အလ်-အန်အာမ် · 131/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
ذَٰلِكَ أَن لَّمْ يَكُن رَّبُّكَ مُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَافِلُونَ ۝١٣١
Zaalika al lam yakkur Rabbuka muhlikal quraa bizulminw wa ahluhaa ghaafiloon
📖 မြန်မာဘာသာ
ယင်းကဲ့သို့ ရစူလ်တမန်တော်များကို စေလွှတ်ခြင်း၏အကြောင်းမှာ အသင့်အား မွေးမြူတော် မူသောအရှင်မြတ်သည် မြို့ရွာတို့ကို ၎င်းမြို့ရွာများ၌နေထိုင်သောသူများသတိမမူ အမှတ်မဲ့ရှိနေခိုက် မတရားသဖြင့် (တစ်နည်း)မတရားမှုကြောင့် ဖျက်ဆီးလိုတော် မမူသောကြောင့်ပင်ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • ذَٰلِكَ (ဇာလိက) — ထိုအရာ၊ ထိုကိစ္စ။ ဤနေရာတွင် ရစူလ်တမန်တော်များ စေလွှတ်ခြင်းနှင့် သတိပေးခြင်းကို ရည်ညွှန်းသည်။
  • مُهْلِكَ (မုဟ်လိက) — ဖျက်ဆီးသူ၊ ပျက်စီးစေသူ။
  • الْقُرَىٰ (အလ်ကုရာ) — ရွာများ၊ မြို့များ၊ လူ့အဖွဲ့အစည်းများ။
  • بِظُلْمٍ (ဗိဇုလ်မ်) — မတရားမှုဖြင့်၊ အပြစ်ရှိစေသည့်အနေဖြင့်။
  • غَافِلُونَ (ဂါဖိလူန) — သတိမမူသူများ၊ သတိပေးခြင်းမခံရသေးသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုနှင့် ကရုဏာတော်ကို ထင်ရှားစေသည်။ အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ရစူလ်တမန်တော် မစေလွှတ်ဘဲ၊ သတိပေးခြင်းမပြုဘဲ ဖျက်ဆီးတော်မူသည် မဟုတ်ပေ။ လူသားများနှင့် ဂျင်န်များထံသို့ ရစူလ်တမန်တော်များကို စေလွှတ်၍ ကျမ်းတော်များကို ချပေးတော်မူခြင်းသည် သူတို့အား သတိပေးရန်နှင့် တရားစီရင်ခြင်းမပြုမီ အကြောင်းပြချက် ပြည့်စုံစေရန်အတွက်ဖြစ်သည်။ သတိပေးခြင်း မရောက်သေးသူများကို သူတို့၏ အပြစ်အတွက် အရေးယူတော်မူမည် မဟုတ်ပေ။ သို့သော် ရစူလ်တမန်တော် ရောက်ရှိပြီး သတိပေးခြင်းခံရပြီးနောက် မယုံကြည်ဘဲ ဆက်လက်ရှိနေပါက ထိုသူတို့သည် မိမိတို့၏ လုပ်ရပ်အတွက် တာဝန်ရှိကြမည်ဖြစ်သည်။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုနှင့် ကရုဏာတော်ကို ဖော်ပြသည့် သဘောတရားဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ တရားမျှတပြီး ကရုဏာရှင်ဖြစ်တော်မူကြောင်း သိရှိစေသည်။ အရှင်မြတ်သည် မည်သူ့ကိုမျှ မတရားဘဲ အရေးယူတော်မူသည် မဟုတ်ပေ။
  • အစ္စလာမ်သာသနာသည် လူသားအားလုံးအတွက် လမ်းညွှန်မှုနှင့် သတိပေးချက်ကို ယူဆောင်လာသည့် သာသနာဖြစ်ကြောင်း နားလည်စေသည်။
  • ရစူလ်တမန်တော်များနှင့် ကျမ်းတော်များသည် လူသားများအတွက် ကြီးမားသော ကရုဏာတော်၏ လက္ခဏာဖြစ်ကြောင်း သိမြင်စေသည်။
  • သတိပေးခြင်း မရောက်သေးသူများအတွက် အလ္လာဟ်အရှင်မြတ်သည် အခွင့်အရေးပေးထားတော်မူကြောင်း သိရှိရခြင်းဖြင့် အရှင်မြတ်၏ ဂုဏ်တော်များကို ပိုမိုချစ်မြတ်နိုးလာစေသည်။
  • ဤအာယသ်တော်သည် အစ


📜 အာယာသ် 129-133 — စူရာ အလ်-အန်အာမ်

129وَكَذَٰلِكَ نُوَلِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ
၎င်းအပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းင် ကျူးကျော်စော်ကားသူများအနက် အချို့ကို အချို့အပေါ်၌၎င်းတို့၏အပြုအမူတို့ကြောင့် ကြီးစို� စေတော်မူအံ့။(တစ်နည်း။)၎င်းပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်အချို့မတရားသောသူတို့အား အချို့ မတရားသောသူတို့နှင့်နီးကပ်စေတော်မူအံ့။ (အချို့ မတရားသောသူတို့၏အနီး၌ထားရှိတော်မူအံ့၊)
130يَا مَعْشَرَ الْجِنِّ وَالْإِنسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا شَهِدْنَا عَلَىٰ أَنفُسِنَا ۖ وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့် ကြုံကြိုက်ကြရမည့်အကြောင်း သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုလုပ်လေ့ရှိခဲ့ကြသည် ဟုတ်ပါလော။] (ထိုအခါ) ယင်း ဂျင်(န်)နှင့်လူသားတို့က ကျွန်တော်မျိုးတို့သည်မိမိတို့နှင့်ဆန့်ကျင်၍ပင် သက်သေခံကြပါပြီဟု လျှောက်ထားကြလတ္တံ့။ ၎င်းတို့အား ပစ္စုပ္ပန်မျက်မှောက်ဘဝ၏ အသက်ရှင်ခြင်းသည် လှည့်ဖြား၍ ထားရှိခဲ့လေသည်။ (သို့ဖြစ်ပေရာ၊၎င်းတို့သည် လောကီစည်းစိမ်တို့၌ နစ်မွန်း လျက်ရှိနေခဲ့ကြလေပြီ။) ၎င်းပြင် ထိုသူများသည် (ထိုရှင်ပြန်ထမည့်နေ့တွင်)မိမိတို့ကိုယ်နှင့်ဆန့်ကျင်၍ မိမိတို့ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူများပင်ဖြစ်ခဲ့ကြပါသည်ဟု သက်သေခံကြကုန်အံ့။
131ذَٰلِكَ أَن لَّمْ يَكُن رَّبُّكَ مُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَافِلُونَ
ယင်းကဲ့သို့ ရစူလ်တမန်တော်များကို စေလွှတ်ခြင်း၏အကြောင်းမှာ အသင့်အား မွေးမြူတော် မူသောအရှင်မြတ်သည် မြို့ရွာတို့ကို ၎င်းမြို့ရွာများ၌နေထိုင်သောသူများသတိမမူ အမှတ်မဲ့ရှိနေခိုက် မတရားသဖြင့် (တစ်နည်း)မတရားမှုကြောင့် ဖျက်ဆီးလိုတော် မမူသောကြောင့်ပင်ဖြစ်ချေသတည်း။
132وَلِكُلٍّ دَرَجَاتٌ مِّمَّا عَمِلُوا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ
စင်စစ်မူကား (ဂျင်န် နှင့် လူသတ္တဝါ) အသီးသီးတို့၌၊ ၎င်းတို့၏ အပြုအမူများနှင့် လျော်ညီ စွာ အဆင့်အတန်းများသည် ရှိကြ၏။ အမှန်သော်ကား အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် ၎င်းတို့၏အပြုအမူတို့ကို သတိမမူလျစ်လျူရှု တော်မူသောအရှင် မဟုတ်ချေ။
133وَرَبُّكَ الْغَنِيُّ ذُو الرَّحْمَةِ ۚ إِن يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِن بَعْدِكُم مَّا يَشَاءُ كَمَا أَنشَأَكُم مِّن ذُرِّيَّةِ قَوْمٍ آخَرِينَ
စင်စစ်သော်ကား၊ အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့(အားလုံး)ကို ရုပ်သိမ်းတော်မူ၍ အသင်တို့မရှိသည့်နောက် အသင်တို့အား အခြားလူမျိုးတို့၏ သားသမီးများ(အဆက်အနွယ်)မှ ပေါက်ဖွားရှင်သန်တော်မူသကဲ့သို့ပင့် မိမိအလိုရှိတော် မူသောသူတို့အား အသင်တို့နေရာ၌ ဆက်ခံစေတော်မူအံ့။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
131အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 131

စူရာ အလ်-အန်အာမ် အာယာသ် 131 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်းကဲ့သို့ ရစူလ်တမန်တော်များကို စေလွှတ်ခြင်း၏အကြောင်းမှာ အသင့်အား မွေးမြူတော် မူသောအရှင်မြတ်သည် မြို့ရွာတို့ကို ၎င်းမြို့ရွာများ၌နေထိုင်သောသူများသတိမမူ အမှတ်မဲ့ရှိနေခိုက် မတရားသဖြင့်…

စူရာ အာယာသ် 131/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 129–133. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 23, 2026

Don't forget us in your sincere prayers