အာလ်-အိမရာန် · 186/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
۞ لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِن تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ ۝١٨٦
Latublawunna feee amwaalikum wa anfusikum wa latasma`unna minal lazeena ootul Kitaaba min qablikum wa minal lazeena ashrakooo azan kaseeraa; wa in tasbiroo wa tattaqoo fa inna zaalika min `azmil umoor
📖 မြန်မာဘာသာ
စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ ဧကန်မလွဲ အသင်တို့ သည် မိမိတို့အလျင်(အလ္လာဟ်အရှင်မြတ်အထံ တော်မှ) ဒေသနာတော် ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့ထံမှလည်းကောင်း၊ (အခြားအရာကိုအလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြကုန်သော သူတို့ထံမှလည်းကောင်း စိတ်နှလုံးထိခိုက် နာကြည်းဖွယ်ရာများစွာကိုလည်း အမှန်စင်စစ်ကြားကြရပေမည်။ သို့ရာတွင်မူကား အသင်တို့သည် (ဘေးဒုက္ခများနှင့် ရင်ဆိုင်ရာ၌)အကယ်၍သာ ခနီ္တတရားထားရှိကာ(အဓမ္မတည်းဟူသော မတရားမှု ခပ်သိမ်းတို့မှ) ကြဉ်ရှောင်ကြပါလျှင် ယင်း(ကဲ့သို့ သည်းခံခြင်းနှင့်မတရားမှုတို့မှ ကြဉ်ရှောင်ခြင်းတို့)သည် စိတ်ဓာတ်ကြံ့ခိုင်စွာ ပြုမူရသောအရေးကိစ္စများ အနက်ပင်ဖြစ်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • لَتُبْلَوُنَّ (လ་တုဗ်လဝုန်န): သင်တို့သည် အမှန်ပင် စမ်းသပ်ခြင်းခံရမည်။ စမ်းသပ်စစ်ဆေးခြင်းကို ခံရမည်ဟု ဆိုလိုသည်။
  • أَذًى (အဇန်): ထိခိုက်နစ်နာစေသော စကား၊ နာကျင်စေသော စကား၊ ကဲ့ရဲ့ရှုတ်ချခြင်း။
  • عَزْمِ الْأُمُورِ (အဇ်မിൽ အုမూఛ်): ခိုင်မာသော ဆုံးဖြတ်ချက်ချရမည့် အရေးကိစ္စများ၊ ဇွဲလုံ့လဖြင့် လုပ်ဆောင်ရမည့် ကိစ္စများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို မုအ်မင်န်တို့၊ သင်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများတွင်လည်းကောင်း၊ မိမိတို့၏ ကိုယ်စိတ်နှလုံးများတွင်လည်းကောင်း အမှန်ပင် စမ်းသပ်ခြင်းကို ခံကြရမည်ဖြစ်သည်။ ဥစ္စာပစ္စည်းများတွင် ပေးရမည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်း၊ ဆုံးရှုံးမှုများ ကြုံတွေ့ရခြင်းဖြင့် စမ်းသပ်ခံရမည်။ ကိုယ်စိတ်နှလုံးများတွင်မူ ရှရီအသ်၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ ချစ်ရသူများနှင့် ကွဲကွာရခြင်းစသည့် ဘေးအန္တရာယ်အမျိုးမျိုးဖြင့် စမ်းသပ်ခံရမည်။ ထို့အပြင် သင်တို့အလျင် ကျမ်းတော်များ ပေးအပ်ခြင်းခံခဲ့ရသူများ (ယဟူဒီများနှင့် နတ်စ်ရာနီများ) နှင့် ရုပ်တုကိုးကွယ်သူများထံမှလည်း သင်တို့၏ နားများကို ထိခိုက်နာကျင်စေသော၊ သင်တို့၏ ဒီန်နှင့် နဗီတမန်တော်ကို ကဲ့ရဲ့ရှုတ်ချသော စကားများစွာကို အမှန်ပင် ကြားကြရမည်ဖြစ်သည်။ သို့သော် သင်တို့သည် ထိုစမ်းသပ်မှုများအားလုံးအပေါ် ဇွဲရှိရှိ ခံနိုင်ရည်ထားရှိပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သော စိတ်ထားဖြင့် အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ကြပါက၊ ထိုဇွဲနှင့် တက္ဝါသည် အလွန်ခိုင်မာသော ဆုံးဖြတ်ချက်ချရမည့်၊ လူတို့ အပြိုင်အဆိုင် လုပ်ဆောင်ရမည့် မြင့်မြတ်သော အရေးကိစ္စများတွင် အပါအဝင်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • ဤဒုန်ယာလောကသည် စမ်းသပ်ရာ နေရာဖြစ်သည်။ မုအ်မင်န်တစ်ဦးသည် ဥစ္စာပစ္စည်းနှင့် ကိုယ်စိတ်နှလုံးတွင် စမ်းသပ်ခံရမည်ဖြစ်သော်လည်း ထိုစမ်းသပ်မှ


📜 အာယာသ် 184-188 — စူရာ အာလ်-အိမရာန်

184فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِّن قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ
(အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော တန်ခိုးပြာဋိဟာ သက်သေသာဓကများကိုလည်းကောင်း၊ ကျမ်းငယ် (အစောင်စောင်)များကိုလည်းကောင်း၊ ထွန်းလင်းတောက်ပသော ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်လာခဲ့ကြကုန်သော ရစူလ်တမန်တော်များသည်ပင်လျှင် မုသားပြောဆို သူများဟူ၍ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ကြရလေသတည်း။
185كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ الْقِيَامَةِ ۖ فَمَن زُحْزِحَ عَنِ النَّارِ وَأُدْخِلَ الْجَنَّةَ فَقَدْ فَازَ ۗ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
သက်ရှိသတ္တဝါတိုင်းသည် မရဏ သေခြင်းတရား၏ရသာကို မြည်စမ်းကြရမည်။ တဖန် အသင်တို့သည်ကိယာမတ်ခေါ် (သေပြီးနောက်) ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏(ကောင်းမှုမကောင်းမှုတို့၏)အကျိုးများကိုအပြည့်အစုံပေးခြင်းခံကြရပေမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခြင်းခံရ၍ ဂျန္နတ် အမတသုခဘုံသို့ ဝင်ရောက်စေခြင်းကိုခံရအံ့။ သို့ဖြစ်လျှင် ထိုသူသာလျှင်စင်စစ်ဧကန် အောင်မြင်သောသူ ဖြစ်ပေသည်။အမှန်သော်ကား (နောင်တမလွန်ဘဝသည် သာလျှင် အမြဲခံစားရမည့်ဘဝဖြစ်၍ ဤပစ္စက္ခ မျက်မှောက်) လောကီဘဝသည်ကားထင်ယောင် ထင်မှားဖြစ်စေသောပစ္စည်းမျှသာ ဖြစ်ချေသည်။
186۞ لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِن تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ ဧကန်မလွဲ အသင်တို့ သည် မိမိတို့အလျင်(အလ္လာဟ်အရှင်မြတ်အထံ တော်မှ) ဒေသနာတော် ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့ထံမှလည်းကောင်း၊ (အခြားအရာကိုအလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြကုန်သော သူတို့ထံမှလည်းကောင်း စိတ်နှလုံးထိခိုက် နာကြည်းဖွယ်ရာများစွာကိုလည်း အမှန်စင်စစ်ကြားကြရပေမည်။ သို့ရာတွင်မူကား အသင်တို့သည် (ဘေးဒုက္ခများနှင့် ရင်ဆိုင်ရာ၌)အကယ်၍သာ ခနီ္တတရားထားရှိကာ(အဓမ္မတည်းဟူသော မတရားမှု ခပ်သိမ်းတို့မှ) ကြဉ်ရှောင်ကြပါလျှင် ယင်း(ကဲ့သို့ သည်းခံခြင်းနှင့်မတရားမှုတို့မှ ကြဉ်ရှောင်ခြင်းတို့)သည် စိတ်ဓာတ်ကြံ့ခိုင်စွာ ပြုမူရသောအရေးကိစ္စများ အနက်ပင်ဖြစ်သည်။
187وَإِذْ أَخَذَ اللَّهُ مِيثَاقَ الَّذِينَ أُوتُوا الْكِتَابَ لَتُبَيِّنُنَّهُ لِلنَّاسِ وَلَا تَكْتُمُونَهُ فَنَبَذُوهُ وَرَاءَ ظُهُورِهِمْ وَاشْتَرَوْا بِهِ ثَمَنًا قَلِيلًا ۖ فَبِئْسَ مَا يَشْتَرُونَ
ထို့ပြင်တဝ (အသင်တို့သည် ပြန်လည် အောက်မေ့သတိရရှိကြလေကုန်) အခါတစ်ပါး၌ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အလျင်) ကျမ်းဂန်ကို ချီးမြှင်ပေးသနားတော်မူခြင်းခံကြရသောသူတို့၏ထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူခဲ့လေသည်။ မုချဧကန် အသင်တို့သည် ယင်းကျမ်းဂန် (လာတရားဒေသနာတော်များ)ကို ထိမ်ချန်မထားကြဘဲလူသားတို့ (သိစိမ့်သော)ငှာ အတိအကျ ထင်ရှားစေကြရမည်။(သို့ရာတွင်) ထိုသူတို့သည် သို့(ပဋိညာဉ် ဝန်ခံချက်ထားရှိခဲ့ကြ)ပါလျက်နှင့်ပင်၊ ယင်းကျမ်းဂန်ကို မိမိတို့၏ ကျောနောက်သို့ပစ်ထားခဲ့ကြ၏။ ၎င်းပြင် အနည်းငယ်မျှသော အဘိုးအခနှင့်ယင်းကျမ်းဂန်(လာဒေသနာတော်များ)ကို ရောင်းစားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုသူတို့လဲလှယ်ဝယ်ယူကြကုန်သောအဖိုးအခသည် အလွန်တရာမျှပင် ယုတ်ညံ့သိမ်ဖျင်း လှပေသည်တကား။
188لَا تَحْسَبَنَّ الَّذِينَ يَفْرَحُونَ بِمَا أَتَوا وَّيُحِبُّونَ أَن يُحْمَدُوا بِمَا لَمْ يَفْعَلُوا فَلَا تَحْسَبَنَّهُم بِمَفَازَةٍ مِّنَ الْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် အလျင်းမထင်မှတ်လေနှင့်။ အကြင်သူတို့သည် မိမိတို့၏ (မဟုတ်မလျား) အကျင့်မှားဖြင့် အားရဝမ်းသာ မွေ့လျော်ပျော်ရွှင်လျက်ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် မိမိတို့ မပြုခဲ့ကြသော(ကောင်းမှု)ကိစ္စနှင့်စပ်လျဉ်း၍ (လူအများ၏) ချီးမွမ်းခြင်းကိုခံလိုကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား (ဤလောကတွင်လည်း) ပြစ်ဒဏ်မှ လွတ်မြောက်ကြမည်ဟူ၍အလျင်း မထင်မှတ်လေနှင့်။ ၎င်းပြင် ထိုသူတို့အဖို့ (နောင်တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
186အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 186

စူရာ အာလ်-အိမရာန် အာယာသ် 186 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ…

စူရာ အာယာသ် 186/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 184–188. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers