အာလ်-အိမရာန် · 27/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
تُولِجُ اللَّيْلَ فِي النَّهَارِ وَتُولِجُ النَّهَارَ فِي اللَّيْلِ ۖ وَتُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَتُخْرِجُ الْمَيِّتَ مِنَ الْحَيِّ ۖ وَتَرْزُقُ مَن تَشَاءُ بِغَيْرِ حِسَابٍ ۝٢٧
Toolijul laila fin nahaari wa toolijun nahaara fil laili wa tukhrijul haiya minalmaiyiti wa tukhrijulo maiyita minal haiyi wa tarzuqu man tashaaa`u bighari hisab
📖 မြန်မာဘာသာ
အရှင်မြတ်သည် (အချို့ဥတုရာသီ၌) ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ထည့်သွင်း တော်မူလေသည်။ထိုနည်းတူစွာ (အချို့ရာသီဥတု၌) နေ့(၏အစိတ်အပိုင်း)ကိုညဉ့်၏အတွင်း၌ ထည့်သွင်းတော်မူလေသည်။ ထို့ပြင် အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ထုတ်တော်မူ၏။ ထိုနည်းပမာသက်ရှိမှသက်မဲ့ကို ထုတ်တော်မူ၏။ ထိုမှတစ်ပါးတုံ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူအား အသချေင်္ အသချင်္ာအရေအတွက်မရှိ ရိက္ခာပေးသနားတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 25-29 — စူရာ အာလ်-အိမရာန်

25فَكَيْفَ إِذَا جَمَعْنَاهُمْ لِيَوْمٍ لَّا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
သို့ရာတွင် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ငါအရှင်မြတ်သည် ထိုသူတို့အား စုရုံးစေတော် မူသည့်အခါ(ထိုသူတို့၏အဖြစ်သည်) မည်သို့ဖြစ်အံ့နည်း။ ထိုရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ �လျင်းမရှိ။(ထိုနေ့သည်ကား မုချ ဆိုက်ရောက်မည် ဖြစ်သည်။) ထို့ပြင်(ထိုနေ့တွင်) လူတိုင်းလူတိုင်းသည် မိမိတို့ ပြုလုပ်ဆည်းပူးခဲ့သော (ကောင်းမှု၊ မကောင်းမှုတို့၏အကျိုးအပြစ်ကို)အပြည့် အစုံပေးခြင်းခံကြရလတ္တံ့။ ထိုသူတို့သည် (အကျိုးအပြစ်ပေးခြင်းခံကြရာ၌) မတရားပြုလုပ်ခြင်းကို အလျင်းခံကြရမည်လည်းမဟုတ်ချေ။
26قُلِ اللَّهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَن تَشَاءُ وَتَنزِعُ الْمُلْكَ مِمَّن تَشَاءُ وَتُعِزُّ مَن تَشَاءُ وَتُذِلُّ مَن تَشَاءُ ۖ بِيَدِكَ الْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီ)အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ ဩဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း။
27تُولِجُ اللَّيْلَ فِي النَّهَارِ وَتُولِجُ النَّهَارَ فِي اللَّيْلِ ۖ وَتُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَتُخْرِجُ الْمَيِّتَ مِنَ الْحَيِّ ۖ وَتَرْزُقُ مَن تَشَاءُ بِغَيْرِ حِسَابٍ
အရှင်မြတ်သည် (အချို့ဥတုရာသီ၌) ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ထည့်သွင်း တော်မူလေသည်။ထိုနည်းတူစွာ (အချို့ရာသီဥတု၌) နေ့(၏အစိတ်အပိုင်း)ကိုညဉ့်၏အတွင်း၌ ထည့်သွင်းတော်မူလေသည်။ ထို့ပြင် အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ထုတ်တော်မူ၏။ ထိုနည်းပမာသက်ရှိမှသက်မဲ့ကို ထုတ်တော်မူ၏။ ထိုမှတစ်ပါးတုံ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူအား အသချေင်္ အသချင်္ာအရေအတွက်မရှိ ရိက္ခာပေးသနားတော်မူ၏။
28لَّا يَتَّخِذِ الْمُؤْمِنُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۖ وَمَن يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ اللَّهِ فِي شَيْءٍ إِلَّا أَن تَتَّقُوا مِنْهُمْ تُقَاةً ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَإِلَى اللَّهِ الْمَصِيرُ
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန် သောမုအ်မင်န်တို့သည် မုအ်မင်န်များကို ပစ်ပယ်ကျော်လွန်၍(အလ္လာဟ်အရှင်မြတ်အား) သွေဖည်ငြင်းပယ်ကြကုန်သောကာဖိရ်တို့ကို အဆွေခင်ပွန်းများအဖြစ် မပြုအပ်ကြပေ။အကြင် မည်သူမဆို ယင်းသို့ပြုအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ အဘယ်တစုံတခုနှင့်မျှ မပတ်သက်တော့ချေ။ သို့ရာတွင် အသင်တို့သည် ထို(ကာဖိရ်)တို့၏ ဘေးရန်မှ စိုးရိမ်ကြောင့်ကြ(၍မိမိတို့ကိုယ်ကို ကာကွယ်လိုကြသောအခါ၌မူ အခြေအနေအရ ပြုလုပ်နိုင်ကြ) ပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအားကြောက်ရွံ့ရန်အသင်တို့ကို ခြိမ်းခြောက်တော်မူသည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရန်ဌာနသည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။
29قُلْ إِن تُخْفُوا مَا فِي صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ اللَّهُ ۗ وَيَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ၊(အချင်းတို့) အကယ်၍ အသင်တို့သည် မိမိတို့၏ ရင်တွင်းဝယ်ရှိသော အကြံအစည်များကို ထိမ်ချန် လျှို့ဝှက် ုံးအုပ်ထားကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုအကြံအစည်များကိုထင်ရှားစွာ ထုတ်ဖော်ကြသည် ဖြစ်စေ(မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ် သည် ထိုအကြံအစည်များကိုသိရှိတော်မူလေသည်။ ထိုမျှမကသေးချေ။ ထိုအရှင်မြတ်သည်အာကာသ ကောင်းကင်ဘုံ��ျား၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှ အလုံးစုံတို့ကိုအကြွင်းမဲ့ သိရှိတော်မူပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအနန္တ ဘုန်းတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
27အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 27

စူရာ အာလ်-အိမရာန် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အရှင်မြတ်သည် (အချို့ဥတုရာသီ၌) ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ထည့်သွင်း တော်မူလေသည်။ထိုနည်းတူစွာ (အချို့ရာသီဥတု၌) နေ့(၏အစိတ်အပိုင်း)ကိုညဉ့်၏အတွင်း၌ ထည့်သွင်းတော်မူလေသည်။ ထို့ပြင် အရှင်မြတ်သည်…

စူရာ အာယာသ် 27/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers