အလ်-မူဂျာဒီလာ · 5/22
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူဂျာဒီလာ
إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ كُبِتُوا كَمَا كُبِتَ الَّذِينَ مِن قَبْلِهِمْ ۚ وَقَدْ أَنزَلْنَا آيَاتٍ بَيِّنَاتٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُّهِينٌ ۝٥
Innal lazeena yuhaaaddoonal laaha wa Rasoolahoo kubitoo kamaa kubital lazeena min qablihim; wa qad anzalnaaa aayaatim baiyinaat; wa lilkaa fireena `azaabum muheen
📖 မြန်မာဘာသာ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကဏ္ဍက ပြုလုပ်ကြသောသူတို့ကား မိမိတို့အလျင်ရှိခဲ့ကြသော ရှေးသူဟောင်းတို့ ဂုဏ်ရည်သေးသိမ်စေခြင်း ခံခဲ့ကြရသည့်နည်းတူ ဂုဏ်ရည် သေးသိမ်စေခြင်းကို ခံကြရပေမည်။အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် ထင်ရှားလှစွာသော သက်သေ လက္ခဏာတော်များကို ချပေးတော်မူခဲ့ပြီးဖြစ်၏။၎င်းပြင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့၌ ဂုဏ်ရည်ပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 3-7 — စူရာ အလ်-မူဂျာဒီလာ

3وَالَّذِينَ يُظَاهِرُونَ مِن نِّسَائِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا فَتَحْرِيرُ رَقَبَةٍ مِّن قَبْلِ أَن يَتَمَاسَّا ۚ ذَٰلِكُمْ تُوعَظُونَ بِهِ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ ဇနီးမိန်းမများနှင့် "ဇိဟာရ်" ပြုလုပ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ ပြောဆိုခဲ့သည်မှ ပြန်လည် ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ဇနီး(မောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှော �ိတွေ့ခြင်းမပြုကြမီ ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည်။ ထိုသည်ဖြင့် အသင်တို့သည် ဆုံးမခြင်းကို ခံကြရပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
4فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِن قَبْلِ أَن يَتَمَاسَّا ۖ فَمَن لَّمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًا ۚ ذَٰلِكَ لِتُؤْمِنُوا بِاللَّهِ وَرَسُولِهِ ۚ وَتِلْكَ حُدُودُ اللَّهِ ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ
သို့ရာတွင် မည်သူမဆို (ကျွန်)မရခဲ့လျှင် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ နှစ်လတိုင်တိုင် တစ်ဆက်တည်း "ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ရပေမည်။ သို့သော် မည်သူမဆို ("ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ခြင်းငှာ) မတတ်စွမ်းနိုင်လျှင် သူဆင်းရဲ ခြောက်ဆယ်အား (၎င်းတို့မောင်နှံနှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ ထမင်းနှစ်နပ်)ကျွေးမွေးရပေမည်။ ထို(အမိန့်ပညတ်ကို ပြဋ္ဌာန်းတော်မူခြင်း)ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်မှာမူကား ထိုသည်တို့မှာ အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များပင်။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။
5إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ كُبِتُوا كَمَا كُبِتَ الَّذِينَ مِن قَبْلِهِمْ ۚ وَقَدْ أَنزَلْنَا آيَاتٍ بَيِّنَاتٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُّهِينٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကဏ္ဍက ပြုလုပ်ကြသောသူတို့ကား မိမိတို့အလျင်ရှိခဲ့ကြသော ရှေးသူဟောင်းတို့ ဂုဏ်ရည်သေးသိမ်စေခြင်း ခံခဲ့ကြရသည့်နည်းတူ ဂုဏ်ရည် သေးသိမ်စေခြင်းကို ခံကြရပေမည်။အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် ထင်ရှားလှစွာသော သက်သေ လက္ခဏာတော်များကို ချပေးတော်မူခဲ့ပြီးဖြစ်၏။၎င်းပြင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့၌ ဂုဏ်ရည်ပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိပေမည်။
6يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيُنَبِّئُهُم بِمَا عَمِلُوا ۚ أَحْصَاهُ اللَّهُ وَنَسُوهُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
အကြင်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးကို ရှင်ပြန်ထစေတော်မူပြီးနောက် ၎င်းတို့ ကျင့်မူခဲ့သမျှတို့ကို ၎င်းတို့အား သိစေတော်မူပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအကျင့်အမူကို ရေတွက် မှတ်သား၍ ထားရှိတော်မူ၏။ သို့ရာတွင် ၎င်းတို့မှာမူကား ယင်းအကျင့်အမူကို မေ့ပျောက်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် မျက်မြင်သက်သေ ဖြစ်တော်မူ၏။
7أَلَمْ تَرَ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ مَا يَكُونُ مِن نَّجْوَىٰ ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَا أَدْنَىٰ مِن ذَٰلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ۖ ثُمَّ يُنَبِّئُهُم بِمَا عَمِلُوا يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
(အို-နဗီတမန်တော်၊) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသည်တို့ကို လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကို လည်းကောင်း၊ သိရှိတော်မူကြောင်း အသင်သည် စဉ်းစားဆင်ခြင် သိမြင်ခဲ့ပြီး မဟုတ်ပါလော။ (လူ)သုံးဦး လျှို့ဝှက်တိုင်ပင်ကြသည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ် သည် ၎င်းတို့အနက် စတုတ္ထ ဖြစ်တော်မူ၏။ ထိုနည်းတူစွာ(လူ)ငါးဦး(လျှို့ဝှက်တိုင်ပင်ကြသည်) မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အနက် ဆဋ္ဌမ ဖြစ်တော်မူ၏။ ထို့ပြင် ထို(သုံးဦး)ထက်လျော့၍လည်းကောင်း၊(ငါးဦး)ထက်ပို၍ လည်းကောင်း၊ (လျှို့ဝှက်တိုင်ပင်ကြသည်)မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ မည်သည့်နေရာ၌ ရှိနေကြသည်ဖြစ်စေ ၎င်းတို့နှင့်အတူ ရှိနေတော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် "ကိယာမသ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့သည်တို့ကို သိစေတော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-မူဂျာဒီလာကုရ်အာန် ညွှန်းကိန်း
22အာယာသ်
MedinanRevelation
5အာယာသ်

ဘာသာပြန် — အလ်-မူဂျာဒီလာ 5

စူရာ အလ်-မူဂျာဒီလာ အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကဏ္ဍက ပြုလုပ်ကြသောသူတို့ကား မိမိတို့အလျင်ရှိခဲ့ကြသော ရှေးသူဟောင်းတို့ ဂုဏ်ရည်သေးသိမ်စေခြင်း…

စူရာ အာယာသ် 5/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers