အလ်-အန်ကာဘူတ် · 23/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ وَلِقَائِهِ أُولَٰئِكَ يَئِسُوا مِن رَّحْمَتِي وَأُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ ۝٢٣
Wallazeena kafaroo bi Aayaatil laahi wa liqaaa`iheee ulaaa`ika ya`isoo mir rahmatee wa ulaaa`ika lahum `azaabun aleem
📖 မြန်မာဘာသာ
သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့် တွေ့ဆုံခြင်းကိုလည်းကောင်း ငြင်းပယ်ခဲ့ကြသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်အားထားခြင်း ကင်းမဲ့ကြပေမည်။ ၎င်းပြင် ထိုသူတို့၌သာလျှင် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် သက်ရောက်အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 21-25 — စူရာ အလ်-အန်ကာဘူတ်

21يُعَذِّبُ مَن يَشَاءُ وَيَرْحَمُ مَن يَشَاءُ ۖ وَإِلَيْهِ تُقْلَبُونَ
ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား ပြစ်ဒဏ်ပေးတော်မူမည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား သနားကြင်နာတော်မူပေမည်။ ၎င်းပြင် အသင်တို့အားလုံးသည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်သွားကြရပေမည်။
22وَمَا أَنتُم بِمُعْجِزِينَ فِي الْأَرْضِ وَلَا فِي السَّمَاءِ ۖ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
စင်စစ်သော်ကား အသင်တို့သည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်က မိမိတို့အား ပြစ်ဒဏ် ပေးတော်မူခြင်းကို) မစွမ်းဆောင်နိုင်လေအောင် ပြုနိုင်ကြသည် မဟုတ်ပေ။ မိုးကောင်းကင်၌လည်း ပြုနိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ပေးမည့်သူဟူ၍လည်းကောင်း၊ ကူညီစောင်မ မည့်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။
23وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ وَلِقَائِهِ أُولَٰئِكَ يَئِسُوا مِن رَّحْمَتِي وَأُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ
သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့် တွေ့ဆုံခြင်းကိုလည်းကောင်း ငြင်းပယ်ခဲ့ကြသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်အားထားခြင်း ကင်းမဲ့ကြပေမည်။ ၎င်းပြင် ထိုသူတို့၌သာလျှင် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် သက်ရောက်အံ့သတည်း။
24فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا اقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَاهُ اللَّهُ مِنَ النَّارِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ အဖြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား မီးမှ ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်အမှန် ဤသည့်(ဖြစ်ရပ်)၌ သက်ဝင်ယုံကြည်ကုန်သော အမျိုးသားတို့အဖို့ သက်သေသာဓကများရှိပေသည်။
25وَقَالَ إِنَّمَا اتَّخَذْتُم مِّن دُونِ اللَّهِ أَوْثَانًا مَّوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ۖ ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُم بِبَعْضٍ وَيَلْعَنُ بَعْضُكُم بَعْضًا وَمَأْوَاكُمُ النَّارُ وَمَا لَكُم مِّن نَّاصِرِينَ
၎င်းပြင် ထိုအီဗ်ရာဟီမ်က(မိမိ၏အမျိုးသားတို့အား)ပြောကြားခဲ့သေး၏။ အသင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ မိမိတို့အချင်းချင်း မေတ္တာ ရှိကြသောကြောင့်သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ရုပ်တုများကို ရွေးချယ်ပြုလုပ်ကြခြင်း ဖြစ်ပေသည်။ ထို့နောက် ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့ တွင်မူကား၊ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ အချင်းချင်း အချို့ကအချို့ကို ကျိန်ဆဲကြပေမည်။ ၎င်းပြင် ငရဲသည် အသင်တို့၏ ခိုလှုံရာဌာန ဖြစ်မည်။ထိုမှတစ်ပါး အသင်တို့အဖို့ ကူညီစောင်မအံ့သော သူများဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေတကား။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
23အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 23

စူရာ အလ်-အန်ကာဘူတ် အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့် တွေ့ဆုံခြင်းကိုလည်းကောင်း ငြင်းပယ်ခဲ့ကြသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်အားထားခြင်း…

စူရာ အာယာသ် 23/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers