိ၏ရောက်သင့်ရာစခန်းဖြစ်သော (မိနာ) သို့ မရောက်မီ ကာလအတွင်း အသင်တို့သည် မိမိ��ို့ ဦးခေါင်းများကို မရိတ်ကြနှင့်။ သို့ရာတွင် အသင် တို့အနက်မှ တစ်ဦး တစ်ယောက်သည် နာမကျန်း ဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ထိုသူ၏ဦးခေါင်း၌ တစ်စုံတစ်ခုသော အနာရောဂါ စွဲကပ်ခဲ့ သော် ထိုသူသည် ဥပုသ်သီတင်း ဆောက်တည်ခြင်းအားဖြင့် သော်လည်းကောင်း၊ (သူဆင်းရဲတို့အားစားသောက် ဘွယ်ရာ များကို) ပေးလှူခြင်းအားဖြင့်သော်လည်းကောင်း၊ (သား ကောင်ကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်) လှီးဖြတ်ခြင်း အားဖြင့်သော် လည်းကောင်း အစားပေးကြရမည်။ တစ်ဖန် အသင်တို့သည် ဘေးရန်ခပ်သိမ်းကင်း ငြိမ်း၍ စိတ်အေးချမ်းသာ ရှိကြသောအခါ အုမ်ရဟ်ကို ဟဂျ်နှင့် တွဲ၍ အကျိုးခံစားသူသည်လည်း မိမိ တတ်စွမ်းနိုင်သော ကုရ်ဗာနီသားကောင်(ကိုအလ္လာဟ် အရှင်မြတ်၏နာမံတော်နှင့် လှီးဖြတ်ရပေမည်)။ သို့သော် ကုရ်ဗာနီသားကောင် မရရှိ သောသူသည် ဟဂျ်ရက်များအတွင်းတွင် သုံးရက်၊ (ဟဂျ်ပြုပြီး မိမိတို့မြို့ရွာများသို့) ပြန်လည်ရောက်ရှိသောအခါ ခုနစ်ရက် ဥပုသ်သီလ ဆောက်တည်ရမည်။ ဤသည် (သုံးရက်နှင့် ခုနစ် ရက်ပေါင်း) ဆယ်ရက်တိတိဖြစ်၏။ ထို(ကဲ့သို့ အုမ်ရဟ်နှင့် ဟဂျ် ကို ပေါင်းစပ်၍ပြုရန်) အမိန့်တော်သည် ရိုသေကိုင်းညွှတ် ထိုက်သော (ကအ်ဗဟ်) ဗလီကျောင်းတော်၏ အနီးအပါး [(ဝါ) မက္ကဟ်မြို့တော်] ၌ အိမ်ထောင်သားစုမရှိသော (အရပ်တစ်ပါးမှ လာကြကုန်သော) သူတို့အဖို့သာတည်း။ ထို့ပြင်တဝ အသင်တို့ သည် (ဤအမိန့်တော် ရပ်များကို လိုက်နာ ကျင့်မူကြရာ၌) အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကာ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်လော့။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည်(ပြစ်မှုကျူးလွန်သူတို့အား) ပြင်းပြစွာ အပြစ်ဒဏ်ပေးတော်မူမည့်အရှင် ဖြစ်တော် မူသည်ကို သင်တို့မှတ်ယူကြကုန်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
194အာယာသ်

ဘာသာပြန် — အလ်-ဗကရ 194

စူရာ အလ်-ဗကရ အာယာသ် 194 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထူးမြတ်သော လ(ကိုလေးစားခြင်း) သည် ထူးခြားသော လ(ကိုလေးစားခြင်း)အပေါ်၌ တည်ရှိ ပေသည်။ ထိန်းသိမ်းစောင့်ရှောက် ရိုသေမြတ်နိုးအပ်သောအရာများ သည်…

စူရာ အာယာသ် 194/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 192–196. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers