အလ်-အန်အာမ် · 130/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
يَا مَعْشَرَ الْجِنِّ وَالْإِنسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا شَهِدْنَا عَلَىٰ أَنفُسِنَا ۖ وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ ۝١٣٠
Yaa ma`sharal jinni wal insi alam yaatikum Rusulum minkum yaqussoona `alaikum Aayaatee wa yunziroonakum liqaaa`a Yawmikum haazaa; qaaloo shahidnaa `alaaa anfusinaa wa gharrat humul hayaatud dunyaa wa shahidooo `alaa anfusihim annahum kaanoo kaafireen
📖 မြန်မာဘာသာ
အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့် ကြုံကြိုက်ကြရမည့်အကြောင်း သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုလုပ်လေ့ရှိခဲ့ကြသည် ဟုတ်ပါလော။] (ထိုအခါ) ယင်း ဂျင်(န်)နှင့်လူသားတို့က ကျွန်တော်မျိုးတို့သည်မိမိတို့နှင့်ဆန့်ကျင်၍ပင် သက်သေခံကြပါပြီဟု လျှောက်ထားကြလတ္တံ့။ ၎င်းတို့အား ပစ္စုပ္ပန်မျက်မှောက်ဘဝ၏ အသက်ရှင်ခြင်းသည် လှည့်ဖြား၍ ထားရှိခဲ့လေသည်။ (သို့ဖြစ်ပေရာ၊၎င်းတို့သည် လောကီစည်းစိမ်တို့၌ နစ်မွန်း လျက်ရှိနေခဲ့ကြလေပြီ။) ၎င်းပြင် ထိုသူများသည် (ထိုရှင်ပြန်ထမည့်နေ့တွင်)မိမိတို့ကိုယ်နှင့်ဆန့်ကျင်၍ မိမိတို့ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူများပင်ဖြစ်ခဲ့ကြပါသည်ဟု သက်သေခံကြကုန်အံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • မာအ်ရှရ် (مَعْشَرَ): အုပ်စု၊ အစုအဖွဲ့။
  • ဂျင်န် (الْجِنِّ): မျက်စိဖြင့်မမြင်နိုင်သော ဖန်ဆင်းခံသတ္တဝါများ။
  • အင်စ် (الْإِنسِ): လူသားများ။
  • ရုစုလ် (رُسُلٌ): တမန်တော်များ၊ သတင်းဆောင်များ။
  • ယကူစ္စူန (يَقُصُّونَ): ဖတ်ကြားပြသကြသည်၊ ပြန်လည်ပြောပြကြသည်။
  • အာယာသ် (آيَاتِي): ငါ၏သက်သေလက္ခဏာများ၊ ကျမ်းတော်များ။
  • ယွန်ဇိရူန (يُنذِرُونَكُمْ): သတိပေးကြသည်၊ သတိပေးနှိုးဆော်ကြသည်။
  • လိကာအ် (لِقَاءَ): တွေ့ဆုံခြင်း။
  • ရှဟိဒ်နာ (شَهِدْنَا): ကျွန်ုပ်တို့သက်သေခံကြသည်။
  • ဂါရရသ်ဟုမ် (غَرَّتْهُمُ): သူတို့ကို လှည့်ဖြားခဲ့သည်။
  • ကဖိရီန (كَافِرِينَ): ငြင်းပယ်သူများ။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ဂျင်န်နှင့်လူသားအားလုံးကို စုရုံးစေတော်မူပြီး ဤသို့မိန့်တော်မူမည်။ အို ဂျင်န်နှင့်လူသားအုပ်စုအပေါင်းတို့၊ သင်တို့ထံသို့ သင်တို့အနက်မှပင် တမန်တော်များသည် ငါ၏အာယသ်တော်များကို ဖတ်ကြားပြသရန်နှင့် ဤနေ့ကို သင်တို့တွေ့ဆုံရမည်ကို သတိပေးနှိုးဆော်ရန် မရောက်လာခဲ့ကြသလော။ ထိုအခါ သူတို့က ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင် သက်သေခံပါသည်။ တမန်တော်များသည် အမှန်တကယ်ရောက်လာခဲ့ကြပြီး သတိပေးခဲ့ကြသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည် ဟု ဖြေကြားကြမည်။ သို့သော် ဤလောကီဘဝ၏ လှည့်ဖြားမှုနှင့် ပျော်ရွှင်မှုများသည် သူတို့ကို လှည့်ဖြားခဲ့သည်။ ထို့ကြောင့် သူတို့သည် မိမိတို့ကိုယ်တိုင် ကာဖိရ် (ငြင်းပယ်သူများ) ဖြစ်ခဲ့ကြသည်ကို သက်သေခံကြရမည်။ ဤသက်သေခံမှုသည် သူတို့အတွက် မည်သည့်အကျိုးမျှ မပေးနိုင်တော့ပေ။ အကြောင်းမှာ အီမာန်ယုံကြည်မှုလက်ခံချိန် ကုန်ဆုံးသွားပြီဖြစ်သောကြောင့်တည်း။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် ဂျင်န်နှင့်လူသားအားလုံးကို တမန်တော်များစေလွှတ်၍ သတိပေးတော်မူခြင်းသည် အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ဖြစ်သည်။
  • လောကီဘဝ၏ လှည့်ဖြားမှုသည် လူသားကို နောက်ဆုံးနေ့ကို မေ့လျော့စေနိုင်သည်။ ထို့ကြောင့် လောကီပျော်ရွှင်မှုများကို အလွန်အကျွံ မက်မ


📜 အာယာသ် 128-132 — စူရာ အလ်-အန်အာမ်

128وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَا مَعْشَرَ الْجِنِّ قَدِ اسْتَكْثَرْتُم مِّنَ الْإِنسِ ۖ وَقَالَ أَوْلِيَاؤُهُم مِّنَ الْإِنسِ رَبَّنَا اسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَا أَجَلَنَا الَّذِي أَجَّلْتَ لَنَا ۚ قَالَ النَّارُ مَثْوَاكُمْ خَالِدِينَ فِيهَا إِلَّا مَا شَاءَ اللَّهُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
ထိုမှတစ်ပါး အကြင်နေ့ကို (သတိရကြလေကုန်)ထိုနေ့တွင် (အလ္လာဟ်အရှင်မြတ်သည်) ထိုသူအားလုံး တို့ကိုစုရုံးစေတော်မူအံ့။ (ထို့နောက် အလ္လာဟ်အရှင်မြတ်သည်ဤသို့မိန့်ကြားတော်မူအံ့)။ အို- ဂျင်(န်)ပရိသတ်အပေါင်းတို့၊အသင်တို့သည် လူသတ္တဝါအပေါင်းတို့အား (လမ်းမှားသို့သွေးဆောင် ခြင်းကို) များစွာ ပြုလုပ်ခဲ့ကြကုန်၏။ ထို့နောက်လူသားတို့အနက်မှ ထိုဂျင်(န်)သတ္တဝါတို့၏ မိတ်ဆွေများကလျှောက်ထားကြမည်မှာ အို-ကျွန်တော်မျိုးတို့၏အရှင်၊ ကျွန်တော်မျိုးတို့အနက် အချို့သည်၊ အချို့ထံမှ အကျိုးခံစားခဲ့ကြပါသည်။ ၎င်းနောက် ကျွန်တော်မျိုးတို့သည် မိမိတို့အတွက်အရှင်မြတ် သတ်မှတ်ပိုင်းခြား ထားတော်မူသော အချိန်ကာလ(ဝါ)ကိယာမတ်နေ့သို့ ဆိုက်ရောက်ခဲ့ကြပါပြီ ဟု လျှောက်ထားကြလတ္တံ့။ (ထိုရောကာလ အလ္လာဟ်အရှင်မြတ်သည် ဤသို့)မိန့်ကြားတော်မူအံ့။ အို-မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ဂျင်(န်)နှင့် လူအပေါင်းတို့) ဂျဟန္နမ်ငရဲဘုံသည်သာလျှင်အသင်တို့ ၏နေရာဌာနဖြစ်သည်။ (အသင်တို့သည်) ထို(ဂျဟန္နမ် ငရဲဘုံ၌ပင် ထာဝစဉ်နေထိုင်ကြရလတ္တံ့။ သို့ရာတွင်အလ္လာဟ်အရှင်မြတ် (ထိုငရဲဘုံးမှထုတ်ရန်) အလိုတော်ရှိတော်မူပါလျှင် (ပြဿနာတစ်ခြားဖြစ်ပေမည်)။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူ တော်မူသော အရှင်မြတ်သည်မုချစင်စစ် ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊အရာခပ်သိမ်းတို့ကို၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
129وَكَذَٰلِكَ نُوَلِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ
၎င်းအပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းင် ကျူးကျော်စော်ကားသူများအနက် အချို့ကို အချို့အပေါ်၌၎င်းတို့၏အပြုအမူတို့ကြောင့် ကြီးစို� စေတော်မူအံ့။(တစ်နည်း။)၎င်းပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်အချို့မတရားသောသူတို့အား အချို့ မတရားသောသူတို့နှင့်နီးကပ်စေတော်မူအံ့။ (အချို့ မတရားသောသူတို့၏အနီး၌ထားရှိတော်မူအံ့၊)
130يَا مَعْشَرَ الْجِنِّ وَالْإِنسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا شَهِدْنَا عَلَىٰ أَنفُسِنَا ۖ وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့် ကြုံကြိုက်ကြရမည့်အကြောင်း သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုလုပ်လေ့ရှိခဲ့ကြသည် ဟုတ်ပါလော။] (ထိုအခါ) ယင်း ဂျင်(န်)နှင့်လူသားတို့က ကျွန်တော်မျိုးတို့သည်မိမိတို့နှင့်ဆန့်ကျင်၍ပင် သက်သေခံကြပါပြီဟု လျှောက်ထားကြလတ္တံ့။ ၎င်းတို့အား ပစ္စုပ္ပန်မျက်မှောက်ဘဝ၏ အသက်ရှင်ခြင်းသည် လှည့်ဖြား၍ ထားရှိခဲ့လေသည်။ (သို့ဖြစ်ပေရာ၊၎င်းတို့သည် လောကီစည်းစိမ်တို့၌ နစ်မွန်း လျက်ရှိနေခဲ့ကြလေပြီ။) ၎င်းပြင် ထိုသူများသည် (ထိုရှင်ပြန်ထမည့်နေ့တွင်)မိမိတို့ကိုယ်နှင့်ဆန့်ကျင်၍ မိမိတို့ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူများပင်ဖြစ်ခဲ့ကြပါသည်ဟု သက်သေခံကြကုန်အံ့။
131ذَٰلِكَ أَن لَّمْ يَكُن رَّبُّكَ مُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَافِلُونَ
ယင်းကဲ့သို့ ရစူလ်တမန်တော်များကို စေလွှတ်ခြင်း၏အကြောင်းမှာ အသင့်အား မွေးမြူတော် မူသောအရှင်မြတ်သည် မြို့ရွာတို့ကို ၎င်းမြို့ရွာများ၌နေထိုင်သောသူများသတိမမူ အမှတ်မဲ့ရှိနေခိုက် မတရားသဖြင့် (တစ်နည်း)မတရားမှုကြောင့် ဖျက်ဆီးလိုတော် မမူသောကြောင့်ပင်ဖြစ်ချေသတည်း။
132وَلِكُلٍّ دَرَجَاتٌ مِّمَّا عَمِلُوا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ
စင်စစ်မူကား (ဂျင်န် နှင့် လူသတ္တဝါ) အသီးသီးတို့၌၊ ၎င်းတို့၏ အပြုအမူများနှင့် လျော်ညီ စွာ အဆင့်အတန်းများသည် ရှိကြ၏။ အမှန်သော်ကား အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် ၎င်းတို့၏အပြုအမူတို့ကို သတိမမူလျစ်လျူရှု တော်မူသောအရှင် မဟုတ်ချေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
130အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 130

စူရာ အလ်-အန်အာမ် အာယာသ် 130 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့်…

စူရာ အာယာသ် 130/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 128–132. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers