အလ်-အာအ်ရာဖ် · 132/206
ဘာသာပြန် အသံနိုင်ငံ — အလ်-အာအ်ရာဖ်
وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِّتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ ۝١٣٢
Wa qaaloo mahmaa taatinaa bihee min Aayatil litasharanaa bihaa famaa nahnu laka bimu`mineen
📖 မြန်မာဘာသာ
၎င်းပြင် ထို(ဖစ်ရ်အောင်န်၏ အမျိုးသား) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့အား ပြုစားရန် မည်သို့ပင် သက်သေလက္ခဏာများကို ကျွန်ုပ်တို့ရှေ့ဝယ် ယူဆောင်၍ လာသော်ငြားလည်း ကျွန်ုပ်တို့မူကားအသင့်အား ယုံကြည်ကြမည် မဟုတ်ပေ။

🎧 နားထောင်


📜 အာယာသ် 130-134 — အလ်-အာအ်ရာဖ်

130وَلَقَدْ أَخَذْنَا آلَ فِرْعَوْنَ بِالسِّنِينَ وَنَقْصٍ مِّنَ الثَّمَرَاتِ لَعَلَّهُمْ يَذَّكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ဧကန်စင်စစ် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား နောင်တတရား ရစိမ့်သောငှာမိုးခေါင်ရေရှားစေခြင်းဖြင့်လည်းကောင်း၊ သစ်သီးဝလံ ရှားပါးစေခြင်းဖြင့်လည်းကောင်း၊ ဖမ်းဆီးကွပ်နှိပ် အပြစ်ပေးတော်မူခဲ့လေသည်။
131فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَن مَّعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
သို့ရာတွင် ၎င်းတို့သည် မိမိတို့၌ ကောင်းမွန်သောအခြေအနေ ဆိုက်ရောက်ခဲ့သောအခါ ဤသည် ငါတို့အဖို့(ဝါ) ငါတို့၏ ကံç ဉာဏ်ç ဝီရိယတို့ ကြောင့်ဖြစ်သည်ဟု ပြောဆိုကြလေသည်။ တစ်ဖန် အကယ်၍ ၎င်းတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်ခဲ့ပါမူ ၎င်းတို့က နဗီတမန်တော်(မူစာ)ကြောင့်လည်းကောင်း၊ ထိုတမန်တော်မူစာနှင့်အတူ ရှိကုန်သောသူတို့ကြောင့်လည်းကောင်း၊ (လာဘ်ပိတ်သည်)ဟု မကောင်းသော အတိတ်နမိတ်ကောက်ယူကြသည်။ (အို-ကြားနာသူအပေါင်းတို့၊ အသင်တို့သည် ကောင်း မွန်စွာ)မှတ်ယူကြလေကုန်၊ ၎င်း(ဖစ်ရ်အောင်န်၏အမျိုးသား)တို့၏ လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အရှင်မြတ်၏ထံတော်၌ရှိသည်။သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့သည် (ဤမျှလောက် ထင်ရှားလှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။
132وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِّتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ
၎င်းပြင် ထို(ဖစ်ရ်အောင်န်၏ အမျိုးသား) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့အား ပြုစားရန် မည်သို့ပင် သက်သေလက္ခဏာများကို ကျွန်ုပ်တို့ရှေ့ဝယ် ယူဆောင်၍ လာသော်ငြားလည်း ကျွန်ုပ်တို့မူကားအသင့်အား ယုံကြည်ကြမည် မဟုတ်ပေ။
133فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُّفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ လေပြင်းမုန်တိုင်း ကိုလည်းကောင်း၊ ကျိုင်းကောင်များကိုလည်းကောင်း၊ ပိုးမွှားများ၊ သန်းကောင်များကိုလည်းကောင်း၊ဖားများ(ဖားများ)ကိုလည်းကောင်း၊ သွေးများကိုလည်းကောင်း၊အသီးသီးအသက ထင်ရှားသောသက်သေလက္ခဏာများ အဖြစ်ပို့တော်မူခဲ့လေသည်။ သို့ပါလျက် မထီမဲ့မြင် (ပြုမြဲ)ပြုလျက်ပင်ရှိခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ပြစ်မှုကျူးလွန်(လေ့ရှိ)သူများပင် ဖြစ်ကြကုန်သတည်း။
134وَلَمَّا وَقَعَ عَلَيْهِمُ الرِّجْزُ قَالُوا يَا مُوسَى ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ ۖ لَئِن كَشَفْتَ عَنَّا الرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِي إِسْرَائِيلَ
၎င်းပြင် ၎င်းတို့အပေါ်၌ပြစ်ဒဏ်များကျရောက်လာသောအခါ ထိုသူတို့က အို-မူစာ၊ အသင်၏အရှင်မြတ်သည် အသင်နှင့် ပဋိညာဉ် ပြုထားတော်မူသည်နှင့် စပ်လျဉ်း၍အသင်သည် ကျွန်ုပ်တို့အဖို့ မိမိအရှင်မြတ်အထံတော်၌ ဆုမွန်ပတ္တနာ ပြု၍ပေးပါလေ။ အကယ်၍သာ အသင်သည် ကျွန်ုပ်တို့အပေါ်မှ (ဤ)ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်(ကိုးစား)၍ အစ္စရာအီလီ အမျိုးသားတို့ကိုလည်း အသင်နှင့်အတူ ထည့်လိုက်ကြပါမည်ဟု ပြောဆို(လေ့ရှိ)ကြကုန်၏။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
132အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 132

စူရာ အလ်-အာအ်ရာဖ် အာယာသ် 132 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထို(ဖစ်ရ်အောင်န်၏ အမျိုးသား) တို့က(ဤသို့) ပြောဆိုကြကုန်၏။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့အား ပြုစားရန် မည်သို့ပင်…

စူရာ အာယာသ် 132/206 — အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အာအ်ရာဖ် နားထောင်, အလ်-အာအ်ရာဖ် ဘာသာပြန်, အလ်-အာအ်ရာဖ် mp3, အလ်-အာအ်ရာဖ် pdf. အာယာသ် 130–134. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers