အလ်-မာအိဒ · 89/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
لَا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِن يُؤَاخِذُكُم بِمَا عَقَّدتُّمُ الْأَيْمَانَ ۖ فَكَفَّارَتُهُ إِطْعَامُ عَشَرَةِ مَسَاكِينَ مِنْ أَوْسَطِ مَا تُطْعِمُونَ أَهْلِيكُمْ أَوْ كِسْوَتُهُمْ أَوْ تَحْرِيرُ رَقَبَةٍ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ ۚ ذَٰلِكَ كَفَّارَةُ أَيْمَانِكُمْ إِذَا حَلَفْتُمْ ۚ وَاحْفَظُوا أَيْمَانَكُمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَشْكُرُونَ ۝٨٩
Laa yu`aakhizukumul laahu billaghwi feee aimaanikum wa laakiny ya`aakhizukum bimaa `aqqattumul aimaana fakaf faaratuhooo it`aamu `asharati masaakeena min awsati maa tut`imoona ahleekum aw kiswatuhum aw tahreeru raqabatin famallam yajid fa Siyaamu salaasati aiyaam; zaalika kaffaaratu aimaanikum izaa halaftum; wahfazooo aimaanakum; kazaalika yubaiyinul laahu lakum Aayaatihee la`allakum tashkuroon
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ (ယင်းကဲ့သို့သောကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း) ၏ အပြစ်အာပတ်ဖြေမှုကား အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားတို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်) တို့အား အဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက် (ဆက်၍) ‘ဆွိယာမ်’ ဥပုသ်ဆောက်တည်ရမည်။ ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ကျိန်ဆိုချက်များကို ချိုးဖောက်) ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏အပြစ်ကို အာပတ်ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • اللَّغْوُ (အလ်လဂ်ဝ်) — မရည်ရွယ်ဘဲ လျှာဖျားမှ လွယ်ကူစွာ ထွက်ကျသော ကျမ်းကျိန်စကား၊ ဥပမာ “မဟုတ်ဘူး၊ အလ္လာဟ်ကို တိုင်တည်ပြီး” စသည့် စိတ်ထဲမှ မရည်ရွယ်သော ကျမ်းကျိန်ခြင်း။
  • عَقَّدْتُمُ الْأَيْمَانَ (အကੱက်ဒ်တုမုလ် အီမာန်) — စိတ်နှလုံးဖြင့် ခိုင်မာစွာ ဆုံးဖြတ်ပြီး ကျမ်းကျိန်ခြင်း၊ တည်ကြည်စွာ ကတိပြုခြင်း။
  • كَفَّارَتُهُ (ကာဖ္ဖါရာသုဟု) — ထိုကျမ်းကျိန်ချက်ကို ချိုးဖောက်မိခြင်း၏ အပြစ်ကို ဖုံးလွှမ်းဖျက်ဆီးပေးသော လျော်ကြေးပေးခြင်း။
  • أَوْسَطِ مَا تُطْعِمُونَ أَهْلِيكُمْ (အောင်စသိ မာ တုသ်အိမూఔန အဟ်လီကုမ်) — မိမိတို့မိသားစုကို ကျွေးမွေးလေ့ရှိသော အစားအစာအနှစ်အလတ်အရည်အသွေး။
  • تَحْرِيرُ رَقَبَةٍ (တဟ်ရီးရု ရကိုဗသ်) — ကျွန်တစ်ဦးကို လွတ်မြောက်စေခြင်း။
  • وَاحْفَظُوا أَيْمَانَكُمْ (ဝဟ်ဖဇူ အိုင်မာနကုမ်) — မိမိတို့၏ ကျမ်းကျိန်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မုစ်လင်မ်တို့အား မိန့်တော်မူသည်မှာ — သင်တို့၏ လျှာဖျားမှ မရည်ရွယ်ဘဲ ထွက်ကျသော ကျမ်းကျိန်စကားများ (ဥပမာ “မဟုတ်ဘူး၊ အလ္လာဟ်ကို တိုင်တည်ပြီး” စသည်) အတွက် အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို အပြစ်တင်တော်မူမည် မဟုတ်ပါ။ သို့သော် စိတ်နှလုံးဖြင့် ခိုင်မာစွာ ဆုံးဖြတ်ပြီး ကျမ်းကျိန်ခဲ့သော ကျမ်းကျိန်ချက်များကို ချိုးဖောက်မိပါက အပြစ်တင်တော်မူမည် ဖြစ်သည်။

ထိုသို့ ကျမ်းကျိန်ချက်ကို ချိုးဖောက်မိသောအခါ လျော်ကြေးပေးရမည့် နည်းလမ်းသုံးမျိုးအနက် တစ်မျိုးကို ရွေးချယ်နိုင်သည်။ ပထမနည်းလမ်းမှာ ဆင်းရဲသား ဆယ်ဦးကို မိမိတို့မိသားစုကို ကျွေးမွေးလေ့ရှိသော အစားအစာအနှစ်အလတ်အရည်အသွေးဖြင့် ကျွေးမွေးခြင်း ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ထိုဆင်းရဲသား ဆယ်ဦးကို အဝတ်အစား ဝတ်ဆင်ပေးခြင်း ဖြစ်သည်။ တတိယနည်းလမ်းမှာ ကျွန်တစ်ဦးကို လွတ်မြောက်စေခြင်း ဖြစ်သည်။

အကယ်၍ ဤသုံးနည်းလမ်းအနက် တစ်မျိုးမျိုးကို ဆောင်ရွက်နိုင်စွမ်းမရှိပါက သုံးရက်တိတိ ဥပုသ်သီလ ဆောက်တည်ရမည်။ ဤသည်ကား သင်တို့ ကျမ်းကျိန်ပြီးနောက် ချိုးဖောက်မိသောအခါ ပေးရမည



📜 အာယာသ် 87-91 — စူရာ အလ်-မာအိဒ

87يَا أَيُّهَا الَّذِينَ آمَنُوا لَا تُحَرِّمُوا طَيِّبَاتِ مَا أَحَلَّ اللَّهُ لَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သောအရာများကို (မိမိတို့အဖို့) (ဟရာမ်) ဟူ၍ ပိတ်ပင်တားမြစ်ခြင်း မပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း (ဥပဒေ) ကိုလည်း ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကို နှစ်သက်မြတ်နိုးတော်မူသည်မဟုတ်ချေ။
88وَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا ۚ وَاتَّقُوا اللَّهَ الَّذِي أَنتُم بِهِ مُؤْمِنُونَ
ထို့ပြင်တဝ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ (စားသုံး) ခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။
89لَا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِن يُؤَاخِذُكُم بِمَا عَقَّدتُّمُ الْأَيْمَانَ ۖ فَكَفَّارَتُهُ إِطْعَامُ عَشَرَةِ مَسَاكِينَ مِنْ أَوْسَطِ مَا تُطْعِمُونَ أَهْلِيكُمْ أَوْ كِسْوَتُهُمْ أَوْ تَحْرِيرُ رَقَبَةٍ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ ۚ ذَٰلِكَ كَفَّارَةُ أَيْمَانِكُمْ إِذَا حَلَفْتُمْ ۚ وَاحْفَظُوا أَيْمَانَكُمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَشْكُرُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ (ယင်းကဲ့သို့သောကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း) ၏ အပြစ်အာပတ်ဖြေမှုကား အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားတို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်) တို့အား အဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက် (ဆက်၍) ‘ဆွိယာမ်’ ဥပုသ်ဆောက်တည်ရမည်။ ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ကျိန်ဆိုချက်များကို ချိုးဖောက်) ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏အပြစ်ကို အာပတ်ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။
90يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْخَمْرُ وَالْمَيْسِرُ وَالْأَنصَابُ وَالْأَزْلَامُ رِجْسٌ مِّنْ عَمَلِ الشَّيْطَانِ فَاجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ
အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊‘ရှိုင်တွာန်’ အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။
91إِنَّمَا يُرِيدُ الشَّيْطَانُ أَن يُوقِعَ بَيْنَكُمُ الْعَدَاوَةَ وَالْبَغْضَاءَ فِي الْخَمْرِ وَالْمَيْسِرِ وَيَصُدَّكُمْ عَن ذِكْرِ اللَّهِ وَعَنِ الصَّلَاةِ ۖ فَهَلْ أَنتُم مُّنتَهُونَ
မုချဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစား�ေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
89အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 89

စူရာ အလ်-မာအိဒ အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ကား…

စူရာ အာယာသ် 89/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers