အလ်-အာ့ကာဖ် · 27/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
وَلَقَدْ أَهْلَكْنَا مَا حَوْلَكُم مِّنَ الْقُرَىٰ وَصَرَّفْنَا الْآيَاتِ لَعَلَّهُمْ يَرْجِعُونَ ۝٢٧
Wa laqad ahlaknaa ma hawlakum minal quraa wa sarrafnal Aayaati la`allahum yarji`oon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာ(သား) တို့အား(လည်း) ဖျက်ဆီးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့(တွဲဖက် ကိုးကွယ်မှုကိုစွန့် ၍) ပြန်လှည့်ကြအံ့သောငှာ (မိမိ၏)သက်သေ လက္ခဏာတော်များကို အမျိုးမျိုး ပြောင်းလဲမိန့်ကြား ပြသတော်မူခဲ့၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْقُرَىٰ (အလ်-ကုရာ): ရွာများ၊ မြို့များ ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် မက္ကာမြို့သူမြို့သားများ၏ ပတ်ဝန်းကျင်ရှိ ရှေးခေတ် လူမျိုးများ၏ နေရာဒေသများကို ရည်ညွှန်းသည်။
  • وَصَرَّفْنَا (ဝဆောရ္ရဖ်နာ): အမျိုးမျိုးအဖုံဖုံ ရှင်းလင်းဖော်ပြခဲ့သည်၊ အထပ်ထပ် ရှင်းပြခဲ့သည် ဟု အဓိပ္ပာယ်ရသည်။
  • الْآيَاتِ (အလ်-အာယာသ်): သက်သေလက္ခဏာများ၊ သတိပေးချက်များ၊ ဒေသနာတော်များ ဟု အဓိပ္ပာယ်ရသည်။
  • يَرْجِعُونَ (ယရ်ဂျိအူန): သူတို့ ပြန်လည်လာကြမည်၊ လမ်းမှန်သို့ ပြန်လှည့်ကြမည် ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို မက္ကာမြို့သူမြို့သားတို့၊ သင်တို့၏ ပတ်ဝန်းကျင်တွင် ရှိခဲ့သော ရွာများ၊ မြို့များကို ငါအရှင်မြတ်သည် ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ အာဒ်၊ ဆမూఒ်၊ လူသွတ်၏ လူမျိုးနှင့် မဒ်ယန်သူများကဲ့သို့သော လူမျိုးများကို ဖျက်ဆီးခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုလူမျိုးများအား သက်သေလက္ခဏာများ၊ သတိပေးချက်များကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းဖော်ပြခဲ့သည်။ သူတို့သည် မိမိတို့၏ မယုံကြည်မှု၊ အရှင်မြတ်ကို ငြင်းပယ်မှုမှ ပြန်လည်လှည့်ထွက်ပြီး အရှင်မြတ်ဘက်သို့ ပြန်လာကြရန်၊ လမ်းမှန်သို့ ပြန်လည်ရောက်ရှိကြရန် ဖြစ်သည်။ သို့သော် သူတို့သည် ပြန်မလာခဲ့ကြပေ။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့ကို ဖျက်ဆီးတော်မူခဲ့သည်။

ဤအာယသ်တော်သည် မက္ကာမြို့သူမြို့သားများအား သတိပေးနှိုးဆော်နေခြင်း ဖြစ်သည်။ သူတို့၏ ပတ်ဝန်းကျင်တွင် ရှိခဲ့သော ရှေးလူမျိုးများသည် အရှင်မြတ်၏ ရစူလ်တမန်တော်များကို ငြင်းပယ်ခဲ့ကြသောကြောင့် ဖျက်ဆီးခြင်းခံခဲ့ကြရသည်။ ထိုလူမျိုးများ၏ နေရာဒေသများသည် လူသူကင်းမဲ့သော အပျက်အစီးများ ဖြစ်ခဲ့ကြသည်။ ဤအဖြစ်အပျက်များသည် မက္ကာမြို့သူမြို့သားများအတွက် သင်ခန်းစာယူရန် သက်သေလက္ခဏာများ ဖြစ်သည်။ အရှင်မြတ်သည် ထိုလူမျိုးများအား သတိပေးချက်များ၊ ဒေသနာတော်များကို အထပ်ထပ် ရှင်းလင်းဖော်ပြခဲ့သည်။ သူတို့သည် ကုဖ်ရ် (မယုံကြည်မှု) မှ ပြန်လည်လှည့်ထွက်ပြီး အစ္စလ



📜 အာယာသ် 25-29 — စူရာ အလ်-အာ့ကာဖ်

25تُدَمِّرُ كُلَّ شَيْءٍ بِأَمْرِ رَبِّهَا فَأَصْبَحُوا لَا يُرَىٰ إِلَّا مَسَاكِنُهُمْ ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ရလေသောအဖြစ်သို့ ရောက်သွားခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ထိုနည်းအတိုင်းပင် အစားပေးတော်မူပေသတည်း။
26وَلَقَدْ مَكَّنَّاهُمْ فِيمَا إِن مَّكَّنَّاكُمْ فِيهِ وَجَعَلْنَا لَهُمْ سَمْعًا وَأَبْصَارًا وَأَفْئِدَةً فَمَا أَغْنَىٰ عَنْهُمْ سَمْعُهُمْ وَلَا أَبْصَارُهُمْ وَلَا أَفْئِدَتُهُم مِّن شَيْءٍ إِذْ كَانُوا يَجْحَدُونَ بِآيَاتِ اللَّهِ وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ပေးတော်မမူခဲ့သော ဆောင်ရွက်နိုင်ရန် စွမ်းရည်သတ္တိကိုပင် ၎င်းတို့အား ပေးတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကိုလည်း ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ထိုသူတို့၏ နားများသည် ထိုသူတို့အဖို့ လုံးဝအသုံးဝင်ခဲ့သည် မဟုတ်ပေ။ထိုနည်းတူစွာ ထိုသူတို့၏ မျက်စိများလည်း အသုံးမဝင်ခဲ့ပေ။ထိုသူတို့၏ စိတ်နှလုံးများလည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့်ပင်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်လျက် ရှိခဲ့ကြသော ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။
27وَلَقَدْ أَهْلَكْنَا مَا حَوْلَكُم مِّنَ الْقُرَىٰ وَصَرَّفْنَا الْآيَاتِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာ(သား) တို့အား(လည်း) ဖျက်ဆီးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့(တွဲဖက် ကိုးကွယ်မှုကိုစွန့် ၍) ပြန်လှည့်ကြအံ့သောငှာ (မိမိ၏)သက်သေ လက္ခဏာတော်များကို အမျိုးမျိုး ပြောင်းလဲမိန့်ကြား ပြသတော်မူခဲ့၏။
28فَلَوْلَا نَصَرَهُمُ الَّذِينَ اتَّخَذُوا مِن دُونِ اللَّهِ قُرْبَانًا آلِهَةً ۖ بَلْ ضَلُّوا عَنْهُمْ ۚ وَذَٰلِكَ إِفْكُهُمْ وَمَا كَانُوا يَفْتَرُونَ
ထို့နောက် ၎င်းတို့ အလ္လာဟ်အရှင်မြတ်အား စွန့်၍ (မိမိတို့)ချဉ်းကပ်ရန်အလို့ငှာ ကိုးကွယ်ရာများအဖြစ် သတ်မှတ်ခဲ့ကြသော ဘုရားများသည် ၎င်းတို့အား အဘယ်ကြောင့် မကူညီခဲ့ကြသနည်း။ စင်စစ်မှာကား ယင်းကိုးကွယ်ရာများသည် ၎င်းတို့ထံမှ ပျောက်ကွယ်၍ သွားခဲ့ကြကုန်၏။ အမှန်စင်စစ် ဤသည် ထိုသူတို့၏ လီဆယ်မှုနှင့် ထိုသူတို့ ကြံစည်ဖန်တီးခဲ့သောအရာပင် ဖြစ်ပေသတည်း။
29وَإِذْ صَرَفْنَا إِلَيْكَ نَفَرًا مِّنَ الْجِنِّ يَسْتَمِعُونَ الْقُرْآنَ فَلَمَّا حَضَرُوهُ قَالُوا أَنصِتُوا ۖ فَلَمَّا قُضِيَ وَلَّوْا إِلَىٰ قَوْمِهِم مُّنذِرِينَ
(အို-နဗီတမန်တော်၊ ပြန်လည်၍ ပြောပြပါလေ)တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ဂျင်န်တစ်စုကို အသင်ရှိရာသို့ ရောက်ရှိစေတော်မူခဲ့ရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုတမန်တော်မြတ်ရှိရာသို့ ရောက်ရှိခဲ့ကြသောအခါ ၎င်းတို့က (မိမိတို့အချင်းချင်း)အသင်တို့သည် ဆိတ်ဆိတ်နေကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ် (ဖတ်ကြား၍)ပြီးဆုံးသွားသောအခါ ၎င်းတို့သည် မိမိတို့အမျိုးသားတို့ထံ သတိပေး နှိုးဆော်သူတို့အဖြစ် လှည့်ပြန်ခဲ့ကြကုန်၏။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
27အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 27

စူရာ အလ်-အာ့ကာဖ် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာ(သား) တို့အား(လည်း) ဖျက်ဆီးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်…

စူရာ အာယာသ် 27/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers