အက်ရှ်-ရှူရာ · 24/53
ဘာသာပြန် အသံနိုင်ငံ — အက်ရှ်-ရှူရာ
أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِن يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ ۝٢٤
Am yaqooloonaf tara `alal laahi kaziban fa-iny yasha il laahu yakhtim `alaa qalbik; wa yamhul laahul baatila wa yuhiqqul haqqa bi Kalimaatih; innahoo `Aleemum bizaatis sudoor
📖 မြန်မာဘာသာ
၎င်းတို့က ထို(မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲခဲ့သည်ဟု ပြောဆိုကြလေသလော။သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်၏စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အာယတ်တော်များဖြင့် အမှားကို ဖျောက်ဖျက်တော်မူ၍အမှန်ကို အခိုင်အမာဖြစ်အောင် ပြုလုပ်တော်မူလေ့ရှိ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် ရင်များ၏အတွင်း၌ ရှိသည်များတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🎧 နားထောင်

📜 အာယာသ် 22-26 — အက်ရှ်-ရှူရာ

22تَرَى الظَّالِمِينَ مُشْفِقِينَ مِمَّا كَسَبُوا وَهُوَ وَاقِعٌ بِهِمْ ۗ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي رَوْضَاتِ الْجَنَّاتِ ۖ لَهُم مَّا يَشَاءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
(အို-နဗီတမန်တော်)အသင်သည် မတရားသောသူတို့အား မိမိတို့၏ ဆည်းပူးချက်တို့ကြောင့် ထိတ်လန့်ကြောက်ရွံ့စိုးရိမ်လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်းဆည်းပူးချက် တို့၏ဆိုးကျိုးမှာ ၎င်းတို့၌ ကျရောက်မည် ဖြစ်ပေသည်။ ထို့ပြင် အီမာန်သက်ဝင်ယုံကြည်၍ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသောသူတို့မှာ ဂျန္နတ်သုခဘုံများ၏ဥယျာဉ်များ၌ ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အထံတော်တွင် ၎င်းတို့အလိုရှိ သမျှသောအရာများသည်ရှိကုန်၏။ ဤသည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ပင်ဖြစ်ပေသတည်း။
23ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُل لَّا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَن يَقْتَرِفْ حَسَنَةً نَّزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ
ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။
24أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِن يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
၎င်းတို့က ထို(မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲခဲ့သည်ဟု ပြောဆိုကြလေသလော။သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်၏စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အာယတ်တော်များဖြင့် အမှားကို ဖျောက်ဖျက်တော်မူ၍အမှန်ကို အခိုင်အမာဖြစ်အောင် ပြုလုပ်တော်မူလေ့ရှိ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် ရင်များ၏အတွင်း၌ ရှိသည်များတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
25وَهُوَ الَّذِي يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَعْفُو عَنِ السَّيِّئَاتِ وَيَعْلَمُ مَا تَفْعَلُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိ ကျွန်များ၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှတို့ကို သိတော်မူ၏။
26وَيَسْتَجِيبُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَيَزِيدُهُم مِّن فَضْلِهِ ۚ وَالْكَافِرُونَ لَهُمْ عَذَابٌ شَدِيدٌ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်အီမာန်သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့၏ ဆုတောင်းပတ္ထနာပြုချက်ကို သဘောတူလက်ခံတော်မူ၏။ ထို့ပြင် ၎င်းတို့အား မိမိကျေးဇူးတော်ဖြင့် တိုး၍ပင် ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင်ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့၌မူ ပြင်းထန်လှစွာသောပြစ်ဒဏ်သည် ရှိချေမည်။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 24

စူရာ အက်ရှ်-ရှူရာ အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့က ထို(မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲခဲ့သည်ဟု ပြောဆိုကြလေသလော။သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်၏စိတ်နှလုံးပေါ်၌…

စူရာ အာယာသ် 24/53 — အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အက်ရှ်-ရှူရာ နားထောင်, အက်ရှ်-ရှူရာ ဘာသာပြန်, အက်ရှ်-ရှူရာ mp3, အက်ရှ်-ရှူရာ pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers