အန်-နမ်လ် · 62/93
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နမ်လ်
أَمَّن يُجِيبُ الْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ السُّوءَ وَيَجْعَلُكُمْ خُلَفَاءَ الْأَرْضِ ۗ أَإِلَٰهٌ مَّعَ اللَّهِ ۚ قَلِيلًا مَّا تَذَكَّرُونَ ۝٦٢
Ammany-yujeebul mud tarra izaa da`aahu wa yakshifussooo`a wa yaj`alukum khula faaa`al ardi `a-ilaahum ma`al laahi qaleelam maa tazak karoon
📖 မြန်မာဘာသာ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍ ထူးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ဘေးဒုက္ခကိုလည်း ဖယ်ရှားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေ၌ အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်မျှသာလျှင် စဉ်းစားကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • الْمُضْطَرَّ (အလ်မုဒ္ဒရ်): ဒုက္ခဆင်းရဲဘေးအန္တရာယ် ကြုံတွေ့နေရသူ၊ ခက်ခဲကျပ်တည်းမှုထဲ ရောက်နေရသူ၊ မိမိအခြေအနေကို ဖြေလျှော့ပေးမည့်သူမရှိဘဲ အလ္လာဟ်အရှင်မြတ်ထံသာ လုံးလုံးလျားလျား မှီခိုအားထားရသူ။
  • دَعَاهُ (ဒါအဟု): သူသည် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပန်ကြားခဲ့သောအခါ။
  • يَكْشِفُ السُّوءَ (ယက်ရှ်ဖုစ်ဆူအ): ရောဂါ၊ ဆင်းရဲမွဲတေမှု၊ ဘေးအန္တရာယ် စသည့် ဒုက္ခဆင်းရဲမှုများကို ဖယ်ရှားပေးတော်မူသည်။
  • خُلَفَاءَ الْأَرْضِ (ခုလဖာအုလ်အရ်ဒ်): မြေကြီးပေါ်တွင် မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်ခံနေထိုင်သူများ၊ ယခင်လူမျိုးများ ကွယ်လွန်ပြီးနောက် ၎င်းတို့နေရာတွင် အစားထိုးနေထိုင်ရသူများ။
  • أَإِلَٰهٌ مَّعَ اللَّهِ (အာအိလာဟွန် မာအလ္လာဟ်): အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာ နတ်ဘုရားတစ်ပါး ရှိသေးသလော။
  • قَلِيلًا مَّا تَذَكَّرُونَ (ကလီလန် မာ တက်ဇက်ကရူန): သင်တို့သည် အလွန်နည်းပါးစွာသာ သတိရတရားရကြသည်၊ အမှန်မှာ သတိရတရားရခြင်း မရှိသလောက်ပင်ဖြစ်သည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က မိစ္ဆာကောင်များအား စိန်ခေါ်မေးခွန်းထုတ်တော်မူခြင်း ဖြစ်သည်။ အရှင်မြတ်က မေးမြန်းတော်မူသည်မှာ — သင်တို့ ကိုးကွယ်နေကြသော ရုပ်တုများနှင့် အခြားကိုးကွယ်ရာများသည် ပို၍ကောင်းသလော၊ သို့မဟုတ် ဒုက္ခရောက်နေသူ ကျပ်တည်းနေသူတစ်ဦးက မိမိအား ကယ်တင်ပေးပါရန် အလ္လာဟ်အရှင်မြတ်ထံ လုံးလုံးလျားလျား မှီခိုဆုတောင်းသောအခါ သူ့ဆုတောင်းကို လက်ခံဖြေကြားပေးတော်မူသောအရှင်၊ သူ့ထံမှ ရောဂါ၊ ဆင်းရဲဒုက္ခ၊ ဘေးအန္တရာယ် စသည့် ဆိုးကျိုးများကို ဖယ်ရှားပေးတော်မူသောအရှင်၊ ထို့ပြင် သင်တို့အား မြေကြီးပေါ်တွင် ယခင်လူမျိုးများ၏ နေရာတွင် ဆက်ခံနေထိုင်သူများ ဖြစ်စေတော်မူသောအရှင်သည် ပို၍ကောင်းသလော။ ဤကဲ့သို့ ကြီးမားသော ဂုဏ်ကျေးဇူးများကို ပေးသနားတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာ နတ်ဘုရားတစ်ပါး ရှိသေးသလော။ သင်တို့သည် အလွန်နည်းပါးစွာသာ သတိရတရားရကြသည်၊ အမှန်စ



