အလ်-ဗကရ · 202/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
أُولَٰئِكَ لَهُمْ نَصِيبٌ مِّمَّا كَسَبُوا ۚ وَاللَّهُ سَرِيعُ الْحِسَابِ ۝٢٠٢
Ulaaa`ika lahum naseebum mimmaa kasaboo; wal laahu saree`ul hisaab
📖 မြန်မာဘာသာ
(နှစ်ဘဝ၏ သုခချမ်းသာများကို ဆုတောင်း ပတ္ထနာပြုကြသော) ဤသူများသည် နှစ်ဘဝလုံး၌ပင် မိမိတို့ပြု ကျင့်ခဲ့ကြသော အကျင့်သီလတို့၏ ကုသိုလ်အကျိုးများကို ရရှိကြမည့်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ဆောလျင်စွာ စစ်ဆေး မေးမြန်းတော်မူမည့်အရှင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 200-204 — စူရာ အလ်-ဗကရ

200فَإِذَا قَضَيْتُم مَّنَاسِكَكُمْ فَاذْكُرُوا اللَّهَ كَذِكْرِكُمْ آبَاءَكُمْ أَوْ أَشَدَّ ذِكْرًا ۗ فَمِنَ النَّاسِ مَن يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا وَمَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ
ထို့နောက် အသင်တို့သည် (ဟဂျ်နှင့် သက်ဆိုင် သော) မိမိတို့၏ ကျင့်စဉ်ကျင့်ရပ်များကို ဆောင်ရွက်ပြီးကြ သောအခါ၌ (အတိတ်ခေတ်များတွင်) မိမိတို့၏ဘိုးဘေးများကို တ သ ခြင်း ပြုကြသကဲ့သို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား တ သ ကြကုန်။ ဤမျှမက (မိမိတို့၏ဘိုးဘေးများကို တ သ ခြင်းပြုကြသည်ထက်ပင်) ပိုမို၍ (အလ္လာဟ်အရှင်မြတ် အား) အောက်မေ့ တ သကြကုန်။ သို့သော် လူသားတို့အနက် အချို့သည် (အလ္လာဟ်အရှင်မြတ် ထံတော်၌) အို-ကျွန်တော် မျိုးတို့အား မွေးမြူတော်မူ သောရှင်၊ ကျွန်တော်မျိုးတို့အား (ပေးလိုတော်မူသောကောင်းကျိုးများကို) ဤဘဝ၌ပင် (လော လောဆယ်) ပေးသနားတော်မူပါဟူ၍ ဆုပန်ကြကုန်၏။ သို့ဖြစ် ရာ ထိုကဲ့သို့ ဆုပန်သောသူများအဖို့ နောင်တမလွန် ဘဝတွင် (အကျိုးခံစားရန်)တစ်စုံတစ်ရာ ဝေစုဝေပုံရှိမည်မဟုတ်ပေ။
201وَمِنْهُم مَّن يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ
ထို့ပြင်တဝ ယင်းတို့အနက်မှပင် အချို့သော ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်နှင့် တမလွန်ဘဝ နှစ်ဌာနလုံး ၏သုခ ချမ်းသာများကို ရှေးရှုကာ) အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ (နှစ်ဘဝ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။
202أُولَٰئِكَ لَهُمْ نَصِيبٌ مِّمَّا كَسَبُوا ۚ وَاللَّهُ سَرِيعُ الْحِسَابِ
(နှစ်ဘဝ၏ သုခချမ်းသာများကို ဆုတောင်း ပတ္ထနာပြုကြသော) ဤသူများသည် နှစ်ဘဝလုံး၌ပင် မိမိတို့ပြု ကျင့်ခဲ့ကြသော အကျင့်သီလတို့၏ ကုသိုလ်အကျိုးများကို ရရှိကြမည့်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ဆောလျင်စွာ စစ်ဆေး မေးမြန်းတော်မူမည့်အရှင် ဖြစ်တော်မူ၏။
203۞ وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَّعْدُودَاتٍ ۚ فَمَن تَعَجَّلَ فِي يَوْمَيْنِ فَلَا إِثْمَ عَلَيْهِ وَمَن تَأَخَّرَ فَلَا إِثْمَ عَلَيْهِ ۚ لِمَنِ اتَّقَىٰ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ إِلَيْهِ تُحْشَرُونَ
ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော ပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်းစွာ) သိထားကြကုန်။
204وَمِنَ النَّاسِ مَن يُعْجِبُكَ قَوْلُهُ فِي الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللَّهَ عَلَىٰ مَا فِي قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ
ထို့ပြင်တဝ၊ လူတို့အနက်အချို့ ဤသို့လည်း ရှိ၏။ လောကီရေးနှင့်စပ်လျဉ်း၍ ထိုသူ၏(ဖွဲ့နွဲ့) ပြောဆိုသော စကားများသည် အသင့်အားနှစ်သိမ့်စေ၏။ ဤမျှမကသေး၊ ထိုသူသည် မိမိ၏စိတ်တွင်းရှိ စကားများ(မှန်ကန်ကြောင်း) နှင့်စပ်လျဉ်း၍ အလ္လာဟ် အရှင်မြတ်ကိုပင် သက်သေထား၏။ အမှန်သော်ကား ထိုသူသည် ရန်သူများအနက် ပိုမိုလွန်ကဲသော ရန်သူကြီးပင် ဖြစ်ပေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
202အာယာသ်

ဘာသာပြန် — အလ်-ဗကရ 202

စူရာ အလ်-ဗကရ အာယာသ် 202 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (နှစ်ဘဝ၏ သုခချမ်းသာများကို ဆုတောင်း ပတ္ထနာပြုကြသော) ဤသူများသည် နှစ်ဘဝလုံး၌ပင် မိမိတို့ပြု ကျင့်ခဲ့ကြသော အကျင့်သီလတို့၏ ကုသိုလ်အကျိုးများကို…

စူရာ အာယာသ် 202/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 200–204. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers