အလ်-မာအိဒ · 60/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
قُلْ هَلْ أُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكَ مَثُوبَةً عِندَ اللَّهِ ۚ مَن لَّعَنَهُ اللَّهُ وَغَضِبَ عَلَيْهِ وَجَعَلَ مِنْهُمُ الْقِرَدَةَ وَالْخَنَازِيرَ وَعَبَدَ الطَّاغُوتَ ۚ أُولَٰئِكَ شَرٌّ مَّكَانًا وَأَضَلُّ عَن سَوَاءِ السَّبِيلِ ۝٦٠
Qul hal unabbi`ukum bisharrim min zaalika masoobatan `indal laah; malla`ana hul laahu wa ghadiba `alaihi wa ja`ala minhumul qiradata wal khanaazeera wa `abadat Taaghoot; ulaaa`ika sharrum makaananw wa adallu `an Sawaaa`is Sabeel
📖 မြန်မာဘာသာ
အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသ�် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာကား) အကြင်သူတို့ (၏ အဖြစ်အပျက်) ပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။ ၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များနှင့် ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကိုလည်း ဆည်းကပ်ကိုးကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်း အဆိုးရွားဆုံးသောသူများပင် ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန် ဝေးကွာလျက်ရှိသောသူများပင် ဖြစ်ကြ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 58-62 — စူရာ အလ်-မာအိဒ

58وَإِذَا نَادَيْتُمْ إِلَى الصَّلَاةِ اتَّخَذُوهَا هُزُوًا وَلَعِبًا ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَعْقِلُونَ
ထို့ပြင်တဝ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုခြင်းငှာ (အဇာန်) ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ်ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။
59قُلْ يَا أَهْلَ الْكِتَابِ هَلْ تَنقِمُونَ مِنَّا إِلَّا أَنْ آمَنَّا بِاللَّهِ وَمَا أُنزِلَ إِلَيْنَا وَمَا أُنزِلَ مِن قَبْلُ وَأَنَّ أَكْثَرَكُمْ فَاسِقُونَ
(အို- နဗီတမန်တော်) အသင်သည် (ရှေးအထက်ကျမ်းဂန်ရရှိသူ ယဟူဒီနှင့်ခရစ်ယာန်တို့အား ဤသို့) ပြောဆိုပါလေ။ “အို- ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ မိမိတို့ထံကျရောက်လာသော ဓမ္မဒေသနာတော်နှင့် ရှေးအထက်ကျော်ကာလက ကျရောက်ခဲ့လေသော ဓမ္မဒေသနာတော်များကိုပါ သက်ဝင်ယုံကြည်ကြသည်ကိုသာလျှင် အသင်တို့သည် အကျွန်ုပ်တို့အပေါ်၌ ကဲ့ရဲ့ပြစ်တင်နေကြသည် မဟုတ်ပါလော။ အမှန်စင်စစ်သော်ကား အသင်တို့အနက် များစွာသောသူတို့သည် စည်းကမ်းဖေါက်ဖျက်သောသူများပင် ဖြစ်ကြပေသတည်း။”
60قُلْ هَلْ أُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكَ مَثُوبَةً عِندَ اللَّهِ ۚ مَن لَّعَنَهُ اللَّهُ وَغَضِبَ عَلَيْهِ وَجَعَلَ مِنْهُمُ الْقِرَدَةَ وَالْخَنَازِيرَ وَعَبَدَ الطَّاغُوتَ ۚ أُولَٰئِكَ شَرٌّ مَّكَانًا وَأَضَلُّ عَن سَوَاءِ السَّبِيلِ
အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသ�် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာကား) အကြင်သူတို့ (၏ အဖြစ်အပျက်) ပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။ ၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များနှင့် ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကိုလည်း ဆည်းကပ်ကိုးကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်း အဆိုးရွားဆုံးသောသူများပင် ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန် ဝေးကွာလျက်ရှိသောသူများပင် ဖြစ်ကြ၏။
61وَإِذَا جَاءُوكُمْ قَالُوا آمَنَّا وَقَد دَّخَلُوا بِالْكُفْرِ وَهُمْ قَدْ خَرَجُوا بِهِ ۚ وَاللَّهُ أَعْلَمُ بِمَا كَانُوا يَكْتُمُونَ
၄င်းပြင် ထို (မုနာဖစ်က်) တို့သည် အသင်တို့ထံ လာကြလေသောအခါ “ကျွန်ုပ်တို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပါပြီ” ဟု (လိမ်လည်) ပြောဆိုကြကုန်၏။ စင်စစ်တမူကား ၎င်းတို့သည် ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုယူဆောင်၍ ဝင်ရောက်လာကြပြီး ထို ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုပင် ယူဆောင်၍ ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ ထိမ်ချန်လျှို့ဝှက်ထားရှိကြလေသော အရာများကို အသိဆုံးပင်ဖြစ်တော်မူပေသတည်း။
62وَتَرَىٰ كَثِيرًا مِّنْهُمْ يُسَارِعُونَ فِي الْإِثْمِ وَالْعُدْوَانِ وَأَكْلِهِمُ السُّحْتَ ۚ لَبِئْسَ مَا كَانُوا يَعْمَلُونَ
ထို့ပြင်တဝ အသင်သည် ထို (ယဟူဒီ) တို့အနက် မြောက်မြားစွာသောသူတို့ကို ပြစ်မှုဒုစရိုက် ပြုခြင်း၌လည်းကောင်း၊ မတော်မတရား ကျူးကျော်စော်ကားခြင်း၌လည်းကောင်း၊ မတရားသဖြင့် ရရှိသောပစ္စည်းကို စားသုံးခြင်း၌လည်းကောင်း သူ့ထက်ငါသာအောင် ပြေးလွှား (သက်ဆင်း) ကြသည်ကို တွေ့မြင်လတ္တံ့။ စင်စစ်ဧကန် ၎င်းတို့၏အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေတကား။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
60အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 60

စူရာ အလ်-မာအိဒ အာယာသ် 60 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသ�် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို…

စူရာ အာယာသ် 60/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 58–62. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers