ဂါဖီရ် · 66/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
۞ قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ لَمَّا جَاءَنِيَ الْبَيِّنَاتُ مِن رَّبِّي وَأُمِرْتُ أَنْ أُسْلِمَ لِرَبِّ الْعَالَمِينَ ۝٦٦
Qul innee nuheetu an a`budal lazeena tad`oona min doonil laahi lammaa jaaa`a niyal biyinaatu mir Rabbee wa umirtu an uslima li Rabbil `aalameen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ ငါ၏ထံသို့ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာတော်များ ရောက်လာခဲ့ပြီဖြစ်ရာ၊ ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ဆည်းကပ်ကိုးကွယ်ခြင်းမပြုရန် တားမြစ်တော်မူခြင်းကိုခံရ၏။ ထိုမှတစ်ပါး ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုသာလျှင် လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုခံရ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 64-68 — စူရာ ဂါဖီရ်

64اللَّهُ الَّذِي جَعَلَ لَكُمُ الْأَرْضَ قَرَارًا وَالسَّمَاءَ بِنَاءً وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَرَزَقَكُم مِّنَ الطَّيِّبَاتِ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ ۖ فَتَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
အလ္လာဟ်အရှင်မြတ်သည်ပင် အကြင်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို မှီတင်းနေထိုင်ရာအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်၍ ပေးတော်မူခဲ့၏။ ထို့ပြင်ထိုအရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်တော်မူခဲ့ရာ အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ကောင်းမွန်လှပစွာ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး အသင်တို့အား စင်ကြယ်ကောင်းမွန်သောအရာများကို ကျွေးမွေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စင်စစ်သော်ကား စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံလှတော်မူ၏။
65هُوَ الْحَيُّ لَا إِلَٰهَ إِلَّا هُوَ فَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۗ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ထိုအရှင်မြတ်သည်ပင်(အမြဲထာဝရ)ရှင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို ထိုအရှင်မြတ်အတွက် သန့်သန့်ပြုကြလျက် ဟစ်ခေါ်တသကြလေကုန်၊ ချီးမွမ်းထောပနာအပေါင်းတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်သင့်ပေသတည်း။
66۞ قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ لَمَّا جَاءَنِيَ الْبَيِّنَاتُ مِن رَّبِّي وَأُمِرْتُ أَنْ أُسْلِمَ لِرَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ ငါ၏ထံသို့ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာတော်များ ရောက်လာခဲ့ပြီဖြစ်ရာ၊ ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ဆည်းကပ်ကိုးကွယ်ခြင်းမပြုရန် တားမြစ်တော်မူခြင်းကိုခံရ၏။ ထိုမှတစ်ပါး ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုသာလျှင် လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုခံရ၏။
67هُوَ الَّذِي خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ يُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوا أَشُدَّكُمْ ثُمَّ لِتَكُونُوا شُيُوخًا ۚ وَمِنكُم مَّن يُتَوَفَّىٰ مِن قَبْلُ ۖ وَلِتَبْلُغُوا أَجَلًا مُّسَمًّى وَلَعَلَّكُمْ تَعْقِلُونَ
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ကလလရေကြည်ဖြင့် ထို့နောက် သွေးခဲဖြင့်၊ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ကလေးသူငယ်များအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏လူလားမြောက်အရွယ်ရောက်သော အချိန်ကာလတိုင်အောင် ရောက်ရှိကြအံ့သောငှာ(အသက်ရှင်စေတော်မူ၏)။ ထို့နောက်တစ်ဖန် အသင်တို့သည် ဇရာအိုများအရွယ်သို့ ရောက်ရှိကြအံ့သောငှာ (အသက်ရှင်စေတော်မူ၏)။ ၎င်းပြင် အသင်တို့အနက်(လူလားမြောက်ခြင်း အရွယ်သို့လည်းကောင်း၊ ဇရာအိုအရွယ်သို့လည်းကောင်း၊ မရောက်မီ) ရှေးဦးမဆွ၌ပင် သေဆုံးကြရသူများလည်း ရှိကြပေသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရောက်ရှိအံ့သောငှာလည်းကောင်း၊ အသင်တို့သည် သိနားလည်ကြအံ့သောငှာလည်းကောင်း၊(ထိုအရှင်မြတ်သည် အသင်တို့အား ရွှေ့ဆိုင်းထားတော်မူ၏။)
68هُوَ الَّذِي يُحْيِي وَيُمِيتُ ۖ فَإِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُن فَيَكُونُ
ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် အရေးကိစ္စတစ်စုံတစ်ရာကို ပြဌာန်းလိုတော်မူသောအခါ ဖြစ်စေဟု မိန့်ကြားတော်မူရုံဖြင့် ယင်းအရေးကိစ္စမှာ(ချက်ချင်း)ဖြစ်ပေါ်လာလေသတည်း။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
66အာယာသ်

ဘာသာပြန် — ဂါဖီရ် 66

စူရာ ဂါဖီရ် အာယာသ် 66 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ ငါ၏ထံသို့ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ…

စူရာ အာယာသ် 66/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 64–68. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers