စဗ · 18/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
وَجَعَلْنَا بَيْنَهُمْ وَبَيْنَ الْقُرَى الَّتِي بَارَكْنَا فِيهَا قُرًى ظَاهِرَةً وَقَدَّرْنَا فِيهَا السَّيْرَ ۖ سِيرُوا فِيهَا لَيَالِيَ وَأَيَّامًا آمِنِينَ ۝١٨
Wa ja`alnaa bainahum wa bainal qural latee baaraknaa feehaa quran zaahiratanw wa qaddamaa feehas sayr; seeroo feehaa la yaalirya wa aiyaaman aamineen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့နှင့်ငါအရှင်မြတ် သုခချမ်းသာနှင့် ပြည့်စုံစေတော်မူခဲ့သော မြို့ရွာများ၏အကြား၌ မြင်လွယ်သောမြို့ရွာများကို စည်ကားစေတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများ၌ခရီး ထောက်များကိုလည်း သတ်မှတ်၍ ပေးတော်မူခဲ့၏။(၎င်းပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။)အသင်တို့သည် ယင်းမြို့ရွာများတွင် ဘေးအန္တရာယ် ကင်းငြိမ်းစွာ နေ့ရောညပါ ခရီးသွားလာကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • စဗ (ဆဗအ်): ယီမင်နိုင်ငံတွင် နေထိုင်ခဲ့သော ရှေးလူမျိုးတစ်မျိုး၏ အမည်ဖြစ်သည်။
  • ဗာရက္နာ (ကျွန်ုပ်တို့ ကောင်းချီးပေးခဲ့သော): ရေနှင့် သစ်ပင်များ ပေါများသော ရှာမ်ဒေသ (လက်ဗနွန်၊ ဆီးရီးယား၊ ပါလက်စတိုင်း ဒေသ) ကို ရည်ညွှန်းသည်။
  • ကုရာ သွာဟိရာ (ထင်ရှားသော မြို့ရွာများ): တစ်မြို့နှင့်တစ်မြို့ နီးကပ်လွန်း၍ တစ်မြို့မှ တစ်မြို့ကို မြင်နိုင်သော မြို့ရွာများ ဖြစ်သည်။
  • ကွဒ္ဒရ္နာ (ကျွန်ုပ်တို့ သတ်မှတ်ပေးခဲ့သည်): ခရီးသွားရာတွင် ပင်ပန်းမှုမရှိစေရန် အကွာအဝေးကို သင့်လျော်စွာ သတ်မှတ်ပေးခြင်း ဖြစ်သည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ဆဗအ်လူမျိုးတို့နှင့် ကောင်းချီးပေးခဲ့သော ရှာမ်ဒေသရှိ မြို့ရွာများအကြားတွင် တစ်မြို့နှင့်တစ်မြို့ နီးကပ်စွာ တည်ရှိသော မြို့ရွာများကို ဖန်တီးပေးခဲ့သည်။ ထိုမြို့ရွာများသည် အလွန်နီးကပ်လွန်း၍ တစ်မြို့မှ တစ်မြို့ကို ထင်ရှားစွာ မြင်နိုင်သည်။ ထို့အပြင် ခရီးသွားရာတွင် ပင်ပန်းမှုမရှိစေရန် ခရီးအကွာအဝေးကို သင့်လျော်စွာ သတ်မှတ်ပေးခဲ့သည်။ မနက်ခင်း ခရီးစတင်၍ နေ့လယ်စာစားချိန်တွင် ရေနှင့်သစ်ပင်များရှိသော မြို့ရွာတစ်ခုသို့ ရောက်ရှိနိုင်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား "သင်တို့သည် ထိုမြို့ရွာများတွင် နေ့ရောညပါ လုံခြုံစွာ ခရီးသွားနိုင်ကြသည်" ဟု မိန့်တော်မူခဲ့သည်။ ဆိုလိုသည်မှာ ရန်သူ၏ ဘေးရန်မှလည်းကောင်း၊ ဆာလောင်မွတ်သိပ်မှုနှင့် ရေငတ်မှုမှလည်းကောင်း ကင်းဝေးစွာဖြင့် လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ကြခြင်း ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအပေါ် အလွန်ကရုဏာထားတော်မူကြောင်း သိရှိရသည်။ အရှင်မြတ်သည် သူတို့၏ ခရီးသွားလာမှုကို လွယ်ကူချောမွေ့စေရန် မြို့ရွာများကို နီးကပ်စွာ ဖန်တီးပေးခဲ့ပြီး ခရီးအကွာအဝေးကိုလည်း သင့်လျော်စွာ သတ်မှတ်ပေးခဲ့သည်။ ဤအချက်သည် အရှင်မြတ်၏ ကရ


📜 အာယာသ် 16-20 — စူရာ စဗ

16فَأَعْرَضُوا فَأَرْسَلْنَا عَلَيْهِمْ سَيْلَ الْعَرِمِ وَبَدَّلْنَاهُم بِجَنَّتَيْهِمْ جَنَّتَيْنِ ذَوَاتَيْ أُكُلٍ خَمْطٍ وَأَثْلٍ وَشَيْءٍ مِّن سِدْرٍ قَلِيلٍ
သို့ရာတွင် ၎င်းတို့သည် (အမိန့်တော်ကို လိုက်နာခြင်းမရှိကြဘဲ) မျက်နှာလွှဲခဲ့ကြပေရာ ငါအရှင်မြတ်သည်၎င်းတို့အပေါ်၌ အရင်မ် ရေကာတာမှ ပြင်းစွာ စီးဆင်းသောရေကို လွှတ်ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ဥယျာဉ်နှစ်ခု၏အစား အခြားဥယျာဉ်နှစ်ခုကိုလဲလှယ်၍ ပေးတော်မူခဲ့၏။ ထိုဥယျာဉ်နှစ်ခုမှာ ဖန်သော၊ခါးသော၊ အရသာမကောင်းသော၊ သစ်သီးဝလံများ၊ ထင်းရှုးပင်များနှင့် အနည်းငယ်မျှသောဆီးပင်များရှိသော ဥယျာဉ်နှစ်ခုပင် ဖြစ်ခဲ့ကြ၏။
17ذَٰلِكَ جَزَيْنَاهُم بِمَا كَفَرُوا ۖ وَهَلْ نُجَازِي إِلَّا الْكَفُورَ
ဤကား ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ကျေးဇူးကန်းမှုကြောင့် ပေးတော်မူခဲ့သော အပြစ်ဒဏ်ပင်ဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အလွန်ကျေးဇူးကန်းသော သူတို့အားသာလျှင်(ယင်းကဲ့သို့သော)အပြစ်ပေးလေ့ရှိတော်မူပေသတည်း။
18وَجَعَلْنَا بَيْنَهُمْ وَبَيْنَ الْقُرَى الَّتِي بَارَكْنَا فِيهَا قُرًى ظَاهِرَةً وَقَدَّرْنَا فِيهَا السَّيْرَ ۖ سِيرُوا فِيهَا لَيَالِيَ وَأَيَّامًا آمِنِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့နှင့်ငါအရှင်မြတ် သုခချမ်းသာနှင့် ပြည့်စုံစေတော်မူခဲ့သော မြို့ရွာများ၏အကြား၌ မြင်လွယ်သောမြို့ရွာများကို စည်ကားစေတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများ၌ခရီး ထောက်များကိုလည်း သတ်မှတ်၍ ပေးတော်မူခဲ့၏။(၎င်းပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။)အသင်တို့သည် ယင်းမြို့ရွာများတွင် ဘေးအန္တရာယ် ကင်းငြိမ်းစွာ နေ့ရောညပါ ခရီးသွားလာကြလေကုန်။
19فَقَالُوا رَبَّنَا بَاعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوا أَنفُسَهُمْ فَجَعَلْنَاهُمْ أَحَادِيثَ وَمَزَّقْنَاهُمْ كُلَّ مُمَزَّقٍ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّكُلِّ صَبَّارٍ شَكُورٍ
ထိုအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားမွေးမြူဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ခရီးလမ်းများကို ကွာဝေးစေတော်မူပါဟု လျှောက်ထားကြကုန်၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုပင် နှိပ်စက်ကလူ ပြုခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့(၏အကြောင်း အတ္ထုပ္ပတိ္တ)ကို ယုံတမ်းစကားများပြုလုပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကစဉ့်ကလျား ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲဤသည့်(ဖြစ်ရပ်)၌ လွန်စွာကျေးဇူးသိတတ်သော၊ သည်းခံခြင်းတရားထားရှိသူ တိုင်းအဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကုန်သတည်း။
20وَلَقَدْ صَدَّقَ عَلَيْهِمْ إِبْلِيسُ ظَنَّهُ فَاتَّبَعُوهُ إِلَّا فَرِيقًا مِّنَ الْمُؤْمِنِينَ
စင်စစ်ဧကန် အီဗ်လီစ် သည် ၎င်းတို့ (အာဒမ်၏သားသမီးများ)နှင့်ပတ်သက်သော မိမိ၏ ထင်မြင်ယူဆချက်ကို မှန်ကန်ကြောင်းတွေ့ရှိခဲ့၏။ အကြောင်းမူကား မုအ်မင်န်သက်ဝင်ယုံကြည်သူ များဖြစ်ကြသောလူစုမှအပ ၎င်းတို့မှာ ထိုအီဗ်လီစ် ၏နောက်သို့ လိုက်ခဲ့ကြသောကြောင့်ပင်။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
18အာယာသ်

ဘာသာပြန် — စဗ 18

စူရာ စဗ အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့နှင့်ငါအရှင်မြတ် သုခချမ်းသာနှင့် ပြည့်စုံစေတော်မူခဲ့သော မြို့ရွာများ၏အကြား၌ မြင်လွယ်သောမြို့ရွာများကို စည်ကားစေတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်…

စူရာ အာယာသ် 18/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers