အာလ်-အိမရာန် · 185/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ الْقِيَامَةِ ۖ فَمَن زُحْزِحَ عَنِ النَّارِ وَأُدْخِلَ الْجَنَّةَ فَقَدْ فَازَ ۗ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ ۝١٨٥
Kulu nafsin zaaa`iqatul mawt; wa innamaa tuwaffawna ujoorakum Yawmal Qiyaamati faman zuhziha `anin Naari waudkhilal Jannata faqad faaz; wa mal hayaatud dunyaaa illaa mataa`ul ghuroor
📖 မြန်မာဘာသာ
သက်ရှိသတ္တဝါတိုင်းသည် မရဏ သေခြင်းတရား၏ရသာကို မြည်စမ်းကြရမည်။ တဖန် အသင်တို့သည်ကိယာမတ်ခေါ် (သေပြီးနောက်) ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏(ကောင်းမှုမကောင်းမှုတို့၏)အကျိုးများကိုအပြည့်အစုံပေးခြင်းခံကြရပေမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခြင်းခံရ၍ ဂျန္နတ် အမတသုခဘုံသို့ ဝင်ရောက်စေခြင်းကိုခံရအံ့။ သို့ဖြစ်လျှင် ထိုသူသာလျှင်စင်စစ်ဧကန် အောင်မြင်သောသူ ဖြစ်ပေသည်။အမှန်သော်ကား (နောင်တမလွန်ဘဝသည် သာလျှင် အမြဲခံစားရမည့်ဘဝဖြစ်၍ ဤပစ္စက္ခ မျက်မှောက်) လောကီဘဝသည်ကားထင်ယောင် ထင်မှားဖြစ်စေသောပစ္စည်းမျှသာ ဖြစ်ချေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • ကုလ္လု နဖ်စင် (كُلُّ نَفْسٍ) — ဝိညာဉ်တိုင်း၊ သက်ရှိတိုင်း။
  • ဇာအိကဟ် (ذَائِقَةُ) — မြည်းစမ်းရမည့်သူ၊ ခံစားရမည့်သူ။
  • တုဝဖ္ဖောင်န (تُوَفَّوْنَ) — အပြည့်အဝပေးခံရမည်၊ အကုန်အစင်ခံစားရမည်။
  • ဇုဟ္ဇိဟ (زُحْزِحَ) — ဝေးကွာစေခြင်းခံရသည်၊ ဖယ်ရှားခြင်းခံရသည်။
  • ဖာဇ (فَازَ) — အောင်မြင်သည်၊ ဆုရရှိသည်။
  • မတာအုလ် ဂုရူရ် (مَتَاعُ الْغُرُورِ) — လှည့်ဖြားမှု၏ ခဏတာခံစားစရာ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးအား အရေးကြီးသော အမှန်တရားတစ်ရပ်ကို သတိပေးတော်မူသည်။ ဝိညာဉ်တိုင်း၊ သက်ရှိတိုင်းသည် သေခြင်းတရားကို မြည်းစမ်းရမည်ဖြစ်သည်။ မည်သူမျှ သေခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပါ။ ဤသေခြင်းတရားသည် လူသားအားလုံး၏ အဆုံးသတ်နေရာဖြစ်ပြီး ထိုမှတစ်ဆင့် အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်ရောက်ရှိရမည်ဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့ (ရှင်ပြန်ထမြောက်ရမည့်နေ့) တွင် လူသားတိုင်း၏ လုပ်ရပ်များအတွက် အကျိုးအပြစ်များကို အပြည့်အဝ၊ အကုန်အစင် ပေးတော်မူမည်ဖြစ်ကြောင်း မိန့်တော်မူသည်။ မည်သည့်အကျိုးအပြစ်မျှ လျော့နည်းခြင်း၊ ချန်လှပ်ခြင်း မရှိဘဲ အပြည့်အဝ ခံစားရမည်ဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမြတ်သော အောင်မြင်မှုကို ဖော်ပြတော်မူသည်။ မည်သူမျှ ငရဲမီးမှ ဝေးကွာစေခြင်းခံရပြီး ဂျန္နသ် (သုခဘုံ) သို့ ဝင်ခွင့်ရရှိပါက ထိုသူသည် အမှန်တကယ် အောင်မြင်သူဖြစ်သည်။ ဤသည်မှာ လူသားတိုင်း ရှာဖွေသင့်သော အမှန်တကယ် အောင်မြင်မှုဖြစ်သည်။

နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝ၏ သဘောသဘာဝကို ရှင်းလင်းစွာ ဖော်ပြတော်မူသည်။ ဤလောကီဘဝသည် လှည့်ဖြားမှု၏ ခဏတာခံစားစရာသာဖြစ်သည်။ ၎င်းသည် လျင်မြန်စွာ ကုန်ဆုံးသွားမည့်၊ ယာယီခံစားမှုသာဖြစ်သည်။ ထို့ကြောင့် လူသားများသည် ဤလောကီဘဝ၏ ခဏတာခံစားမှုများဖြင့် လှည့်ဖြားခြင်း မခံသင့်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • သေခြင်းတရားသည် လူတိုင်း မြည်းစမ်းရမည့် အမှန်တရားဖြစ်ကြောင်း သိရှိခြင်းဖြင့် လောကီဘဝကို


📜 အာယာသ် 183-187 — စူရာ အာလ်-အိမရာန်

183الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِّن قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِن كُنتُمْ صَادِقِينَ
(ထိုယဟူဒီများသည် အကြင်သူများပင် ဖြစ်ကြကုန်၏။) ထိုသူတို့က အကျွန်ုပ်တို့သည် မည်သည့်တမန်တော်တပါးကိုမျှ (ကောင်းကင်မှ) မီးစားသော အလှူဝတ္ထုတစ်စုံတစ်ရာကို ထို တမန်တော်သည် အကျွန်ုပ်ထံ မယူဆောင်လာသမျှ ကာလပတ်လုံး မယ�ံကြည်ကြရန် အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့အား မုချအမိန့်တော် ချမှတ်ထားတော်မူခဲ့လေသည် ဟု (မဟုတ်မမှန်လုပ်ကြံ) ပြောဆိုကြကုန်သည်။(သို့ဖြစ်၍ အို- နဗီတမန်တော် အသင်သည် ထိုသူတို့အားဟယ်-အချင်းတို့) အသင်တို့သည် အကယ်၍သာ သစ္စာဝါဒီမှန်ကန်စွာ ပြောဆို သူများဖြစ်ကြပါမူ အကျွန်ုပ်၏အလျင်မြောက်မြားစွာသော ရစူလ်တမန်တော်များသည် (အမျိုးမျိုးသော) တန်ခိုးပြာဋိဟာများနှင့်တကွ အသင်တို့ပြောဆိုသောအချက်ကိုပါ ယူဆောင်ကြွရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပါလျက်အသင်တို့သည် အဘယ်ကြောင့် ိုရစူလ်တမန်တော်များကိုသတ်ဖြတ်ခဲ့ကြပါသနည်း ဟု ပြောဆိုမေးမြန်းပါလေ။
184فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِّن قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ
(အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော တန်ခိုးပြာဋိဟာ သက်သေသာဓကများကိုလည်းကောင်း၊ ကျမ်းငယ် (အစောင်စောင်)များကိုလည်းကောင်း၊ ထွန်းလင်းတောက်ပသော ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်လာခဲ့ကြကုန်သော ရစူလ်တမန်တော်များသည်ပင်လျှင် မုသားပြောဆို သူများဟူ၍ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ကြရလေသတည်း။
185كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ الْقِيَامَةِ ۖ فَمَن زُحْزِحَ عَنِ النَّارِ وَأُدْخِلَ الْجَنَّةَ فَقَدْ فَازَ ۗ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
သက်ရှိသတ္တဝါတိုင်းသည် မရဏ သေခြင်းတရား၏ရသာကို မြည်စမ်းကြရမည်။ တဖန် အသင်တို့သည်ကိယာမတ်ခေါ် (သေပြီးနောက်) ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏(ကောင်းမှုမကောင်းမှုတို့၏)အကျိုးများကိုအပြည့်အစုံပေးခြင်းခံကြရပေမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခြင်းခံရ၍ ဂျန္နတ် အမတသုခဘုံသို့ ဝင်ရောက်စေခြင်းကိုခံရအံ့။ သို့ဖြစ်လျှင် ထိုသူသာလျှင်စင်စစ်ဧကန် အောင်မြင်သောသူ ဖြစ်ပေသည်။အမှန်သော်ကား (နောင်တမလွန်ဘဝသည် သာလျှင် အမြဲခံစားရမည့်ဘဝဖြစ်၍ ဤပစ္စက္ခ မျက်မှောက်) လောကီဘဝသည်ကားထင်ယောင် ထင်မှားဖြစ်စေသောပစ္စည်းမျှသာ ဖြစ်ချေသည်။
186۞ لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِن تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ ဧကန်မလွဲ အသင်တို့ သည် မိမိတို့အလျင်(အလ္လာဟ်အရှင်မြတ်အထံ တော်မှ) ဒေသနာတော် ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့ထံမှလည်းကောင်း၊ (အခြားအရာကိုအလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြကုန်သော သူတို့ထံမှလည်းကောင်း စိတ်နှလုံးထိခိုက် နာကြည်းဖွယ်ရာများစွာကိုလည်း အမှန်စင်စစ်ကြားကြရပေမည်။ သို့ရာတွင်မူကား အသင်တို့သည် (ဘေးဒုက္ခများနှင့် ရင်ဆိုင်ရာ၌)အကယ်၍သာ ခနီ္တတရားထားရှိကာ(အဓမ္မတည်းဟူသော မတရားမှု ခပ်သိမ်းတို့မှ) ကြဉ်ရှောင်ကြပါလျှင် ယင်း(ကဲ့သို့ သည်းခံခြင်းနှင့်မတရားမှုတို့မှ ကြဉ်ရှောင်ခြင်းတို့)သည် စိတ်ဓာတ်ကြံ့ခိုင်စွာ ပြုမူရသောအရေးကိစ္စများ အနက်ပင်ဖြစ်သည်။
187وَإِذْ أَخَذَ اللَّهُ مِيثَاقَ الَّذِينَ أُوتُوا الْكِتَابَ لَتُبَيِّنُنَّهُ لِلنَّاسِ وَلَا تَكْتُمُونَهُ فَنَبَذُوهُ وَرَاءَ ظُهُورِهِمْ وَاشْتَرَوْا بِهِ ثَمَنًا قَلِيلًا ۖ فَبِئْسَ مَا يَشْتَرُونَ
ထို့ပြင်တဝ (အသင်တို့သည် ပြန်လည် အောက်မေ့သတိရရှိကြလေကုန်) အခါတစ်ပါး၌ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အလျင်) ကျမ်းဂန်ကို ချီးမြှင်ပေးသနားတော်မူခြင်းခံကြရသောသူတို့၏ထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူခဲ့လေသည်။ မုချဧကန် အသင်တို့သည် ယင်းကျမ်းဂန် (လာတရားဒေသနာတော်များ)ကို ထိမ်ချန်မထားကြဘဲလူသားတို့ (သိစိမ့်သော)ငှာ အတိအကျ ထင်ရှားစေကြရမည်။(သို့ရာတွင်) ထိုသူတို့သည် သို့(ပဋိညာဉ် ဝန်ခံချက်ထားရှိခဲ့ကြ)ပါလျက်နှင့်ပင်၊ ယင်းကျမ်းဂန်ကို မိမိတို့၏ ကျောနောက်သို့ပစ်ထားခဲ့ကြ၏။ ၎င်းပြင် အနည်းငယ်မျှသော အဘိုးအခနှင့်ယင်းကျမ်းဂန်(လာဒေသနာတော်များ)ကို ရောင်းစားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုသူတို့လဲလှယ်ဝယ်ယူကြကုန်သောအဖိုးအခသည် အလွန်တရာမျှပင် ယုတ်ညံ့သိမ်ဖျင်း လှပေသည်တကား။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
185အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 185

စူရာ အာလ်-အိမရာန် အာယာသ် 185 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သက်ရှိသတ္တဝါတိုင်းသည် မရဏ သေခြင်းတရား၏ရသာကို မြည်စမ်းကြရမည်။ တဖန် အသင်တို့သည်ကိယာမတ်ခေါ် (သေပြီးနောက်) ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏(ကောင်းမှုမကောင်းမှုတို့၏)အကျိုးများကိုအပြည့်အစုံပေးခြင်းခံကြရပေမည်။ သို့ဖြစ်ပေရာ…

စူရာ အာယာသ် 185/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 183–187. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers