فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُّفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ ١٣٣
🔤 Transliteration
Fa arsalnaa `alaihimut toofaana waljaraada walqum mala waddafaadi`a waddama Aayaatim mufassalaatin fastakbaroo wa kaanoo qawmam mujrimeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက ထင်ရှားသောသက်သေလက္ခဏာများ အဖြစ်ပို့တော်မူခဲ့လေသည်။ သို့ပါလျက် မထီမဲ့မြင် (ပြုမြဲ)ပြုလျက်ပင်ရှိခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ပြစ်မှုကျူးလွန်(လေ့ရှိ)သူများပင် ဖြစ်ကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: သွဖာန် (الطوفان ): ပြင်းထန်သော ရေလွှမ်းမိုးမှုကြီး၊ ရေကြီးမှု။ ဂျရာဒ် (الجراد ): ကျိုင်းကောင်များ။ ကွမ်မလ် (القمل ): အတောင်မဲ့ကျိုင်းကောင်ဟု ဆိုသူရှိ၏။ လူသိများသော သန်ကောင်ဟုလည်း ဆို၏။ ဂျုံစပါးမှ ထွက်သော ပိုးကောင်ဟုလည်း ဆို၏။ ဒွဖာဒိအ် (الضفادع ): ဖားများ။ ဒမ် (الدم ): သွေး။ အာယာသ်မွဖဿလာသ် (آيات مفصلات ): အချင်းချင်း ခွဲခြားထားသော၊ အစဉ်လိုက် လာသော သက်သေလက္ခဏာများ။ ဖသသက်ဗရူ (فاستكبروا ): သူတို့သည် မာန်မာနထောင်လွှားကြ၏။ မွဂျ်ရိမీန် (مجرمين ): ပြစ်မှုကျူးလွန်သူများ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: ဖိရ်အောင်န်၏ လူမျိုးတို့သည် တမန်တော် မူဆာ (အလိုင်ဟိစ်စလာမ်) ကို မယုံကြည်ဘဲ ခေါင်းမာမာဖြင့် ဆန့်ကျင်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် ပြစ်ဒဏ်များကို အဆင့်ဆင့် စေလွှတ်တော်မူခဲ့၏။
ပထမဦးစွာ ပြင်းထန်သော ရေလွှမ်းမိုးမှုကြီးကို စေလွှတ်တော်မူခဲ့ရာ သူတို့၏ သီးနှံများနှင့် ဥယျာဉ်များ ပျက်စီးခဲ့ရ၏။ ထို့နောက် ကျိုင်းကောင်များကို စေလွှတ်တော်မူခဲ့ရာ သူတို့၏ ကောက်ပဲသီးနှံများ၊ အစားအစာများ၊ အဝတ်အထည်များနှင့် အိမ်များ၏ အမိုးများကိုပါ စားသုံးဖျက်ဆီးခဲ့၏။ ထို့နောက် ကွမ်မလ်ကို စေလွှတ်တော်မူခဲ့ရာ သီးနှံများကို ဖျက်ဆီး၏၊ တိရစ္ဆာန်များနှင့် အပင်များကို ပျက်စီးစေ၏။ ထို့နောက် ဖားများကို စေလွှတ်တော်မူခဲ့ရာ သူတို့၏ အိုးခွက်များ၊ အစားအစာများနှင့် အိပ်ရာများကို ဖားများဖြင့် ပြည့်နှက်စေခဲ့၏။ ထို့နောက် သွေးကို စေလွှတ်တော်မူခဲ့ရာ သူတို့၏ ရေတွင်းများနှင့် မြစ်ချောင်းများ၏ ရေများသည် သွေးများ ဖြစ်ကုန်ကြ၏၊ သောက်သုံးရန် သင့်လျော်သော ရေကို ရှာမတွေ့နိုင်ကြတော့ပေ။
ဤအရာများအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များဖြစ်ကြ၏။ အခြားမည်သူမျှ ဤသို့ ဖြစ်ပေါ်စေနိုင်စွမ်း မရှိကြပေ။ ဤသက်သေလက္ခဏာများသည် တစ်ခုပြီးတစ်ခု ခွဲခြားထားလျက် အစဉ်လိုက် လာခဲ့ကြ၏။
သို့သော် ဤအံ့ဖွယ်ရာ သက်သေလက္ခဏာများအားလုံးက
فَأَرۡسَلۡنَا عَلَيۡهِمُ ٱلطُّوفَانَ وَٱلۡجَرَادَ وَٱلۡقُمَّلَ وَٱلضَّفَادِعَ وَٱلدَّمَ ءَايَٰتٍ مُّفَصَّلَٰتٍ فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا مُّجۡرِمِينَ ١٣٣
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက ထင်ရှားသောသက်သေလက္ခဏာများ အဖြစ်ပို့တော်မူခဲ့လေသည်။ သို့ပါလျက် မထီမဲ့မြင် (ပြုမြဲ)ပြုလျက်ပင်ရှိခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ပြစ်မှုကျူးလွန်(လေ့ရှိ)သူများပင် ဖြစ်ကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 131-135 — စူရာ အလ်-အာအ်ရာဖ်
131 فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَن مَّعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç ဝီရိယတို့ ကြောင့်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ တစ်ဖန် အကယ်၍ ၎င်းတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်ခဲ့ပါမူ ၎င်းတို့က နဗီတမန်တော်(မူစာ)ကြောင့်လည်းကောင်း၊ ထိုတမန်တော်မူစာနှင့်အတူ ရှိကုန်သောသူတို့ကြောင့်လည်းကောင်း၊ (လာဘ်ပိတ်သည်)ဟု မကောင်းသော အတိတ်နမိတ်ကောက်ယူကြသည်။ (အို-ကြားနာသူအပေါင်းတို့၊ အသင်တို့သည် ကောင်း မွန်စွာ)မှတ်ယူကြလေကုန်၊ ၎င်း(ဖစ်ရ်အောင်န်၏အမျိုးသား)တို့၏ လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အရှင်မြတ်၏ထံတော်၌ရှိသည်။သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့သည် (ဤမျှလောက် ထင်ရှားလှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။
132 وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِّتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ
၎င်းပြင် ထို(ဖစ်ရ်အောင်န်၏ အမျိုးသား) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့အား ပြုစားရန် မည်သို့ပင် သက်သေလက္ခဏာများကို ကျွန်ုပ်တို့ရှေ့ဝယ် ယူဆောင်၍ လာသော်ငြားလည်း ကျွန်ုပ်တို့မူကားအသင့်အား ယုံကြည်ကြမည် မဟုတ်ပေ။
133 فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُّفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက ထင်ရှားသောသက်သေလက္ခဏာများ အဖြစ်ပို့တော်မူခဲ့လေသည်။ သို့ပါလျက် မထီမဲ့မြင် (ပြုမြဲ)ပြုလျက်ပင်ရှိခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ပြစ်မှုကျူးလွန်(လေ့ရှိ)သူများပင် ဖြစ်ကြကုန်သတည်း။
134 وَلَمَّا وَقَعَ عَلَيْهِمُ الرِّجْزُ قَالُوا يَا مُوسَى ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ ۖ لَئِن كَشَفْتَ عَنَّا الرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِي إِسْرَائِيلَ
၎င်းပြင် ၎င်းတို့အပေါ်၌ပြစ်ဒဏ်များကျရောက်လာသောအခါ ထိုသူတို့က အို-မူစာ၊ အသင်၏အရှင်မြတ်သည် အသင်နှင့် ပဋိညာဉ် ပြုထားတော်မူသည်နှင့် စပ်လျဉ်း၍အသင်သည် ကျွန်ုပ်တို့အဖို့ မိမိအရှင်မြတ်အထံတော်၌ ဆုမွန်ပတ္တနာ ပြု၍ပေးပါလေ။ အကယ်၍သာ အသင်သည် ကျွန်ုပ်တို့အပေါ်မှ (ဤ)ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်(ကိုးစား)၍ အစ္စရာအီလီ အမျိုးသားတို့ကိုလည်း အသင်နှင့်အတူ ထည့်လိုက်ကြပါမည်ဟု ပြောဆို(လေ့ရှိ)ကြကုန်၏။
135 فَلَمَّا كَشَفْنَا عَنْهُمُ الرِّجْزَ إِلَىٰ أَجَلٍ هُم بَالِغُوهُ إِذَا هُمْ يَنكُثُونَ
တဖန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်မှအပြစ်ဒဏ်ကို သတ်မှတ်ထားသည့်အချိန် ထိုအချိန်အထိ၎င်းတို့သည်ရောက်ကြရမည်ဖြစ်၏။ ဖယ်ရှား၍ ပေးတော်မူလိုက်သောအခါ ၎င်းတို့သည် ရုတ်တရက်(ချက်ချင်း) ကတိဖျက်ကြပြန်လေသည်။
ဘာသာပြန် — အလ်-အာအ်ရာဖ် 133 စူရာ အလ်-အာအ်ရာဖ် အာယာသ် 133 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက…
စူရာ အာယာသ် 133/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 131–135. မြန်မာဘာသာ: ภาษาไทย.