အလ်-ဟဒီးဒ် · 14/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဒီးဒ်
يُنَادُونَهُمْ أَلَمْ نَكُن مَّعَكُمْ ۖ قَالُوا بَلَىٰ وَلَٰكِنَّكُمْ فَتَنتُمْ أَنفُسَكُمْ وَتَرَبَّصْتُمْ وَارْتَبْتُمْ وَغَرَّتْكُمُ الْأَمَانِيُّ حَتَّىٰ جَاءَ أَمْرُ اللَّهِ وَغَرَّكُم بِاللَّهِ الْغَرُورُ ۝١٤
Yunaadoonahum alam nakum ma`akum qaaloo balaa wa laakinnakum fatantum anfusakum wa tarabbastum wartabtum wa gharratkumul amaaniyyu hatta jaaa`a amrul laahi wa gharrakum billaahil gharoor
📖 မြန်မာဘာသာ
ထို ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ကျွန်ုပ်တို့သည် (လောကီဘဝတွင်) အသင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လောဟု ဟစ်အော် ပြောဆိုကြပေမည်။ (ထိုအခါ) ထိုမုအ်မင်န် သက်ဝင် ယုံကြည်သူတို့က (ဤသို့) ဖြေကြားကြပေမည်။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ (အမှန်ပင်) အတူရှိခဲ့ကြပေသည်။ သို့ရာတွင် အသင်တို့သည် မိမိတို့ကိုယ်ကို ဖြားယောင်း ခဲ့ကြပေသည်။ ၎င်းပြင် အသင်တို့သည် (အစ္စလာမ်သာသနာတော် ပျက်စီးရန်) စောင့်ဆိုင်း၍ နေခဲ့ကြပေသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်သာသနာ တော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေခဲ့ကြပေသည်။ အချည်းနှီးသော အာသာဆန္ဒများသည်လည်း အသင်တို့အား သွေးဆောင် ဖြားယောင်းခဲ့ပေသည်။ နောက်ဆုံးတွင်(‘မရဏ’ သေခြင်းတရားတည်း ဟူသော) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိ၍ လာခဲ့ပေသည်။ ထိုမှတစ်ပါး လွန်စွာ ဖြားယောင်းသူ(ဖြစ်သော ‘ရှိုင်တွာန်’မိစ္ဆာကောင်)သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သွေးဆောင် ဖြားယောင်းခဲ့ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • يُنَادُونَهُمْ: သူတို့သည် သူတို့အား ခေါ်ဆိုကြသည်။
  • فَتَنتُمْ أَنفُسَكُمْ: သင်တို့သည် မိမိတို့ကိုယ်ကို ဖိတ်နာကျရောက်စေခဲ့ကြသည်။
  • تَرَبَّصْتُمْ: သင်တို့သည် စောင့်မျှော်ခဲ့ကြသည်။
  • ارْتَبْتُمْ: သင်တို့သည် သံသယဝင်ခဲ့ကြသည်။
  • الْأَمَانِيُّ: အာသီသများ၊ ဆန္ဒများ။
  • الْغَرُورُ: အလွန်လှည့်ဖြားသူ (ရှိုင်သွာန်)။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

မုနာဖိက်များသည် မုအ်မင်န်များအား ခေါ်ဆိုကြပြီး "ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ မရှိခဲ့ကြပါသလော" ဟု မေးမြန်းကြသည်။ မုအ်မင်န်များက "ဟုတ်ပေသည်၊ သင်တို့သည် ကျွန်ုပ်တို့နှင့်အတူ ရှိခဲ့ကြသည်။ သို့သော် သင်တို့သည် မိမိတို့ကိုယ်ကို မုနာဖိက်ဖြင့် ဖျက်ဆီးခဲ့ကြသည်။ မုအ်မင်န်များအား ဘေးအန္တရာယ်ကျရောက်မည့်အချိန်ကို စောင့်မျှော်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်၏ ကတိတော်နှင့် သေခြင်းနောက်ပိုင်း ရှင်ပြန်ထမြောက်ခြင်းကို သံသယဝင်ခဲ့ကြသည်။ မှားယွင်းသော အာသီသများက သင်တို့ကို လှည့်ဖြားခဲ့သည်။ သင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် (သေခြင်း) ရောက်လာသည်အထိ ထိုအတိုင်း ရှိနေခဲ့ကြသည်။ ရှိုင်သွာန်သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ သင်တို့ကို လှည့်ဖြားခဲ့သည်။"

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ:
  • အစ္စလာမ်သည် ပြင်ပပုံပန်းသဏ္ဌာန်ဖြင့်သာ မဟုတ်ဘဲ စိတ်နှလုံးအတွင်းမှ စစ်မှန်သော ယုံကြည်ခြင်းကို အရေးထားသည်။
  • မုနာဖိက် (အယောင်ဆောင်) ဖြစ်ခြင်းသည် မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြစ်သည်။
  • မှားယွင်းသော အာသီသများနှင့် ရှိုင်သွာန်၏ လှည့်ဖြားမှုများသည် လူကို လမ်းမှားသို့ ပို့ဆောင်နိုင်သည်။
  • အလ္လာဟ်အရှင်မြတ်၏ ကတိတော်နှင့် တမလွန်ဘဝကို သံသယဝင်ခြင်းသည် အီမာန်ကို ပျက်စီးစေသည်။
  • သေခြင်းသည် အချိန်မရွေး ရောက်လာနိုင်သောကြောင့် အီမာန်နှင့် အမလ်ကောင်းများဖြင့် အသက်ရှင်ရန် လိုအပ်သည်။
  • အစ္စလာမ်သည် စစ်မှန်သော ယုံကြည်ခြင်းနှင့် လုပ်ရပ်များဖြင့် ကယ်တင်ခြင်းသို့ ရောက်စေသော လမ်းစဉ်ဖြစ်သည်။


📜 အာယာသ် 12-16 — စူရာ အလ်-ဟဒီးဒ်

12يَوْمَ تَرَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ يَسْعَىٰ نُورُهُم بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِم بُشْرَاكُمُ الْيَوْمَ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
(အို-နဗီတမန်တော်၊) အကြင်နေ့တွင် အသင်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့အား တွေ့မြင်ရပေမည်။ ထိုသူတို့၏ ရောင်ခြည်သည် ထိုသူတို့၏ ရှေ့၌လည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်များ၌ လည်းကောင်း၊ ပြေးလျက်ရှိပေမည်။ (၎င်းတို့သည် ဤသို့ပြောကြားခြင်း ခံကြရပေမည်။) ယနေ့ အသင်တို့အဖို့ သတင်းကောင်းပင်၊(အသင်တို့အဖို့) အကြင်ဥယျာဉ်များ ရှိပေသည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက် ရှိကြပေသည်။ ယင်းဥယျာဉ်များဝယ် (အသင်တို့သည်) အမြဲထာဝစဉ် နေထိုင်ကြရပေမည်။ ထိုသည်ပင်လျှင် ကြီးကျယ်လှသော အောင်မြင်မှုပင်။
13يَوْمَ يَقُولُ الْمُنَافِقُونَ وَالْمُنَافِقَاتُ لِلَّذِينَ آمَنُوا انظُرُونَا نَقْتَبِسْ مِن نُّورِكُمْ قِيلَ ارْجِعُوا وَرَاءَكُمْ فَالْتَمِسُوا نُورًا فَضُرِبَ بَيْنَهُم بِسُورٍ لَّهُ بَابٌ بَاطِنُهُ فِيهِ الرَّحْمَةُ وَظَاهِرُهُ مِن قِبَلِهِ الْعَذَابُ
အကြင်နေ့တွင် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်�င်မ် ယောက်ျား မိန်းမတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (ဤသို့) ပြောဆိုကြပေမည်။ (အချင်းတို့)၊အသင်တို့၏အလင်းရောင်မှ (အနည်းငယ်မျှ) ရယူနိုင်ကြရန် အသင်တို့သည် ကျွန်ုပ်တို့အား လှည့်၍ ကြည့်ကြလေကုန်၊ စောင့်ဆိုင်းကြလေကုန်။ (ထိုအခါ ၎င်းတို့သည် ဤသို့)ပြောဆို ပြန်ကြားခြင်းကို ခံကြရပေမည်။ အသင်တို့သည် နောက်သို့ပြန်သွားပြီးလျှင် အလင်းရောင်ကို ရှာဖွေကြလေကုန်။ထိုအချိန်၌ပင် ၎င်းတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်ပေမည်။ ယင်းတံတိုင်းတွင် တံခါးတစ်ခု ရှိပေမည်။ ယင်းတံခါး၏အတွင်းဘက်၌ ကရုဏာသည်ရှိ၍၊ ၎င်း၏အပြင်ဘက်၌မူကား ပြစ်ဒဏ် သည်ရှိပေမည်။
14يُنَادُونَهُمْ أَلَمْ نَكُن مَّعَكُمْ ۖ قَالُوا بَلَىٰ وَلَٰكِنَّكُمْ فَتَنتُمْ أَنفُسَكُمْ وَتَرَبَّصْتُمْ وَارْتَبْتُمْ وَغَرَّتْكُمُ الْأَمَانِيُّ حَتَّىٰ جَاءَ أَمْرُ اللَّهِ وَغَرَّكُم بِاللَّهِ الْغَرُورُ
ထို ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ကျွန်ုပ်တို့သည် (လောကီဘဝတွင်) အသင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လောဟု ဟစ်အော် ပြောဆိုကြပေမည်။ (ထိုအခါ) ထိုမုအ်မင်န် သက်ဝင် ယုံကြည်သူတို့က (ဤသို့) ဖြေကြားကြပေမည်။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ (အမှန်ပင်) အတူရှိခဲ့ကြပေသည်။ သို့ရာတွင် အသင်တို့သည် မိမိတို့ကိုယ်ကို ဖြားယောင်း ခဲ့ကြပေသည်။ ၎င်းပြင် အသင်တို့သည် (အစ္စလာမ်သာသနာတော် ပျက်စီးရန်) စောင့်ဆိုင်း၍ နေခဲ့ကြပေသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်သာသနာ တော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေခဲ့ကြပေသည်။ အချည်းနှီးသော အာသာဆန္ဒများသည်လည်း အသင်တို့အား သွေးဆောင် ဖြားယောင်းခဲ့ပေသည်။ နောက်ဆုံးတွင်(‘မရဏ’ သေခြင်းတရားတည်း ဟူသော) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိ၍ လာခဲ့ပေသည်။ ထိုမှတစ်ပါး လွန်စွာ ဖြားယောင်းသူ(ဖြစ်သော ‘ရှိုင်တွာန်’မိစ္ဆာကောင်)သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သွေးဆောင် ဖြားယောင်းခဲ့ပေသည်။
15فَالْيَوْمَ لَا يُؤْخَذُ مِنكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့ (အားလုံးတို့)၏ နေရာထိုင်ခင်းများမှာ(ငရဲ)မီးပင်ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် အသင်တို့၏အဖော်ဖြစ်၏။ စင်စစ်မှာမူကား ယင်းပြန်လည်ရာစခန်းမှာ ဆိုးယုတ်လှပေစွတကား။
16۞ أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِن قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။
အလ်-ဟဒီးဒ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
14အာယာသ်

ဘာသာပြန် — အလ်-ဟဒီးဒ် 14

စူရာ အလ်-ဟဒီးဒ် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ကျွန်ုပ်တို့သည် (လောကီဘဝတွင်) အသင်တို့နှင့်အတူ ရှိခဲ့ကြသည်…

စူရာ အာယာသ် 14/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers