အလ်-ဖူရ်ကာန် · 18/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
قَالُوا سُبْحَانَكَ مَا كَانَ يَنبَغِي لَنَا أَن نَّتَّخِذَ مِن دُونِكَ مِنْ أَوْلِيَاءَ وَلَٰكِن مَّتَّعْتَهُمْ وَآبَاءَهُمْ حَتَّىٰ نَسُوا الذِّكْرَ وَكَانُوا قَوْمًا بُورًا ۝١٨
Qaaloo Subhaanaka maa kaana yambaghee lanaaa an nattakhiza min doonika min awliyaaa`a wa laakim matta`tahum wa aabaaa`ahum hattaa nasuz zikra wa kaanoo qawmam booraa
📖 မြန်မာဘာသာ
(ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မတ္တဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • سُبْحَانَكَ (စုဗ်ဟာနက): အို ကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၊ ကိုယ်တော်သည် ချို့ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူပါ၏။ ကိုယ်တော်နှင့် တွဲဖက်ကိုးကွယ်ရာ ရှိသည်ဟူသော အယူအဆမှ ကိုယ်တော် လုံးဝ ကင်းစင်တော်မူပါ၏။
  • يَنبَغِي (ယမ်ဗဂီ): သင့်လျော်သည်၊ ဖြစ်သင့်သည်၊ ဖြစ်ထိုက်သည်။
  • أَوْلِيَاءَ (အောင်လိယာအ်): မိတ်ဆွေများ၊ ကာကွယ်စောင့်ရှောက်သူများ၊ ချစ်ခင်ယုံကြည်စွာ မှီခိုအားထားရာများ။
  • مَتَّعْتَهُمْ (မတ္တအ်သာဟွမ်): သူတို့အား လောကီအကျိုးခံစားခွင့်များ၊ စည်းစိမ်ဥစ္စာများ ပေးအပ်ခံစားစေတော်မူခဲ့သည်။
  • نَسُوا الذِّكْرَ (နစုဝွသ်ဇိကရ်): သူတို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတမ်းတခြင်း၊ ကိုယ်တော်ကို အောက်မေ့ခြင်းကို လျစ်လျူရှုမေ့လျော့ခဲ့ကြသည်။
  • بُورًا (ဗူရော်): ပျက်စီးဆုံးရှုံးသူများ၊ အကျိုးမဲ့သူများ၊ ဘေးဆိုးကြီးစွာ ခံစားရသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိအပြင် အခြားသူများကို ကိုးကွယ်ခဲ့ကြသော သူတို့အား “သင်တို့က ငါ့အပြင် ဤသူတို့ကို ကိုးကွယ်ခဲ့ကြသလော” ဟု မေးမြန်းတော်မူသောအခါ ကိုးကွယ်ခံခဲ့ရသူများ (တမန်တော်များ၊ ကောင်းကင်တမန်များ၊ သန့်ရှင်းသူများ) က ဤသို့ ဖြေကြားသည့်အကြောင်းကို ဖော်ပြထားခြင်း ဖြစ်သည်။

သူတို့က “အို ကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၊ ကိုယ်တော်သည် ချို့ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူပါ၏။ ကိုယ်တော်နှင့် တွဲဖက်ကိုးကွယ်ရာ ရှိသည်ဟူသော အယူအဆမှ ကိုယ်တော် လုံးဝ ကင်းစင်တော်မူပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို စွန့်၍ အခြားသူများကို မိတ်ဆွေများ၊ ကာကွယ်စောင့်ရှောက်သူများအဖြစ် သတ်မှတ်ရန် မသင့်လျော်ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကျေးကျွန်များသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့က သူတို့အား ကျွန်ုပ်တို့ကို ကိုးကွယ်ရန် ဖိတ်ခေါ်ခဲ့ခြင်း မရှိပါ။ သို့သော် ကိုယ်တော်သည် ဤမုရှ်ရိက်များကိုလည်းကောင်း၊ သူတို့၏ ဘိုးဘေးများကိုလည်းကောင်း လောကီဘဝတွင် စည်းစိမ်ဥစ္စာ၊ ကျန်းမာရေး၊ သားသမီးများ အစရှိသော ကျေးဇူးတော်များဖြင့် ခံစားစ



📜 အာယာသ် 16-20 — စူရာ အလ်-ဖူရ်ကာန်

16لَّهُمْ فِيهَا مَا يَشَاءُونَ خَالِدِينَ ۚ كَانَ عَلَىٰ رَبِّكَ وَعْدًا مَّسْئُولًا
၎င်းတို့သည် ယင်း"ဂျန္နတ်" သုခတွင် မိမိတို့ အလိုရှိကြသည်များကို ရရှိကြပေမည်။ ၎င်းတို့သည် ယင်း(ဂျန္နတ် သုခ) ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းသူများ ဖြစ်ကြပေမည်။ (ဤသည်) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ (ကျေးဇူးတော် အလျောက်) လျှောက်ထားအပ်သော ကတိပင် ဖြစ်ပေသတည်း။
17وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِن دُونِ اللَّهِ فَيَقُولُ أَأَنتُمْ أَضْلَلْتُمْ عِبَادِي هَٰؤُلَاءِ أَمْ هُمْ ضَلُّوا السَّبِيلَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ထိုသူတို့သူတို့ အားလည်းကောင်း၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် �ိုးကွယ်ကြသောသူတို့အား လည်းကောင်း၊ စုရုံးတော်မူပြီးလျှင် "အသင်တို့သည်ပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် လမ်းလွဲခဲ့ကြလေသလော"ဟု မေးမြန်း တော်မူပေမည်။
18قَالُوا سُبْحَانَكَ مَا كَانَ يَنبَغِي لَنَا أَن نَّتَّخِذَ مِن دُونِكَ مِنْ أَوْلِيَاءَ وَلَٰكِن مَّتَّعْتَهُمْ وَآبَاءَهُمْ حَتَّىٰ نَسُوا الذِّكْرَ وَكَانُوا قَوْمًا بُورًا
(ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။
19فَقَدْ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًا وَلَا نَصْرًا ۚ وَمَن يَظْلِم مِّنكُمْ نُذِقْهُ عَذَابًا كَبِيرًا
ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။
20وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
18အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 18

စူရာ အလ်-ဖူရ်ကာန် အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့်…

စူရာ အာယာသ် 18/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers