အလ်-မူဂျာဒီလာ · 13/22
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူဂျာဒီလာ
أَأَشْفَقْتُمْ أَن تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ ۚ فَإِذْ لَمْ تَفْعَلُوا وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ ۝١٣
A-ashfaqtum an tuqaddimoo baina yadai najwaakum sadaqaat; fa-iz lam taf`aloo wa taabal laahu `alaikum fa aqeemus Salaata wa aatuz Zakaata wa atee`ul laaha wa rasoolah; wallaahu khabeerum bimaa ta`maloon
📖 မြန်မာဘာသာ
အသင်တို့သည် မိမိတို့လျှို့ဝှက် ပြောဆိုမှု မပြုမီ အလှူဒါနများပေးနှင့်ရန် ကြောက်ရွံ့ခဲ့ကြလေပြီလော။ သို့ဖြစ်လျှင် အသင်တို့သည် (ယင်းသို့ အလှူဒါနပေးခြင်းကို) မပြုလုပ်နိုင်ခဲ့ကြသည်ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်" ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိကြသည်တို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • أَأَشْفَقْتُمْ (အာအရှ်ဖကူမ်) — သင်တို့သည် ကြောက်ရွံ့ခဲ့ကြသလော။ ဤနေရာတွင် ဆင်းရဲမွဲတေမှုကို စိုးရိမ်ကြောက်ရွံ့ခြင်းကို ဆိုလိုသည်။
  • نَجْوَاكُمْ (နဂျ်ဝါကုမ်) — သင်တို့၏ လျှို့ဝှက်စကားပြောဆိုခြင်း။ ဤနေရာတွင် တမန်တော်မုဟမ္မဒ် (ဆွ) ထံ လျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်းကို ဆိုလိုသည်။
  • صَدَقَاتٍ (ဆွဒကသ်) — သနားကြင်နာမှုအလှူများ။
  • فَإِذْ لَمْ تَفْعَلُوا (ဖအိဇ် လမ်တဖ်အလူ) — သို့ဖြစ်ရာ သင်တို့သည် မပြုလုပ်ခဲ့ကြသောအခါ။
  • وَتَابَ اللَّهُ عَلَيْكُمْ (ဝသာဗလ္လာဟု အလိုင်ကုမ်) — အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အပြစ်လွှတ်တော်မူခဲ့သည်။
  • فَأَقِيمُوا الصَّلَاةَ (ဖအကီမုဆ်ဆလာသ) — သို့ဖြစ်ရာ သင်တို့သည် ဆွလာသ်ကို ကျေပွန်စွာ ဆောက်တည်ကြလော့။
  • وَآتُوا الزَّكَاةَ (ဝအာသူဇကာသ) — ဇကာသ်ကို ပေးဆောင်ကြလော့။
  • خَبِيرٌ (ခဗီးရ်) — အရာခပ်သိမ်းကို သိတော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူများအား ဤသို့ မိန့်တော်မူသည် — တမန်တော်မြတ် (ဆွ) ထံ လျှို့ဝှက်တိုင်ပင်ရန် မတိုင်မီ သနားကြင်နာမှုအလှူ (ဆွဒကဟ်) တစ်စုံတစ်ရာ ကြိုတင်ပေးဆောင်ရမည်ဟူသော အမိန့်ကို သင်တို့သည် ဆင်းရဲမွဲတေမှုကို စိုးရိမ်ကြောက်ရွံ့သောကြောင့် မလိုက်နာခဲ့ကြသလော။ သို့ဖြစ်ရာ သင်တို့သည် ထိုအမိန့်ကို မလိုက်နာခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အပြစ်လွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် သင်တို့အား မဖြစ်မနေ လိုက်နာရမည့် ဆွလာသ်ကို အချိန်မှန် ကျေပွန်စွာ ဆောက်တည်ကြရန်၊ တာဝန်ရှိသော ဇကာသ်ကို ပေးဆောင်ကြရန်၊ နှင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို အခြေအနေတိုင်းတွင် နာခံကြရန် အမိန့်ပေးတော်မူသည်။ အကြောင်းမှာ ထိုအရာများသည် ယခင်က ချို့တဲ့ခဲ့သော တာဝန်များအတွက် အပြစ်ဖြေခြင်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုလုပ်သမျှသော အပြင်ပန်းနှင့် အတွင်းစိတ်လုပ်ရပ်အားလုံးကို အသေးစိတ် သိတော်မူသောအရှင် ဖြစ်တော်မူသည်။

**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့်



📜 အာယာသ် 11-15 — စူရာ အလ်-မူဂျာဒီလာ

11يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انشُزُوا فَانشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
12يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု မပြုကြမီ အလှူဒါန တစ်စုံတစ်ရာကို ကြိုတင်ပေးနှင့်ကြလေကုန်။ဤသည် အသင်တို့အဖို့ အကောင်းဆုံးလည်းဖြစ်၏။ အသန့်ရှင်းဆုံးလည်းဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည်(အလှူဒါနပြုရန် ဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို) မရခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
13أَأَشْفَقْتُمْ أَن تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ ۚ فَإِذْ لَمْ تَفْعَلُوا وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
အသင်တို့သည် မိမိတို့လျှို့ဝှက် ပြောဆိုမှု မပြုမီ အလှူဒါနများပေးနှင့်ရန် ကြောက်ရွံ့ခဲ့ကြလေပြီလော။ သို့ဖြစ်လျှင် အသင်တို့သည် (ယင်းသို့ အလှူဒါနပေးခြင်းကို) မပြုလုပ်နိုင်ခဲ့ကြသည်ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်" ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိကြသည်တို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
14۞ أَلَمْ تَرَ إِلَى الَّذِينَ تَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِم مَّا هُم مِّنكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى الْكَذِبِ وَهُمْ يَعْلَمُونَ
(အို-နဗီတမန်တော်၊)အသင်သည် အကြင်အမျိုးသားတှို့အား အဆွေခင်ပွန်း ပြုလုပ်ခဲ့ကြသောသူတို့(၏အခြေအနေကို) သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်လော။ ထိုအမျိုးသားတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် အမျက်ထွက်တော်မူခဲ့၏။ ထိုအမျိုးသားတို့ကား အသင်တို့အနက်မှလည်း မဟုတ်ကြပေ။ ၎င်းတို့အနက်မှလည်း မဟုတ်ကြချေ၊ ထိုအမျိုးသားတို့မှာ သိလျက်နှင့်ပင် မုသားနှင့်စပ်လျဉ်း၍ ကျိန်တွယ်ကြကုန်၏။
15أَعَدَّ اللَّهُ لَهُمْ عَذَابًا شَدِيدًا ۖ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ
အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာသောပြစ်ဒဏ်ကို ထိုအမျိုးသားတို့အဖို့ အဆင့်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။ ဧကန်မလွဲ ၎င်းတို့ ကျင့်မူလျက် ရှိကြသည်မှာ လွန်စွာ ဆိုးယုတ်လှပေသည်။
အလ်-မူဂျာဒီလာကုရ်အာန် ညွှန်းကိန်း
22အာယာသ်
MedinanRevelation
13အာယာသ်

ဘာသာပြန် — အလ်-မူဂျာဒီလာ 13

စူရာ အလ်-မူဂျာဒီလာ အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် မိမိတို့လျှို့ဝှက် ပြောဆိုမှု မပြုမီ အလှူဒါနများပေးနှင့်ရန် ကြောက်ရွံ့ခဲ့ကြလေပြီလော။ သို့ဖြစ်လျှင် အသင်တို့သည် (ယင်းသို့ အလှူဒါနပေးခြင်းကို)…

စူရာ အာယာသ် 13/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers