အန်-နီဆာ · 4/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَآتُوا النِّسَاءَ صَدُقَاتِهِنَّ نِحْلَةً ۚ فَإِن طِبْنَ لَكُمْ عَن شَيْءٍ مِّنْهُ نَفْسًا فَكُلُوهُ هَنِيئًا مَّرِيئًا ۝٤
Wa aatun nisaaa`a sadu qaatihinna nihlah; fa in tibna lakum `an shai`im minhu nafsan fakuloohu hanee`am mareee`aa
📖 မြန်မာဘာသာ
ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမတို့အား ၎င်းတို့၏ ‘မဟရ်’ ကို ကြည်ဖြူစွာ ပေးကြကုန်လော့။ သို့ရာတွင် အကယ်၍ ထိုဇနီးမိန်းမတို့က ယင်း ‘မဟရ်’ အနက်မှ တချို့တစ်ဝက်ကို (သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း) အသင်တို့အဖို့ သဒ္ဓါစိတ်ကြည်ဖြူစွာနှင့် စွန့်လွှတ်ကြပါလျှင် အသင်တို့သည် (စွန့်လွှတ်သော) ထို ‘မဟရ်’ ကို အရသာရှိရှိ မြိန်ရှက်စွာ စားသုံးနိုင်ကြသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဆွဒူကာသိဟင်န (صَدُقَاتِهِنَّ): ဇနီးမောင်နှံတို့၏ မဟ်ရ် (مهر) များကို ဆိုလိုသည်။ မဟ်ရ်ဆိုသည်မှာ အိမ်ထောင်ပြုရာတွင် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ပေးအပ်ရမည့် ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးဖြစ်သည်။
  • နိဟ်လသန် (نِحْلَةً): စေတနာဖြင့် ပေးအပ်သော လက်ဆောင်အဖြစ်၊ တာဝန်ဝတ္တရားအဖြစ် ပေးအပ်ခြင်းကို ဆိုလိုသည်။
  • သိဗ်န (طِبْنَ): စိတ်ဆန္ဒအလျောက် နှစ်သက်ကျေနပ်ခြင်း၊ စိတ်အားထက်သန်စွာ သဘောတူခြင်းကို ဆိုလိုသည်။
  • နဖ်သန် (نَفْسًا): စိတ်နှလုံးကို ဆိုလိုသည်။ ဤနေရာတွင် စိတ်ဆန္ဒအလျောက်၊ အတင်းအကြပ်မရှိဘဲ ဟူသော အဓိပ္ပာယ်ဖြစ်သည်။
  • ဟနီအသန် (هَنِيئًا): သန့်ရှင်းသော၊ ကောင်းချီးမင်္ဂလာရှိသော၊ စိတ်ချမ်းသာစွာ သုံးဆောင်နိုင်သော ဟူသော အဓိပ္ပာယ်ဖြစ်သည်။
  • မရီအသန် (مَرِيئًا): အဆင်ပြေသော၊ အပြစ်ကင်းသော၊ မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သုံးဆောင်နိုင်သော ဟူသော အဓိပ္ပာယ်ဖြစ်သည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် အီမာန်သမားများအား မိန်းမမျိုးသမီးတို့၏ မဟ်ရ်များကို သူတို့အား ပေးအပ်ကြရန် အမိန့်ပေးတော်မူသည်။ ဤမဟ်ရ်သည် ခင်ပွန်းဖြစ်သူအပေါ် မဖြစ်မနေ ကျရောက်သော တာဝန်ဝတ္တရားဖြစ်ပြီး၊ စေတနာဖြင့် ပေးအပ်ရမည့် လက်ဆောင်အဖြစ်၊ ဇနီးဖြစ်သူ၏ အခွင့်အရေးအဖြစ် သတ်မှတ်ထားတော်မူသည်။ ထို့နောက် အကယ်၍ ဇနီးဖြစ်သူတို့သည် မိမိတို့၏ မဟ်ရ်ထဲမှ တစ်စိတ်တစ်ပိုင်းကို စိတ်ဆန္ဒအလျောက်၊ အတင်းအကြပ်မရှိဘဲ ခင်ပွန်းဖြစ်သူအား ပြန်လည်ပေးအပ်လှူဒါန်းလိုပါက၊ ထိုပစ္စည်းဥစ္စာကို ခင်ပွန်းဖြစ်သူသည် သန့်ရှင်းစွာ၊ အပြစ်ကင်းစွာ၊ စိတ်ချမ်းသာစွာဖြင့် သုံးဆောင်နိုင်သည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတော်မူသော ဟလာလ်ဖြစ်ပြီး၊ မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သုံးဆောင်နိုင်သော ပစ္စည်းဥစ္စာဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အစ္စလာမ်သည် မိန်းမမျိုးသမီးတို့၏ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ပ


📜 အာယာသ် 2-6 — စူရာ အန်-နီဆာ

2وَآتُوا الْيَتَامَىٰ أَمْوَالَهُمْ ۖ وَلَا تَتَبَدَّلُوا الْخَبِيثَ بِالطَّيِّبِ ۖ وَلَا تَأْكُلُوا أَمْوَالَهُمْ إِلَىٰ أَمْوَالِكُمْ ۚ إِنَّهُ كَانَ حُوبًا كَبِيرًا
ထို့ပြင်တဝ အသင်တို့သည် အဖမဲ့ကလေးတို့အား ထိုသူတို့၏ ဥစ္စာပစ္စည်းများကို (သစ္စာရှိစွာဖြင့်) ပြန်၍ ပေးကြကုန်လော့။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏ပစ္စည်း) အညံ့ကို (အဖမဲ့တို့၏ပစ္စည်း) အကောင်းနှင့် လဲလှယ်ခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ထိုအဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို မိမိတို့၏ ဥစ္စာပစ္စည်းများနှင့် ရောနှောစားသုံးခြင်းကိုလည်း မပြုကြကုန်လင့်။ ယင်းကဲ့သို့ပြုမူခြင်းသည် စင်စစ်ဧကန် ကြီးစွာသော အပြစ်ပင်ဖြစ်ချေ၏။
3وَإِنْ خِفْتُمْ أَلَّا تُقْسِطُوا فِي الْيَتَامَىٰ فَانكِحُوا مَا طَابَ لَكُم مِّنَ النِّسَاءِ مَثْنَىٰ وَثُلَاثَ وَرُبَاعَ ۖ فَإِنْ خِفْتُمْ أَلَّا تَعْدِلُوا فَوَاحِدَةً أَوْ مَا مَلَكَتْ أَيْمَانُكُمْ ۚ ذَٰلِكَ أَدْنَىٰ أَلَّا تَعُولُوا
သို့ရာတွင် အကယ်၍ အသင်တို့သည် ဖမဲ့မိန်းကလေးများနှင့် (ထိန်းမြားရာတွင် ထိုမိန်းကလေးတို့၏ အခွင့်အရေးများနှင့်) ပတ်သက်၍ တရားမျှတအောင် ပြုလုပ်နိုင်ကြမည်ဟုတ်ဟု စိုးရိမ်ကြသော် (ထိုမိန်းကလေးနှင့် မထိမ်းမြားကြနှင့်) မိမိတို့နှစ်ခြိုက်သော (အခြား) အမျိုးသမီးများအနက် (ယောက်ျားတစ်ဦးလျှင်) မိန်းမ နှစ်ယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမသုံးယောက်စီနှင့်ဖြစ်စေ၊ သို့မဟုတ် မိန်းမ လေးယောက်စီနှင့်ဖြစ်စေ ထိမ်းမြားကြကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (မိန်းမတစ်ယောက်ထက်ပို၍ ထိမ်းမြားရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည်မဟုတ်ဟု စိုးရိမ်မကင်းဖြစ်ကြပြန်သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် (တင်းတိမ်ကြရမည်) ။ သို့မဟုတ်ပါမူ (တရားတော်အရ) မိမိတို့လက်အောက်ပိုင်ဆိုင်သော ကျွန်မိန်းမနှင့်ပင် တင်းတိမ်ကြရမည်။ ဤသည် အသင်တို့ စ�်းကမ်းကျူးလွန်မှု မပြုကြရန် အနီးစပ်ဆုံး (အသင့်လျော်ဆုံးနည်းပင်) ဖြစ်ချေသည်။
4وَآتُوا النِّسَاءَ صَدُقَاتِهِنَّ نِحْلَةً ۚ فَإِن طِبْنَ لَكُمْ عَن شَيْءٍ مِّنْهُ نَفْسًا فَكُلُوهُ هَنِيئًا مَّرِيئًا
ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမတို့အား ၎င်းတို့၏ ‘မဟရ်’ ကို ကြည်ဖြူစွာ ပေးကြကုန်လော့။ သို့ရာတွင် အကယ်၍ ထိုဇနီးမိန်းမတို့က ယင်း ‘မဟရ်’ အနက်မှ တချို့တစ်ဝက်ကို (သော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း) အသင်တို့အဖို့ သဒ္ဓါစိတ်ကြည်ဖြူစွာနှင့် စွန့်လွှတ်ကြပါလျှင် အသင်တို့သည် (စွန့်လွှတ်သော) ထို ‘မဟရ်’ ကို အရသာရှိရှိ မြိန်ရှက်စွာ စားသုံးနိုင်ကြသည်။
5وَلَا تُؤْتُوا السُّفَهَاءَ أَمْوَالَكُمُ الَّتِي جَعَلَ اللَّهُ لَكُمْ قِيَامًا وَارْزُقُوهُمْ فِيهَا وَاكْسُوهُمْ وَقُولُوا لَهُمْ قَوْلًا مَّعْرُوفًا
၎င်းပြင် အသင်တို့သည် မိမိတို့ (ထံ၌ ထိန်းသိမ်းထားသော ဖမဲ့ကလေးများ၏) ဥစ္စာပစ္စည်းများကို အသိအလိမ္မာ ဉာဏ်ပညာနည်းပါးသောသူတို့အား မပေးကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းများကို အသင်တို့အဖို့ အသက်မွေးဝမ်းကျောင်းမှုအတွက် အရင်းအနှီးအဖြစ် ပြုထားတော်မူသည်။ သို့ရာတွင် အသင်တို့သည် ထိုဥစ္စာပစ္စည်းများအနက်မှ ထိုသူတို့အား ကျွေးမွေးကြလေကုန်၊ ၎င်းပြင် ထိုသူတို့အား ဝတ်စားတန်ဆာ ဆင်ယင်ပေးကြလေကုန်။ ၎င်းပြင် ထိုသူတို့အား ကောင်းမွန်သောစကားကို ပြောဆိုသွန်သင် ဆုံးမကြလေကုန်။
6وَابْتَلُوا الْيَتَامَىٰ حَتَّىٰ إِذَا بَلَغُوا النِّكَاحَ فَإِنْ آنَسْتُم مِّنْهُمْ رُشْدًا فَادْفَعُوا إِلَيْهِمْ أَمْوَالَهُمْ ۖ وَلَا تَأْكُلُوهَا إِسْرَافًا وَبِدَارًا أَن يَكْبَرُوا ۚ وَمَن كَانَ غَنِيًّا فَلْيَسْتَعْفِفْ ۖ وَمَن كَانَ فَقِيرًا فَلْيَأْكُلْ بِالْمَعْرُوفِ ۚ فَإِذَا دَفَعْتُمْ إِلَيْهِمْ أَمْوَالَهُمْ فَأَشْهِدُوا عَلَيْهِمْ ۚ وَكَفَىٰ بِاللَّهِ حَسِيبًا
၎င်းပြင် အသင်တို့သည် ဖမဲ့ကလေးများ (၏အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်အရွယ်သို့ ရောက်ရှိလာကြသည့်တိုင်အောင် စမ်းသပ်ကြလေကုန်၊ ထို့နောက် အကယ်၍ အသင်တို့သည် ထိုဖမဲ့ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရား (ရှိသည်) ကို တွေ့ရှိသော် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို ထိုကလေးများ ကြီးပြင်းလာကြမည်ကိုစိုးရိမ်၍ အလဟဿ သုံးဖြုန်းခြင်းအားဖြင့်လည်းကောင်း၊ လျင်မြန်စွာ သုံးစွဲခြင်းဖြင့်လည်းကောင်း စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ချမ်းသာကြွယ်ဝသူဖြစ်လျှင် ထိုသူသည် (ဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရပေမည်။ သို့ရာတွင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါလျှင် ထိုသူသည် (ထိုဘမဲ့ကလေးတို့ ၏ ဥစ္စာပစ္စည်းအနက်မှ) မလွှဲမရှောင်သာနိုင်သော ကိစ္စများအတွက် အသင့်အတင့် စားသုံးနိုင်ပေသည်။ တစ်ဖန် အသင်တို့သည် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပြန်လည်ပေးအပ်ကြသောအခါ ထိုသူတို့ (အားပြန်လည်ပေးခြင်း) အပေါ်၌ အသိသက်သေများ ထားကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် တွက်ချက်စစ်ဆေးတော်မူသည့် အရှင်အဖြစ် လုံလောက်တော်မူပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
4အာယာသ်

ဘာသာပြန် — အန်-နီဆာ 4

စူရာ အန်-နီဆာ အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမတို့အား ၎င်းတို့၏ ‘မဟရ်’ ကို ကြည်ဖြူစွာ ပေးကြကုန်လော့။ သို့ရာတွင်…

စူရာ အာယာသ် 4/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers