အလ်-အန်အာမ် · 61/165
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်အာမ်
وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمُ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ ٦١
Transliteration
Wa huwal qaahiru fawqa `ibaadihee wa yursilu `alaikum hafazatan hattaaa izaa jaaa`a ahadakumul mawtu tawaffathu rusulunaa wa hum laa yufarritoon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင် အသင်တို့အနက် တစ်ဦးဦးထံ မရဏ သေခြင်းတရားသည် ဆိုက်ရောက်လာ သောအခါ၊ ငါအရှင်မြတ်၏ (မာလာအိကဟ် ကောင်းကင်တမန်)များသည် ထိုသူ(၏အသက်ဇီဝိန်)ကိုရုပ်သိမ်းကြ၏။၎င်းပြင် ထို(မလာအိကဟ်ကောင်းကင်တမန်)တို့သည် (ငါအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင်အနည်းငယ်စိုးစဉ်းမျှ) ပေါ့လျော့ကြသည်မရှိချေ။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 59-63 — အလ်-အန်အာမ်
59۞ وَعِندَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۚ وَمَا تَسْقُطُ مِن وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلُمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُّبِينٍ
၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။
60وَهُوَ الَّذِي يَتَوَفَّاكُم بِاللَّيْلِ وَيَعْلَمُ مَا جَرَحْتُم بِالنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِيُقْضَىٰ أَجَلٌ مُّسَمًّى ۖ ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် အသင်တို့အား ညဉ့်အချိန်၌အိပ်စက်စေတော်မူ၏။ ၎င်းပြင် အသင်တို့ နေ့၌ပြုမူသမျှတို့ကိုလည်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ထို့နောက်တဖန်ထိုအရှင်မြတ်သည် အသင်တို့အား ထိုနေ့၌ပြန်ထစေတော်မူ၏။(တနည်း) ယင်းအိပ်စက်ခြင်းမှ ပြန်နိုးစေတော်မူ၏။ သို့မှသာလျှင် သတ်မှတ်ပြဋ္ဌာန်းထားသော အသက်တမ်းသည် စေ့သွားပေမည်။ တဖန် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်�ောက်ရှိကြကုန်အံ့။ ၎င်းနောက် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူသမျှတို့ကို ထုတ်ဖော်မိန့်ကြားတော်မူအံ့။(ရကူ)
61وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۖ وَيُرْسِلُ عَلَيْكُمْ حَفَظَةً حَتَّىٰ إِذَا جَاءَ أَحَدَكُمُ الْمَوْتُ تَوَفَّتْهُ رُسُلُنَا وَهُمْ لَا يُفَرِّطُونَ
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင် အသင်တို့အနက် တစ်ဦးဦးထံ မရဏ သေခြင်းတရားသည် ဆိုက်ရောက်လာ သောအခါ၊ ငါအရှင်မြတ်၏ (မာလာအိကဟ် ကောင်းကင်တမန်)များသည် ထိုသူ(၏အသက်ဇီဝိန်)ကိုရုပ်သိမ်းကြ၏။၎င်းပြင် ထို(မလာအိကဟ်ကောင်းကင်တမန်)တို့သည် (ငါအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင်အနည်းငယ်စိုးစဉ်းမျှ) ပေါ့လျော့ကြသည်မရှိချေ။
62ثُمَّ رُدُّوا إِلَى اللَّهِ مَوْلَاهُمُ الْحَقِّ ۚ أَلَا لَهُ الْحُكْمُ وَهُوَ أَسْرَعُ الْحَاسِبِينَ
ထို့နောက် တဖန် ယင်းသူတို့သည် မိမိတို့၏အရှင်သခင် အစစ်အမှန် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရမည်။ နားထောင်ကြလေကုန်။ စီရင်ဆုံးဖြတ်ရန် တန်ခိုးအာဏာသည်ထိုအရှင်မြတ်၌သာရှိသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်အမြန်ဆုံး စောကြောမေးမြန်းတော်မူမည့် အရှင်မြတ်ပင်ဖြစ်တော်မူသည်။
63قُلْ مَن يُنَجِّيكُم مِّن ظُلُمَاتِ الْبَرِّ وَالْبَحْرِ تَدْعُونَهُ تَضَرُّعًا وَخُفْيَةً لَّئِنْ أَنجَانَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
(အို-နဗီတမန်တော်) အသင်သည်ပြောကြားပါလေ။ (အချင်းတို့) အသင်တို့အား ကုန်းမြေနှင့် သမုဒ္ဒရာပင်လယ်၏ အမှောင်အထပ်ထပ်တို့မှ မည်သူသည် ကယ်တင်ပါသနည်း။ အကယ်၍ ထိုအရှင် မြတ်သည် ကျွန်တော်မျိုးတို့အား ဤအန္တရာယ်များမှ လွတ်မြောက်စေတော်မူပါလျှင်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကို သိတတ်သောသူတို့တွင်အပါအဝင် ဖြစ်ကြပါမည် ဟူ၍ အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာ ငိုကြွေးကာလည်းကောင်း၊ တိတ်ဆိတ်စွာည်းကောင်း၊ ဟစ်ခေါ်တသ (ဆုတောင်းပတ္ထနာပြု)ကြကုန်သည် (မဟုတ်ပါလော)။တနည်း။(အို-နဗီ) အသင်သည် ပြောကြားပါလေ။ (အိုမုရ်ှရစ်က်အပေါင်းတို့) ကုန်းမြေနှင့်သမုဒ္ဒရာ၏ အမှောင်(ဘေးဒုက္ခ)များမှ အသင်တို့ကို မည်သူ ကယ်တင်သနည်း။ (ထိုအချိန်တွင်) အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာလျှင် (တစ်ခါတစ်ရံ)ကျိုးနွံစွာဖြင့်လည်းကောင်း၊ (တစ်ခါ တစ်ရံ)တိတ်ဆိတ်စွာ လည်းကောင်း၊ တသကြ၏။ (၎င်းပြင် အသင်တို့က)အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဘေးဒုက္ခမှ ကယ်တင်တော်မူပါလျှင် ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကို သိတတ်သောသူများတွင် မုချအပါအဝင် ဖြစ်ကြပါမည် (ဟု ပြောဆိုကြသည်)။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
61အာယာသ်
ဘာသာပြန် — အလ်-အန်အာမ် 61
စူရာ အလ်-အန်အာမ် အာယာသ် 61 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင်…စူရာ အာယာသ် 61/165 — အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်အာမ် နားထောင်, အလ်-အန်အာမ် ဘာသာပြန်, အလ်-အန်အာမ် mp3, အလ်-အန်အာမ် pdf. အာယာသ် 59–63. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








