အလ်-မာအိဒ · 90/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْخَمْرُ وَالْمَيْسِرُ وَالْأَنصَابُ وَالْأَزْلَامُ رِجْسٌ مِّنْ عَمَلِ الشَّيْطَانِ فَاجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ ۝٩٠
yaaa aiyuhal lazeena aamanooo innamal khamru walmaisiru wal ansaabu wal azlaamu rijsum min `amalish shaitaani fajtaniboohu la`al lakum tuflihoon
📖 မြန်မာဘာသာ
အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊‘ရှိုင်တွာန်’ အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 88-92 — စူရာ အလ်-မာအိဒ

88وَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا ۚ وَاتَّقُوا اللَّهَ الَّذِي أَنتُم بِهِ مُؤْمِنُونَ
ထို့ပြင်တဝ အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ (စားသုံး) ခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။
89لَا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِن يُؤَاخِذُكُم بِمَا عَقَّدتُّمُ الْأَيْمَانَ ۖ فَكَفَّارَتُهُ إِطْعَامُ عَشَرَةِ مَسَاكِينَ مِنْ أَوْسَطِ مَا تُطْعِمُونَ أَهْلِيكُمْ أَوْ كِسْوَتُهُمْ أَوْ تَحْرِيرُ رَقَبَةٍ ۖ فَمَن لَّمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ ۚ ذَٰلِكَ كَفَّارَةُ أَيْمَانِكُمْ إِذَا حَلَفْتُمْ ۚ وَاحْفَظُوا أَيْمَانَكُمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَشْكُرُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ (ယင်းကဲ့သို့သောကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း) ၏ အပြစ်အာပတ်ဖြေမှုကား အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားတို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်) တို့အား အဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက် (ဆက်၍) ‘ဆွိယာမ်’ ဥပုသ်ဆောက်တည်ရမည်။ ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ကျိန်ဆိုချက်များကို ချိုးဖောက်) ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏အပြစ်ကို အာပတ်ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။
90يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْخَمْرُ وَالْمَيْسِرُ وَالْأَنصَابُ وَالْأَزْلَامُ رِجْسٌ مِّنْ عَمَلِ الشَّيْطَانِ فَاجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ
အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊‘ရှိုင်တွာန်’ အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။
91إِنَّمَا يُرِيدُ الشَّيْطَانُ أَن يُوقِعَ بَيْنَكُمُ الْعَدَاوَةَ وَالْبَغْضَاءَ فِي الْخَمْرِ وَالْمَيْسِرِ وَيَصُدَّكُمْ عَن ذِكْرِ اللَّهِ وَعَنِ الصَّلَاةِ ۖ فَهَلْ أَنتُم مُّنتَهُونَ
မုချဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစား�ေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။
92وَأَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَاحْذَرُوا ۚ فَإِن تَوَلَّيْتُمْ فَاعْلَمُوا أَنَّمَا عَلَىٰ رَسُولِنَا الْبَلَاغُ الْمُبِينُ
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်အရပ်ရပ်) ကို လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော် (၏ ဩဝါဒအရပ်ရပ်) ကိုလည်း လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် သတိထားကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်နှင့် နဗီတမန်တော်မြတ်၏ အမိန့်တော်များကို မလိုက်နာကြဘဲ) လွှဲဖယ်သွားကြပါမူ ငါအရှင်မြတ်၏ ရစူလ်တမန်တော်၌ (ငါအရှင်မြတ်၏အမိန့်တော်များကို) ရှင်းလင်းထင်ရှားစွာ (ထုတ်ဖော်ဟောကြား) ပို့သရန်သာ တာဝန်ရှိသည်ကို အသင်တို့ (ကောင်းစွာ) သိနားလည်ထားကြလေကုန်။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
90အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 90

စူရာ အလ်-မာအိဒ အာယာသ် 90 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း)…

စူရာ အာယာသ် 90/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 88–92. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers