وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَن نُّؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ ۘ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ ۗ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِندَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ ١٢٤
🔤 Transliteration
Wa izaa jaaa`athum Aayatun qaaloo lan nu`mina hatta nu`taa misla maaa ootiya Rusulul laah; Allahu a`almu haisu yaj`alu Risaalatah; sa yuseebul lazeena ajramoo saghaarun `indal laahi wa `azaabun shadeedum bimaa kaanoo yamkuroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်�ဏ်တို့ကို ခံစားကြရလတ္တံ့။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ آيَةٌ (အာယသ်) — သက်သေလက္ခဏာ၊ တမန်တော်မုဟမ္မဒ် (ဆွ) ၏ နုဗုဝသ် (တမန်တော်ဖြစ်ခြင်း) ကို သက်သေပြသည့် ရှင်းလင်းထင်ရှားသော အထောက်အထား။رُسُلُ اللَّهِ (ရုဆုလုလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ တမန်တော်များ။صَغَارٌ (ဆဂါရ်) — အလွန်အမင်း ဂုဏ်အသရေကျဆင်းခြင်း၊ နှိမ့်ချခံရခြင်း၊ အရှက်ရခြင်း။يَمْكُرُونَ (ယမ်ကရူန) — သူတို့သည် လျှို့ဝှက်ကြံစည်မှုများ ပြုလုပ်ကြသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် မက္ကာမြို့ရှိ ကာဖိရ် (မယုံကြည်သူ) ခေါင်းဆောင်များ၏ မာန်မာနထောင်လွှားမှုနှင့် သူတို့၏ မသင့်လျော်သော တောင်းဆိုချက်များအကြောင်း ဖော်ပြထားပါသည်။
တမန်တော်မုဟမ္မဒ် (ဆွ) ထံသို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတစ်ခုခု ရောက်ရှိလာတိုင်း၊ ထိုကာဖိရ်ခေါင်းဆောင်များက “အလ္လာဟ်အရှင်မြတ်သည် ယခင်တမန်တော်များကို ပေးအပ်ခဲ့သကဲ့သို့သော နုဗုဝသ် (တမန်တော်ဖြစ်ခြင်း) နှင့် မုအ်ဂျိဇာ (အံ့ဖွယ်လက္ခဏာ) များကို ကျွန်ုပ်တို့အားလည်း ပေးအပ်ခြင်းမခံရသရွေ့ ကျွန်ုပ်တို့သည် ယုံကြည်မည်မဟုတ်ပါ” ဟု ပြောဆိုကြသည်။ သူတို့သည် တမန်တော်ဖြစ်ခြင်းကို မိမိတို့၏ ဆန္ဒအတိုင်း ရယူနိုင်သည့် ရာထူးတစ်ခုကဲ့သို့ ထင်မှတ်နေကြခြင်းဖြစ်သည်။
ထိုအခါ အလ္လာဟ်အရှင်မြတ်က သူတို့အား “အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရိစာလသ် (တမန်တော်တာဝန်) ကို မည်သူ့ထံ အပ်နှင်းရမည်ကို အသိဆုံးဖြစ်တော်မူသည်” ဟု မိန့်တော်မူသည်။ ဆိုလိုသည်မှာ ရိစာလသ်တာဝန်ကို ထမ်းဆောင်ရန် သင့်လျော်သောသူ၊ ထိုတာဝန်၏ ဝန်ထုပ်ဝန်ပိုးများကို ကျေပွန်စွာ ထမ်းဆောင်နိုင်သောသူကို အလ္လာဟ်အရှင်မြတ်သာ အကောင်းဆုံး သိတော်မူသည်။ ထိုသူကို အရှင်မြတ်က နုဗုဝသ်နှင့် ရိစာလသ်ဖြင့် ရွေးချယ်မြှောက်စားတော်မူသည်။ လူသားတို့၏ ဆန္ဒ၊ မာန်၊ စည်းစိမ်ဥစ္စာ သို့မဟုတ် အသက်အရွယ်ကြီးခြင်းသည် ဤရွေးချယ်မှုတွင် အခြေခံအကြောင်းရင်း မဟုတ်ပေ။
ထို့နောက် အလ္လာဟ်အရှင်မြတ်က သတိပေးမိန့်ကြားတော်မူသည်မှာ ထိုရာဇဝတ်မှုကျူးလွန်သူ ကာဖိရ်များသည် မကြာမီ အလ္လာဟ်အရှင်မြတ်ရှ
وَإِذَا جَآءَتۡهُمۡ ءَايَةٌ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٌ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ ١٢٤
ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်�ဏ်တို့ကို ခံစားကြရလတ္တံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 122-126 — စူရာ အလ်-အန်အာမ်
122 أَوَمَن كَانَ مَيْتًا فَأَحْيَيْنَاهُ وَجَعَلْنَا لَهُ نُورًا يَمْشِي بِهِ فِي النَّاسِ كَمَن مَّثَلُهُ فِي الظُّلُمَاتِ لَيْسَ بِخَارِجٍ مِّنْهَا ۚ كَذَٰلِكَ زُيِّنَ لِلْكَافِرِينَ مَا كَانُوا يَعْمَلُونَ
အကြင်သူသည် သူသေဖြစ်ခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူ၏အဖို့ ‘အီမာန်’ တည်း ဟူသော လင်းရောင်ခြည်ကို ပြုပေးတော်မူခဲ့၏။ ထိုသူသည် ထိုလင်းရောင်ခြည်နှင့်တကွ လူတို့တွင် သွားလာလျက်ရှိ၏။ ထိုသူသည် အမှောင်ထု၌နစ်မွန်း၍ ထိုအမှောင်ထုထဲမှ မထွက်နိုင်ပဲလျက် ရှိနေသောသူနှင့် တူနိုင်ပါမည်လော။ ဤနည်းအတိုင်းပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အမြင်၌ ၎င်းတို့၏ အပြုအမူတို့ကို လှပတင့်တယ်အောင် ပြုထားပြီးဖြစ်ချေသတည်း။
123 وَكَذَٰلِكَ جَعَلْنَا فِي كُلِّ قَرْيَةٍ أَكَابِرَ مُجْرِمِيهَا لِيَمْكُرُوا فِيهَا ۖ وَمَا يَمْكُرُونَ إِلَّا بِأَنفُسِهِمْ وَمَا يَشْعُرُونَ
၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိ နားမလည်ကြချေ။
124 وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَن نُّؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ ۘ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ ۗ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِندَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ
ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်�ဏ်တို့ကို ခံစားကြရလတ္တံ့။
125 فَمَن يُرِدِ اللَّهُ أَن يَهْدِيَهُ يَشْرَحْ صَدْرَهُ لِلْإِسْلَامِ ۖ وَمَن يُرِدْ أَن يُضِلَّهُ يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا كَأَنَّمَا يَصَّعَّدُ فِي السَّمَاءِ ۚ كَذَٰلِكَ يَجْعَلُ اللَّهُ الرِّجْسَ عَلَى الَّذِينَ لَا يُؤْمِنُونَ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှန်သို့ ပို့ဆောင်တော်မူရန် ရည်စူး တော်မူပါလျှင်၊ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အစ္စလာမ်သာသနာတော်(ကိုယုံကြည်လက်ခံလာနိုင်ရန်)အလို့ငှာ ပွင့်လင်း ကျယ်ဝန်းစေတော်မူအံ့။ သို့ရာတွင် ထိုအရှင်မြတ်သည်အကြင်သူအား လမ်းမှား၌ပင်ထားရှိရန် ရည်စူးတော်မူပါလျှင်ထိုအရှင်မြတ်သည် ၎င်း၏ရင်ကို (ဝါ) စိတ်နှလုံးကို အလွန့်အလွန် ကျဉ်းကျပ်စေတော်မူအံ့။ ထိုသူသည် မိုးကောင်းကင်သို့တက်ရဘိသကဲ့သို့ ဖြစ်နေအံ့။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်ခြင်းကင်းမဲ့သောသူတို့အပေါ်၌ [အညစ်အကြေးများကို ပြုလုပ် ထားတော်မူလေသတည်း။]
126 وَهَٰذَا صِرَاطُ رَبِّكَ مُسْتَقِيمًا ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَذَّكَّرُونَ
အမှန်စင်စစ်သော်ကား ဤ(အစ္စလာမ်သာသနာ တော်) သည်သာလျှင် အသင့်အား မွေးမြူ တော်မူသောအရှင်မြတ်၏ ဖြောင့်မတ်မှန်ကန် သောတရားလမ်းပင် ဖြစ်ချေသည်။ မုချဧကန် ငါအရှင်မြတ်သည်(မိမိ)သက်သေလက္ခဏာတော်များကို နာခံသောသူတို့ အကျိုးငှာ အသေးစိတ် လင်းပြတော်မူပြီး ဖြစ်ချေသတည်း။
ဘာသာပြန် — အလ်-အန်အာမ် 124 စူရာ အလ်-အန်အာမ် အာယာသ် 124 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည်…
စူရာ အာယာသ် 124/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 122–126. မြန်မာဘာသာ: ภาษาไทย.