فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا اقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَاهُ اللَّهُ مِنَ النَّارِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ ٢٤
🔤 Transliteration
Famaa kaana jawaaba qawmiheee illaaa an qaaluqtuloohu aw harriqoohu faanjaahul laahu minan naar; inna fee zaalika la Aayaatil laqawminy yu`minoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ အဖြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား မီးမှ ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်အမှန် ဤသည့်(ဖြစ်ရပ်)၌ သက်ဝင်ယုံကြည်ကုန်သော အမျိုးသားတို့အဖို့ သက်သေသာဓကများရှိပေသည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ် جَوَاب (ဂျဝါဗ်) — ပြန်ကြားချက်၊ တုံ့ပြန်မှု။اقْتُلُوهُ (အိပ်သလူဟူ) — သူ့ကို သတ်ပစ်ကြပါ။حَرِّقُوهُ (ဟရ်ရိကူဟူ) — သူ့ကို မီးရှို့ပစ်ကြပါ။فَأَنجَاهُ (ဖအန်ဂျာဟူ) — ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူ့ကို ကယ်တင်တော်မူခဲ့သည်။آيَات (အာယာသ်) — သက်သေလက္ခဏာများ၊ သင်ခန်းစာများ။لِقَوْمٍ يُؤْمِنُونَ (လိကောမိန်ယုအ်မီနူန) — ယုံကြည်သူများဖြစ်သော လူမျိုးအတွက်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် မိမိ၏လူမျိုးများကို အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်ရန် ဖိတ်ခေါ်တော်မူခဲ့သည်။ သို့သော် သူတို့သည် ထိုဖိတ်ခေါ်မှုကို လက်ခံခြင်းမပြုဘဲ ရုပ်တုများကို ဆက်လက်ကိုးကွယ်နေခဲ့ကြသည်။ ထိုအခါ သူတို့၏တုံ့ပြန်မှုသည် အလွန်ရက်စက်ကြမ်းတမ်းလှသည်။ သူတို့သည် အချင်းချင်း "သူ့ကို သတ်ပစ်ကြပါ" သို့မဟုတ် "သူ့ကို မီးရှို့ပစ်ကြပါ" ဟု ပြောဆိုကြသည်။ နောက်ဆုံးတွင် သူတို့သည် တမန်တော် အိဗ်ရာဟီမ်ကို မီးပုံထဲသို့ ပစ်ချခဲ့ကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူ့ကို မီးမှ ကယ်တင်တော်မူခဲ့သည်။ အရှင်မြတ်သည် မီးကို အေးမြပြီး ငြိမ်းချမ်းသောအရာအဖြစ် ပြောင်းလဲပေးတော်မူခဲ့သည်။ ဤဖြစ်ရပ်တွင် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် ကယ်တင်တော်မူမှုကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ဤအဖြစ်အပျက်တွင် ယုံကြည်သူများအတွက် များစွာသော သင်ခန်းစာများနှင့် သက်သေလက္ခဏာများ ရှိပေသည်။ အကြောင်းမှာ ယုံကြည်သူများသာလျှင် ဤသင်ခန်းစာများမှ အကျိုးရရှိကြမည်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်များကို အမြဲကယ်တင်တော်မူသည်။ ရန်သူများ၏ အကြံအစည်များသည် မည်မျှပင် ကြီးကျယ်ပြင်းထန်စေကာမူ အရှင်မြတ်၏ အမိန့်တော်ရှေ့တွင် မည်သည့်အရာမျှ မဖြစ်နိုင်ပါ။
၂။ မီးသည် သဘာဝအားဖြင့် လောင်ကျွမ်းစေသော သဘောရှိသော်လည်း အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် အေးမြငြိမ်းချမ်းသော အရာအဖ
فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱقۡتُلُوهُ أَوۡ حَرِّقُوهُ فَأَنجَىٰهُ ٱللَّهُ مِنَ ٱلنَّارِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يُؤۡمِنُونَ ٢٤
ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ အဖြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား မီးမှ ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်အမှန် ဤသည့်(ဖြစ်ရပ်)၌ သက်ဝင်ယုံကြည်ကုန်သော အမျိုးသားတို့အဖို့ သက်သေသာဓကများရှိပေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 22-26 — စူရာ အလ်-အန်ကာဘူတ်
22 وَمَا أَنتُم بِمُعْجِزِينَ فِي الْأَرْضِ وَلَا فِي السَّمَاءِ ۖ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
စင်စစ်သော်ကား အသင်တို့သည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်က မိမိတို့အား ပြစ်ဒဏ် ပေးတော်မူခြင်းကို) မစွမ်းဆောင်နိုင်လေအောင် ပြုနိုင်ကြသည် မဟုတ်ပေ။ မိုးကောင်းကင်၌လည်း ပြုနိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ပေးမည့်သူဟူ၍လည်းကောင်း၊ ကူညီစောင်မ မည့်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။
23 وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ وَلِقَائِهِ أُولَٰئِكَ يَئِسُوا مِن رَّحْمَتِي وَأُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ
သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့် တွေ့ဆုံခြင်းကိုလည်းကောင်း ငြင်းပယ်ခဲ့ကြသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်အားထားခြင်း ကင်းမဲ့ကြပေမည်။ ၎င်းပြင် ထိုသူတို့၌သာလျှင် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် သက်ရောက်အံ့သတည်း။
24 فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا اقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَاهُ اللَّهُ مِنَ النَّارِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ အဖြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား မီးမှ ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်အမှန် ဤသည့်(ဖြစ်ရပ်)၌ သက်ဝင်ယုံကြည်ကုန်သော အမျိုးသားတို့အဖို့ သက်သေသာဓကများရှိပေသည်။
25 وَقَالَ إِنَّمَا اتَّخَذْتُم مِّن دُونِ اللَّهِ أَوْثَانًا مَّوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ۖ ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُم بِبَعْضٍ وَيَلْعَنُ بَعْضُكُم بَعْضًا وَمَأْوَاكُمُ النَّارُ وَمَا لَكُم مِّن نَّاصِرِينَ
၎င်းပြင် ထိုအီဗ်ရာဟီမ်က(မိမိ၏အမျိုးသားတို့အား)ပြောကြားခဲ့သေး၏။ အသင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ မိမိတို့အချင်းချင်း မေတ္တာ ရှိကြသောကြောင့်သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ရုပ်တုများကို ရွေးချယ်ပြုလုပ်ကြခြင်း ဖြစ်ပေသည်။ ထို့နောက် ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့ တွင်မူကား၊ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ အချင်းချင်း အချို့ကအချို့ကို ကျိန်ဆဲကြပေမည်။ ၎င်းပြင် ငရဲသည် အသင်တို့၏ ခိုလှုံရာဌာန ဖြစ်မည်။ထိုမှတစ်ပါး အသင်တို့အဖို့ ကူညီစောင်မအံ့သော သူများဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေတကား။
26 ۞ فَآمَنَ لَهُ لُوطٌ ۘ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّي ۖ إِنَّهُ هُوَ الْعَزِيزُ الْحَكِيمُ
ထို့နောက် ‘လူ(တ်)’ သည် ထိုအိဗ်ရာဟီမ်အားယုံကြည် ထောက်ခံခဲ့လေ၏။ ထိုမှတစ်ပါး ထိုအိဗ်ရာဟီမ်က’ဧကန်မလွဲ ငါသည် နေရင်းအရပ်ဒေသကိုစွန့်၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ညွှန်တော်မူရာ)သို့ ထွက်ခွာသွားမည်။ မလွဲဧကန် ထိုအရှင်မြတ်သည်ပင်လျှင် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသည်’ ဟု ပြောဆိုခဲ့လေ၏။
ဘာသာပြန် — အလ်-အန်ကာဘူတ် 24 စူရာ အလ်-အန်ကာဘူတ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ…
စူရာ အာယာသ် 24/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.