📜 အာယာသ် 60-64 — စူရာ အန်-နမ်လ်

60أَمَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنزَلَ لَكُم مِّنَ السَّمَاءِ مَاءً فَأَنبَتْنَا بِهِ حَدَائِقَ ذَاتَ بَهْجَةٍ مَّا كَانَ لَكُمْ أَن تُنبِتُوا شَجَرَهَا ۗ أَإِلَٰهٌ مَّعَ اللَّهِ ۚ بَلْ هُمْ قَوْمٌ يَعْدِلُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း ဖန်ဆင်းတော်ခဲ့၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူခဲ့၏။တစ်ဖန် ငါအရှင်မြတ်သည် ထိုရေဖြင့် စိုပြည်သာယာသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့၏။ အသင်တို့၌မူကား ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်စွမ်း မရှိပြီ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်းမဟုတ်။စင်စစ်မှာကား (၎င်းတို့သည် အမှန်တရားမှ သွေဖည်သူများပင်ဖြစ်ကြကုန်သတည်း။) [(တစ်နည်း) ၎င်းတို့ သည်(အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) ဂုဏ်ရည်တူပြုလုပ်သူများပင် ဖြစ်ကြကုန်သတည်း၊
61أَمَّن جَعَلَ الْأَرْضَ قَرَارًا وَجَعَلَ خِلَالَهَا أَنْهَارًا وَجَعَلَ لَهَا رَوَاسِيَ وَجَعَلَ بَيْنَ الْبَحْرَيْنِ حَاجِزًا ۗ أَإِلَٰهٌ مَّعَ اللَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် ပထဝီမြေကို မှီတင်းနေထိုင်ရာ ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၏အကြား၌ ရေချောင်းများကို ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုပထဝီမြေ(တည်ငြိမ်စေရန်)အလို့ငှာ တောင်များက(ကျောက်ဆူးများအဖြစ်) ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြစ်နှစ်ခု၏ အကြားဝယ် အတားအဆီးကို ပြုလုပ်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်း မဟုတ်။ စင်စစ်မှာကား ၎င်းတို့အနက် မြောက်မြားစွာသောသူတို့သည် မသိနားမလည်ကြပေ။
62أَمَّن يُجِيبُ الْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ السُّوءَ وَيَجْعَلُكُمْ خُلَفَاءَ الْأَرْضِ ۗ أَإِلَٰهٌ مَّعَ اللَّهِ ۚ قَلِيلًا مَّا تَذَكَّرُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍ ထူးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ဘေးဒုက္ခကိုလည်း ဖယ်ရှားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေ၌ အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်မျှသာလျှင် စဉ်းစားကြကုန်သတည်း။
63أَمَّن يَهْدِيكُمْ فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ وَمَن يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۗ أَإِلَٰهٌ مَّعَ اللَّهِ ۚ تَعَالَى اللَّهُ عَمَّا يُشْرِكُونَ
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏ အမှောင်ထုများ၌ လမ်းညွှန်တော်မူ၏။ ထိုမှတပါး အကြင်အရှင်မြတ်သည် မိမိကရုဏာတည်းဟူသော မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ် စေလွှတ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည်ကား ၎င်းတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည်များထက် (အတိုင်းမရှိ) မြင့်မြတ်တော်မူဘိသတည်း။
64أَمَّن يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَمَن يَرْزُقُكُم مِّنَ السَّمَاءِ وَالْأَرْضِ ۗ أَإِلَٰهٌ مَّعَ اللَّهِ ۚ قُلْ هَاتُوا بُرْهَانَكُمْ إِن كُنتُمْ صَادِقِينَ
(ဤရုပ်တုများမြင့်မြတ်သလော၊) သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော၊) ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို (ပထမအကြိမ်)စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို တစ်ဖန်ထပ်မံ၍ ဖန်ဆင်းတော်မူပေသည်။ ထို့ပြင် အကြင်အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် နှင့်အတူ (အခြား)ဆည်း ကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် (ဤသည်နှင့်စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓကကို ယူဆောင်လာခဲ့ကြလေကုန်။
အန်-နမ်လ်ကုရ်အာန် ညွှန်းကိန်း
93အာယာသ်
MeccanRevelation
62အာယာသ်

ဘာသာပြန် — အန်-နမ်လ် 62

စူရာ အန်-နမ်လ် အာယာသ် 62 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍…

စူရာ အာယာသ် 62/93 — စူရာ အန်-နမ်လ် النمل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နမ်လ် နားထောင်, စူရာ အန်-နမ်လ် ဘာသာပြန်, စူရာ အန်-နမ်လ် mp3, စူရာ အန်-နမ်လ် pdf. အာယာသ် 60–64. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers