အတ်-တလာ့ · 5/12
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တလာ့
ذَٰلِكَ أَمْرُ اللَّهِ أَنزَلَهُ إِلَيْكُمْ ۚ وَمَن يَتَّقِ اللَّهَ يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُعْظِمْ لَهُ أَجْرًا ۝٥
Zaalika amrul laahi anzalahoo ilaikum; wa many yattaqil laaha yukaffir `anhu saiyi aatihee wa yu`zim lahoo ajraa
📖 မြန်မာဘာသာ
ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်၊ ထိုအရှင်မြတ်သည် ယင်းအမိန့်တော်ကို အသင်တို့ထံ ချပေးတော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုအရှင်မြတ်သည် ထိုသူ၏ပြစ်မှုဒုစရိုက်များကို ထိုသူမှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး ထိုသူ၏ အကျိုးကျေးဇူးကို ကြီးကျယ်စေတော်မူအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ
  • ذَٰلِكَ (ဇာလိက) — ထို၊ ဤအရာ။
  • أَمْرُ اللَّهِ (အမ်ရုလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ ပညတ်တော်။
  • أَنزَلَهُ (အန်ဇလဟု) — ထိုအမိန့်တော်ကို ချပေးတော်မူခဲ့သည်။
  • يَتَّقِ (ယတ္တကီ) — အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်း၊ ပညတ်တော်များကို လိုက်နာခြင်း၊ တားမြစ်တော်မူချက်များကို ရှောင်ကြဉ်ခြင်း။
  • يُكَفِّرْ (ယုကဖ်ဖိရ်) — ဖျောက်ဖျက်ပေးသည်၊ ခွင့်လွှတ်ပေးသည်။
  • سَيِّئَاتِهِ (ဆယ်ယိအာသိဟိ) — သူ၏ မကောင်းမှုများ၊ အပြစ်များ။
  • يُعْظِمْ (ယုအ်ဇိမ်) — ကြီးမြတ်စေသည်၊ များပြားစေသည်။
  • أَجْرًا (အဂျ်ရန်) — အကျိုးဆု၊ ဆုလာဘ်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် ဖော်ပြထားသည့် ထို ပညတ်တော်များ — ဆိုလိုသည်မှာ ကွာရှင်းခြင်း၊ ပြန်လည်ပေါင်းသင်းခြင်း၊ ဣဒ္ဒသ် (သတ်မှတ်ကာလ) စောင့်ဆိုင်းခြင်းဆိုင်ရာ စည်းမျဉ်းများ — သည် အလ္လာဟ်အရှင်မြတ်က မုအ်မင်န်များဖြစ်သော သင်တို့ထံ ချပေးတော်မူခဲ့သည့် အမိန့်တော်ပင် ဖြစ်သည်။ သင်တို့သည် ထို ပညတ်တော်များကို လိုက်နာကျင့်သုံးရမည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည် — မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး တက္ကဝါ (အရှင်မြတ်ကို ကြောက်ရွံ့ခြင်း) ကို ကျင့်သုံးသည်ဆိုလျှင် — ဆိုလိုသည်မှာ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်တော်မူချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အရှင်မြတ်ကို ကြောက်ရွံ့ခြင်း — ထိုသူ၏ အပြစ်များကို အရှင်မြတ်က ဖျောက်ဖျက်ခွင့်လွှတ်ပေးတော်မူမည်။ ကောင်းမှုများသည် မကောင်းမှုများကို ဖျောက်ဖျက်ပေးသည့်အတိုင်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်က ထိုသူအတွက် အကျိုးဆုလာဘ်ကို အဆမတန် များပြားကြီးမြတ်စေတော်မူမည်။ ဤအကျိုးဆုလာဘ်သည် နောင်တမလွန်ဘဝတွင် ဂျန္နသ် (သုခဘုံ) သို့ ဝင်ရောက်ခြင်းနှင့် ကုန်ဆုံးမည်မဟုတ်သော သုခချမ်းသာများကို ရရှိခြင်းပင် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားများအတွက် လမ်းညွှန်ချက်များကို ချပေးတော်မူခဲ့သည်။ ထိုလမ်းညွှန်ချက်မျ


📜 အာယာသ် 3-7 — စူရာ အတ်-တလာ့

3وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ ۚ وَمَن يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ۚ إِنَّ اللَّهَ بَالِغُ أَمْرِهِ ۚ قَدْ جَعَلَ اللَّهُ لِكُلِّ شَيْءٍ قَدْرًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်သောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထားပါမူ ထိုအရှင်မြတ်သည် ထိုသူ၏အဖို့ လုံလောက်တော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအရေးကိစ္စကို ပြီးမြောက်အောင် ပြုလုပ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ အတိုင်းအတာ အချိန်အဆတစ်ခုကို ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
4وَاللَّائِي يَئِسْنَ مِنَ الْمَحِيضِ مِن نِّسَائِكُمْ إِنِ ارْتَبْتُمْ فَعِدَّتُهُنَّ ثَلَاثَةُ أَشْهُرٍ وَاللَّائِي لَمْ يَحِضْنَ ۚ وَأُولَاتُ الْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ ۚ وَمَن يَتَّقِ اللَّهَ يَجْعَل لَّهُ مِنْ أَمْرِهِ يُسْرًا
၎င်းပြင် အသင်တို့၏(ကွာရှင်းပြီးဖြစ်သော) ဇနီးမိန်းမတို့အနက် ရာသီပန်းပွင့်ခြင်းမှ မျှော်လင့်ချက် ကင်းခဲ့ကြသောမိန်းမများသည် အကယ်၍(၎င်းတို့၏ ‘အစ်ဒ္ဒတ်’နှင့်စပ်လျဉ်း၍) အသင်တို့သည် ဒွိဟသံသယ ဖြစ်ခဲ့ကြလျှင် ၎င်းတို့၏`အစ်ဒ္ဒတ်`မှာ သုံးလ (တိတိ)ဖြစ်၏။ ထိုနည်းတူစွာ ရာသီပန်းပွင့်ဖူးခဲ့သည် မရှိသေးသောမိန်းမများ(၏ ‘အစ်ဒ္ဒတ်’မှာ)လည်း(သုံးလတိတိပင်)။ ထိုမှတစ်ပါး ကိုယ်ဝန်ရှိသော မိန်းမများသည် ၎င်းတို့၏(‘အစ်ဒ္ဒတ်’ရက်) အပိုင်းအခြားမှာ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ခြင်းပင်ဖြစ်၏။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ၎င်း၏အရေးကိစ္စကို လွယ်ကူအောင် ပြုလုပ်၍ ပေးတော်မူမည်ဖြစ်၏။
5ذَٰلِكَ أَمْرُ اللَّهِ أَنزَلَهُ إِلَيْكُمْ ۚ وَمَن يَتَّقِ اللَّهَ يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُعْظِمْ لَهُ أَجْرًا
ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်၊ ထိုအရှင်မြတ်သည် ယင်းအမိန့်တော်ကို အသင်တို့ထံ ချပေးတော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုအရှင်မြတ်သည် ထိုသူ၏ပြစ်မှုဒုစရိုက်များကို ထိုသူမှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး ထိုသူ၏ အကျိုးကျေးဇူးကို ကြီးကျယ်စေတော်မူအံ့သတည်း။
6أَسْكِنُوهُنَّ مِنْ حَيْثُ سَكَنتُم مِّن وُجْدِكُمْ وَلَا تُضَارُّوهُنَّ لِتُضَيِّقُوا عَلَيْهِنَّ ۚ وَإِن كُنَّ أُولَاتِ حَمْلٍ فَأَنفِقُوا عَلَيْهِنَّ حَتَّىٰ يَضَعْنَ حَمْلَهُنَّ ۚ فَإِنْ أَرْضَعْنَ لَكُمْ فَآتُوهُنَّ أُجُورَهُنَّ ۖ وَأْتَمِرُوا بَيْنَكُم بِمَعْرُوفٍ ۖ وَإِن تَعَاسَرْتُمْ فَسَتُرْضِعُ لَهُ أُخْرَىٰ
အသင်တို့သည် ထို(ကွာရှင်းပြီး ဖြစ်ကြသော)မိန်းမများအား မိမိတို့ နေထိုင်ရာတွင် မိမိတို့၏ ကြွယ်ဝ မှုနှင့်လျော်ညီ (နေထိုင်ရန်)အိမ်ပေးကြလေကုန်။ ထို့အပြင် အသင်တို့သည် ၎င်းတို့အပေါ်၌ ကျပ်တည်းစေခြင်းငှာ ၎င်းတို့အား ဒုက္ခမပေးကြကုန်လင့်။ ထိုမှတစ်ပါး အကယ်၍ ထိုမိန်းမများမှာ ကိုယ်ဝန်ရှိသူများ ဖြစ်ခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ကြသည်အထိ သုံးစွဲကြလေကုန်။ တစ်ဖန် အကယ်၍ ၎င်းတို့သည် အသင်တို့အကျိုးငှာ(အသင်တို့၏ကလေးကို)နို့တိုက်ကျွေးခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့အား ၎င်းတို့အခများကို ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း သင့်လျော်စွာ ညှိနှိုင်းတိုင်ပင်ကြလေကုန်။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်း မညီမညွတ် မပြေမလည် ဖြစ်ခဲ့ကြလျှင် ထို(ဖခင်)၏အကျိုးငှာ အခြားမိန်းမ တစ်ဦးတစ်ယောက်သည် နို့တိုက်ကျွေးရမည်ဖြစ်၏။
7لِيُنفِقْ ذُو سَعَةٍ مِّن سَعَتِهِ ۖ وَمَن قُدِرَ عَلَيْهِ رِزْقُهُ فَلْيُنفِقْ مِمَّا آتَاهُ اللَّهُ ۚ لَا يُكَلِّفُ اللَّهُ نَفْسًا إِلَّا مَا آتَاهَا ۚ سَيَجْعَلُ اللَّهُ بَعْدَ عُسْرٍ يُسْرًا
ကြွယ်ဝချမ်းသာသောသူသည် မိမိကြွယ်ဝမှု နှင့်လျော်ညီစွာ သုံးစွဲရပေမည်။ သို့ရာတွင် စီးပွား ဥစ္စာကျပ်တည်းသော သူမှာမူကား မိမိအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသမျှ (ဥစ္စာပစ္စည်း)အနက်မှ သုံးစွဲရပေမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် မိမိချီးမြှင့်ပေးသနားတော်မူသည်ထက်ပို၍ တာဝန်ပေးသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏နောက်တွင် မကြာမြင့်မီပင် ချောင် လည်မှုကို ဖန်တီး၍ ပေးသနားတော်မူအံ့သတည်း။
အတ်-တလာ့ကုရ်အာန် ညွှန်းကိန်း
12အာယာသ်
MedinanRevelation
5အာယာသ်

ဘာသာပြန် — အတ်-တလာ့ 5

စူရာ အတ်-တလာ့ အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်၊ ထိုအရှင်မြတ်သည် ယင်းအမိန့်တော်ကို အသင်တို့ထံ ချပေးတော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား…

စူရာ အာယာသ် 5/12 — စူရာ အတ်-တလာ့ الطلاق (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တလာ့ နားထောင်, စူရာ အတ်-တလာ့ ဘာသာပြန်, စူရာ အတ်-တလာ့ mp3, စူရာ အတ်-တလာ့ pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 25, 2026

Don't forget us in your sincere prayers