အာလ်-အိမရာန် · 28/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
لَّا يَتَّخِذِ الْمُؤْمِنُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۖ وَمَن يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ اللَّهِ فِي شَيْءٍ إِلَّا أَن تَتَّقُوا مِنْهُمْ تُقَاةً ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَإِلَى اللَّهِ الْمَصِيرُ ۝٢٨
Laa yattakhizil mu`minoonal kaafireena awliyaaa`a min doonil mu`mineena wa mai yaf`al zaalika falaisa minal laahi fee shai`in illaaa an tattaqoo minhum tuqaah; wa yuhazzirukumul laahu nafsah; wa ilal laahil maseer
📖 မြန်မာဘာသာ
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန် သောမုအ်မင်န်တို့သည် မုအ်မင်န်များကို ပစ်ပယ်ကျော်လွန်၍(အလ္လာဟ်အရှင်မြတ်အား) သွေဖည်ငြင်းပယ်ကြကုန်သောကာဖိရ်တို့ကို အဆွေခင်ပွန်းများအဖြစ် မပြုအပ်ကြပေ။အကြင် မည်သူမဆို ယင်းသို့ပြုအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ အဘယ်တစုံတခုနှင့်မျှ မပတ်သက်တော့ချေ။ သို့ရာတွင် အသင်တို့သည် ထို(ကာဖိရ်)တို့၏ ဘေးရန်မှ စိုးရိမ်ကြောင့်ကြ(၍မိမိတို့ကိုယ်ကို ကာကွယ်လိုကြသောအခါ၌မူ အခြေအနေအရ ပြုလုပ်နိုင်ကြ) ပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအားကြောက်ရွံ့ရန်အသင်တို့ကို ခြိမ်းခြောက်တော်မူသည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရန်ဌာနသည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။
  • အောင်လိယာ (أَوْلِيَاء) — ချစ်ခင်မြတ်နိုးသူများ၊ ကူညီထောက်ပံ့သူများ၊ မိတ်ဆွေများ။
  • မင်ဒူနိလ်မုအ်မိနီန် (مِن دُونِ الْمُؤْمِنِينَ) — မုအ်မိန်များကို ချန်လှပ်၍။
  • တုကာသန် (تُقَاةً) — ရန်ဘေးမှ ကာကွယ်ရန် သတိထားခြင်း၊ ကြောက်ရွံ့ခြင်း။
  • နဖ်စဟူ (نَفْسَهُ) — အလ္လာဟ်အရှင်မြတ်၏ ကိုယ်တော်တိုင်၊ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ကို ဆိုလိုသည်။
  • မဆွီရ် (الْمَصِيرُ) — ပြန်လည်ရောက်ရှိရာနေရာ၊ ပြန်လည်သွားရောက်ရမည့်နေရာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အလ္လာဟ်အရှင်မြတ်သည် မုအ်မိန်များအား ကာဖိရ်များကို မုအ်မိန်များကို ချန်လှပ်၍ ချစ်ခင်မြတ်နိုးသူများ၊ ကူညီထောက်ပံ့သူများအဖြစ် မသတ်မှတ်ကြရန် တားမြစ်တော်မူသည်။ ဤသို့ပြုလုပ်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အဆက်အသွယ်ကင်းမဲ့သွားပြီး အလ္လာဟ်အရှင်မြတ်ကလည်း သူနှင့် ကင်းမဲ့တော်မူသည်။ သို့သော် ကာဖိရ်များ၏ အုပ်စိုးမှုအောက်တွင် ရောက်ရှိနေပြီး မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် ရန်ဘေးမှ ကြောက်ရွံ့ရသောအခါ သူတို့၏ ဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက် စကားပြောရာတွင် နူးညံ့သိမ်မွေ့စွာ ပြောဆိုခြင်း၊ အပြုအမူတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခြင်းဖြင့် ရှောင်တိမ်းခွင့်ရှိသည်။ သို့သော် စိတ်နှလုံးထဲတွင် သူတို့အပေါ် ရန်လိုမုန်းတီးမှုကို ထားရှိရမည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အပြစ်ဒဏ်ကို သတိပေးတော်မူသည်၊ ထို့ကြောင့် အရှင်မြတ်အား ကြောက်ရွံ့ပြီး အပြစ်များကို ပြုလုပ်ခြင်းဖြင့် အရှင်မြတ်၏ အမျက်တော်ကို မခံယူကြရန်။ နောက်ဆုံးတွင် လူသားအားလုံးသည် အလ္လာဟ်အရှင်မြတ်ထံသို့သာ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပြီး မိမိတို့၏ လုပ်ရပ်များအတွက် အစားပေးခြင်းကို ခံယူကြရမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေရန် ဆွဲဆောင်မှုများ။
  • အလ္လာဟ်အရှင်မြတ်သည် မုအ်မိန်များကို မိမိတို့၏ ယုံကြည်သူညီအစ်ကိုများကို ဦးစားပေးရန် သွန်သင်ပေးတော်မူသည်။ ဤအရ


📜 အာယာသ် 26-30 — စူရာ အာလ်-အိမရာန်

26قُلِ اللَّهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَن تَشَاءُ وَتَنزِعُ الْمُلْكَ مِمَّن تَشَاءُ وَتُعِزُّ مَن تَشَاءُ وَتُذِلُّ مَن تَشَاءُ ۖ بِيَدِكَ الْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီ)အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ ဩဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း။
27تُولِجُ اللَّيْلَ فِي النَّهَارِ وَتُولِجُ النَّهَارَ فِي اللَّيْلِ ۖ وَتُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَتُخْرِجُ الْمَيِّتَ مِنَ الْحَيِّ ۖ وَتَرْزُقُ مَن تَشَاءُ بِغَيْرِ حِسَابٍ
အရှင်မြတ်သည် (အချို့ဥတုရာသီ၌) ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ထည့်သွင်း တော်မူလေသည်။ထိုနည်းတူစွာ (အချို့ရာသီဥတု၌) နေ့(၏အစိတ်အပိုင်း)ကိုညဉ့်၏အတွင်း၌ ထည့်သွင်းတော်မူလေသည်။ ထို့ပြင် အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ထုတ်တော်မူ၏။ ထိုနည်းပမာသက်ရှိမှသက်မဲ့ကို ထုတ်တော်မူ၏။ ထိုမှတစ်ပါးတုံ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူအား အသချေင်္ အသချင်္ာအရေအတွက်မရှိ ရိက္ခာပေးသနားတော်မူ၏။
28لَّا يَتَّخِذِ الْمُؤْمِنُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۖ وَمَن يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ اللَّهِ فِي شَيْءٍ إِلَّا أَن تَتَّقُوا مِنْهُمْ تُقَاةً ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَإِلَى اللَّهِ الْمَصِيرُ
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန် သောမုအ်မင်န်တို့သည် မုအ်မင်န်များကို ပစ်ပယ်ကျော်လွန်၍(အလ္လာဟ်အရှင်မြတ်အား) သွေဖည်ငြင်းပယ်ကြကုန်သောကာဖိရ်တို့ကို အဆွေခင်ပွန်းများအဖြစ် မပြုအပ်ကြပေ။အကြင် မည်သူမဆို ယင်းသို့ပြုအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ အဘယ်တစုံတခုနှင့်မျှ မပတ်သက်တော့ချေ။ သို့ရာတွင် အသင်တို့သည် ထို(ကာဖိရ်)တို့၏ ဘေးရန်မှ စိုးရိမ်ကြောင့်ကြ(၍မိမိတို့ကိုယ်ကို ကာကွယ်လိုကြသောအခါ၌မူ အခြေအနေအရ ပြုလုပ်နိုင်ကြ) ပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအားကြောက်ရွံ့ရန်အသင်တို့ကို ခြိမ်းခြောက်တော်မူသည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရန်ဌာနသည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။
29قُلْ إِن تُخْفُوا مَا فِي صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ اللَّهُ ۗ وَيَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ၊(အချင်းတို့) အကယ်၍ အသင်တို့သည် မိမိတို့၏ ရင်တွင်းဝယ်ရှိသော အကြံအစည်များကို ထိမ်ချန် လျှို့ဝှက် ုံးအုပ်ထားကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုအကြံအစည်များကိုထင်ရှားစွာ ထုတ်ဖော်ကြသည် ဖြစ်စေ(မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ် သည် ထိုအကြံအစည်များကိုသိရှိတော်မူလေသည်။ ထိုမျှမကသေးချေ။ ထိုအရှင်မြတ်သည်အာကာသ ကောင်းကင်ဘုံ��ျား၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှ အလုံးစုံတို့ကိုအကြွင်းမဲ့ သိရှိတော်မူပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအနန္တ ဘုန်းတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူပေသတည်း။
30يَوْمَ تَجِدُ كُلُّ نَفْسٍ مَّا عَمِلَتْ مِنْ خَيْرٍ مُّحْضَرًا وَمَا عَمِلَتْ مِن سُوءٍ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُ أَمَدًا بَعِيدًا ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
အကြင်နေ့၌ လူတိုင်းလူတိုင်းသည် မိမိ ပြုလုပ်ခဲ့သမျှသောကောင်းမှုသုစရိုက်များကိုလည်းကောင်း၊ မိမိတို့ပြုလုပ်ခဲ့ သမျှသောမကောင်းမှု ဒုစရိုက်များကိုလည်းကောင်း(မိမိတို့) ရှေ့မှောက်တွင် အဆင်သင့်တွေ့ရှိကြလတ္တံ့။ ထိုအခါယင်းသူတို့သည် (မိမိတို့ ပြုကျင့်ခဲ့လေသော ဒုစရိုက်များကိုမမြင်လိုကြသဖြင့်) အကယ်၍သာ ယင်းသူတို့နှင့် ထို့နေ့၏စပ်ကြားဝယ် ကမ်းလှမ်း ဝေးကွာလှစွာသော ခရီးစခမ်းရှိနေပါလျှင် ကောင်းလေ စွတကား ဟုတောင့်တကြကုန်အံ့။ တဖန်အလ္လာဟ် အရှင်မြတ်သည် မိမိ(၏အပြစ်ဒဏ်တော်)ကိုကြောက်ရွံ့စေရန်) အသင်တို့အား သတိပေး နှိုးဆော်တော်မူသည်။အကြောင်းတမူကား အလ္လာဟ် အရှင်မြတ်သည် (မိမိ)ကျွန်များကို အလွန် သနား ညှာတာတော်မူသောအရှင် ဖြစ်တော်မူသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
28အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 28

စူရာ အာလ်-အိမရာန် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန် သောမုအ်မင်န်တို့သည် မုအ်မင်န်များကို ပစ်ပယ်ကျော်လွန်၍(အလ္လာဟ်အရှင်မြတ်အား) သွေဖည်ငြင်းပယ်ကြကုန်သောကာဖိရ်တို့ကို အဆွေခင်ပွန်းများအဖြစ် မပြုအပ်ကြပေ။အကြင် မည်သူမဆို…

စူရာ အာယာသ် 28/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers