အလ်-အာအ်ရာဖ် · 143/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَلَمَّا جَاءَ مُوسَىٰ لِمِيقَاتِنَا وَكَلَّمَهُ رَبُّهُ قَالَ رَبِّ أَرِنِي أَنظُرْ إِلَيْكَ ۚ قَالَ لَن تَرَانِي وَلَٰكِنِ انظُرْ إِلَى الْجَبَلِ فَإِنِ اسْتَقَرَّ مَكَانَهُ فَسَوْفَ تَرَانِي ۚ فَلَمَّا تَجَلَّىٰ رَبُّهُ لِلْجَبَلِ جَعَلَهُ دَكًّا وَخَرَّ مُوسَىٰ صَعِقًا ۚ فَلَمَّا أَفَاقَ قَالَ سُبْحَانَكَ تُبْتُ إِلَيْكَ وَأَنَا أَوَّلُ الْمُؤْمِنِينَ ۝١٤٣
Wa lammaa jaaa`a Moosa limeeqaatinaa wa kallamahoo Rabbuhoo qaala Rabbi arineee anzur ilaik; qaala lan taraanee wa laakininzur ilal jabali fa inistaqarra makaanahoo faswfa taraanee; falammaa tajallaa Rabbuhoo liljabali ja`alahoo dakkanw wa kharra Moosaa sa`iqaa; falammaaa afaaqa qaala Subhaanaka tubtu ilaika wa ana awwalul mu`mineen
📖 မြန်မာဘာသာ
၎င်းပြင် (နဗီတမန်တော်)မူစာသည် ငါအရှင်မြတ်သတ်မှတ်တော်မူသောအချိန်၌ ရောက်ရှိလာခဲ့၍ ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို (နဗီတမန်တော်)မူစာနှင့် စကားပြောဆိုတော်မူသောအခါ ထို(နဗီတမန်တော်)မူစာက အို ကျွန်တော်မျိုး၏အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား(မိမိကို)ပြသတော်မူပါ။ ကျွန်တော်မျိုးသည် အရှင်မြတ်အားဖူးမျှော်ပါရစေဟု လျှောက်ထားပန်ကြားလေသည်။ ထိုအခါ အရှင်မြတ်က (အို-မူစာ) အသင်သည် (ဤလောကတွင်) ငါအရှင်မြတ်အား အလျင်း ဖူးမြင်နိုင် မည်မဟုတ်ပေ။သို့ရာတွင် အသင်သည် (ဤ)တောင်ကို ကြည့် နေပါလေ။အကယ်၍ ထိုတောင်သည် မိမိနေရာတွင် တည်ငြိမ်စွာရှိနေခဲ့ပါမူ အသင်သည်လည်း ငါအရှင်မြတ်အား အမှန်ပင်မူးမျှော်နိုင်ပေမည်ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် ထို(နဗီတမန်တော်) မူစာ၏အရှင်သည် တောင်ပေါ်သို့(မိမိ) ဘုန်းတော်ကို ထင်ရှားစေတော်မူလိုက်သည့်အခါ ထိုဘုန်းတော်သည်ယင်းတောင်ကို အစိတ်စိတ်ဖြစ်ခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာသည်လည်း သတိလစ်၍ လဲကျသွားလေသည်။တဖန် ထို(နဗီတမန်တော်)မူစာသည် သတိပြန်လည်၍ ရရှိလာသောအခါ (ဤသို့) လျှောက်ထား လေသည်။ (အို-အရှင်မြတ်)အရှင်မြတ်သည်(ဤလူ့လောကတွင် မံသစက္ခုဖြင့်ဖူးမြင်ရတော်မူခြင်းမှ) သန့်ရှင်း စင်ကြယ်တော်မူပါ၏။ ကျွန် တော်မျိုးသည်အရှင်မြတ်အထံတော်၌ (ယခုကဲ့သို့လျှောက် ထားမိသောကြောင့်) ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ကျွန် တော်မျိုးသည်(အရှင်မြတ်အား ဤလောကတွင် မည်သူမျှ မမြင်နိုင်ကြောင်း)ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ [(တစ်နည်း) ၎င်းပြင်ကျွန်တော်မျိုးသည် အသင်သည် ငါအရှင်မြတ်အား (ဤပစ္စုပ္ပုန်ဘဝတွင်)အလျင်း ဖူးမျှော်နိုင်မည်မဟုတ်ဟူသော မုက္ခပါဌ်တော် ကို ပထမဦးဆုံး ယုံကြည်သူ ဖြစ်ပါသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • မီကာသ် (مِيقَات) — ချိန်းဆိုထားသော အချိန်ကာလ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) ချိန်းဆိုထားသည့် ရက်ပေါင်း လေးဆယ်ပြည့်မြောက်သော အချိန်ကို ဆိုလိုသည်။
  • ဒက္ကာ (دَكًّا) — မြေနှင့်တစ်ပြေးညီ ပြန့်ပြူးသွားသည်၊ ပြိုလဲပျက်စီးသွားသည် ဟု အဓိပ္ပာယ်ရသည်။
  • ဆွာအိကန် (صَعِقًا) — သတိလစ်မေ့မြောသွားသည်၊ မိန်းမောတွေဝေသွားသည် ဟု အဓိပ္ပာယ်ရသည်။
  • တဂျလ္လာ (تَجَلَّى) — အရှင်မြတ်၏ ဘုန်းတော်အာနုဘော်သည် ထင်ရှားပေါ်လွင်လာသည် ဟု အဓိပ္ပာယ်ရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) သည် အလ္လာဟ်အရှင်မြတ် ချိန်းဆိုထားတော်မူသော အချိန်ကာလ — ရက်ပေါင်းလေးဆယ် ပြည့်မြောက်သောအခါ — ရောက်ရှိလာပြီး၊ အရှင်မြတ်သည် သူ့အား အမိန့်တော်များ၊ တားမြစ်ချက်များနှင့် အခြားသော ဗျာဒိတ်တော်များကို ကြားသိစေတော်မူသောအခါ၊ သူ၏ စိတ်နှလုံးသည် အရှင်မြတ်အား ဖူးမြင်လိုသော ဆန္ဒပြင်းပြလာပြီး “အို ကျွန်ုပ်၏ အရှင်မြတ်၊ အရှင်မြတ်အား ကျွန်ုပ် ဖူးမြင်ခွင့်ပြုတော်မူပါ” ဟု လျှောက်ထားလေသည်။

အလ္လာဟ်အရှင်မြတ်သည် မိန့်တော်မူသည် — “သင်သည် ဤလောကီဘဝတွင် ငါ့အား မည်သည့်အခါမျှ ဖူးမြင်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုတောင်ကို ကြည့်လော့။ အကယ်၍ ငါ၏ ဘုန်းတော်အာနုဘော် ထင်ရှားလာသောအခါ ထိုတောင်သည် မိမိနေရာ၌ တည်ငြိမ်နေနိုင်လျှင် သင်လည်း ငါ့အား ဖူးမြင်နိုင်လိမ့်မည်။” သို့သော် အရှင်မြတ်၏ ဘုန်းတော်အာနုဘော်သည် တောင်ပေါ်သို့ ထင်ရှားပေါ်လွင်လာသောအခါ တောင်ကြီးသည် မြေနှင့်တစ်ပြေးညီ ပြိုလဲပျက်စီးသွားလေသည်။ တမန်တော်မူစာလည်း ထိတ်လန့်မိန်းမောမှုကြောင့် သတိလစ်မေ့မြောလျက် လဲကျသွားလေသည်။

သူသည် သတိပြန်လည်လာသောအခါ “အို အရှင်မြတ်၊ အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူပါသည်။ ကျွန်ုပ်သည် အရှင်မြတ်အား ဤလောကီဘဝတွင် ဖူးမြင်ရန် တောင်းဆိုမိသည့်အတွက် အရှင်မြတ်ထံ အသနားခံ ဝန်ချတောင်းပန်အပ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ လူမျိုးများထဲမှ အရှင်မြတ်အား ပထမဆုံး ယုံကြည်သူ ဖြစ်ပါသည်” ဟု လျှောက်ထားလေသည်။

**၃။ ဤ



📜 အာယာသ် 141-145 — စူရာ အလ်-အာအ်ရာဖ်

141وَإِذْ أَنجَيْنَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ
ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော် မူခဲ့လေသည်။ ၎င်းတို့သည် အသင်တို့အပေါ်၌ အလွန်ဆိုးရွားလှသော ဘေးဒုက္ခများကို သက်ရောက်စေကြလေသည်။ ၎င်းတို့သည် အသင်တို့၏သား ယောက်ျားကလေးများကို(ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြလေသည်။ သို့ရာတွင် အသင်တို့၏အမျိုးသမီးများကို မူကား (၎င်းတို့၏ကျွန်မများအဖြစ် ခိုင်းစေနိုင်ရန် သတ်ဖြတ်ခြင်းမပြုပဲ)အသက်ချမ်းသာ ပေးကြလေသည်။ စင်စစ်သော်ကား ဤသည်အသင်တို့အဖို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှု တစ်ရပ်ပင် ရှိချေသတည်း။(ရကူ)
142۞ وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ညဉ့်ပေါင်းသုံးဆယ် ချိန်းချက်တော်မူခဲ့လေသည်။ထို့နောက် ငါအရှင်မြတ်သည် ယင်းညဉ့်ပေါင်းသုံးဆယ်ကိုဆယ်ညဉ့်ဖြင့် (ထပ်လောင်း၍) ဖြည့်စွက်တော်မူခဲ့လေသည်။သို့ဖြစ်ပေ ရာ ထို(နဗီတမန်တော်)မူစာ၏အရှင် သတ်မှတ်တော်မူသောအချိန်သည် ညဉ့်ပေါင်းလေးဆယ် ပြည့် သွားခဲ့လေ၏။ ၎င်းပြင် (နဗီတမန်တော်)မူစာသည် မိမိနောင်တော်(နဗီတမန်တော်)ဟာရူန်အား (ဤသို့)ပြောဆို မှာကြားခဲ့လေသည်။ (အို-နောင်တော်) အသင်သည် ကျွန်ုပ်၏အမျိုးသားတို့တွင် ကျွန်ုပ်အားကိုယ်စားပြု၍ နေရစ်ခဲ့ပါ။ ထို့ပြင် အသင်သည်(၎င်းတို့အား) ပြုပြင်၍ပေးပါ။ သို့ရာတွင် အသင်သည် အကျိုးပျက်စီးအောင် ပြုလုပ်သူတို့၏ လမ်းစဉ်ကို မလိုက်ပါလေနှင့်။
143وَلَمَّا جَاءَ مُوسَىٰ لِمِيقَاتِنَا وَكَلَّمَهُ رَبُّهُ قَالَ رَبِّ أَرِنِي أَنظُرْ إِلَيْكَ ۚ قَالَ لَن تَرَانِي وَلَٰكِنِ انظُرْ إِلَى الْجَبَلِ فَإِنِ اسْتَقَرَّ مَكَانَهُ فَسَوْفَ تَرَانِي ۚ فَلَمَّا تَجَلَّىٰ رَبُّهُ لِلْجَبَلِ جَعَلَهُ دَكًّا وَخَرَّ مُوسَىٰ صَعِقًا ۚ فَلَمَّا أَفَاقَ قَالَ سُبْحَانَكَ تُبْتُ إِلَيْكَ وَأَنَا أَوَّلُ الْمُؤْمِنِينَ
၎င်းပြင် (နဗီတမန်တော်)မူစာသည် ငါအရှင်မြတ်သတ်မှတ်တော်မူသောအချိန်၌ ရောက်ရှိလာခဲ့၍ ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို (နဗီတမန်တော်)မူစာနှင့် စကားပြောဆိုတော်မူသောအခါ ထို(နဗီတမန်တော်)မူစာက အို ကျွန်တော်မျိုး၏အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား(မိမိကို)ပြသတော်မူပါ။ ကျွန်တော်မျိုးသည် အရှင်မြတ်အားဖူးမျှော်ပါရစေဟု လျှောက်ထားပန်ကြားလေသည်။ ထိုအခါ အရှင်မြတ်က (အို-မူစာ) အသင်သည် (ဤလောကတွင်) ငါအရှင်မြတ်အား အလျင်း ဖူးမြင်နိုင် မည်မဟုတ်ပေ။သို့ရာတွင် အသင်သည် (ဤ)တောင်ကို ကြည့် နေပါလေ။အကယ်၍ ထိုတောင်သည် မိမိနေရာတွင် တည်ငြိမ်စွာရှိနေခဲ့ပါမူ အသင်သည်လည်း ငါအရှင်မြတ်အား အမှန်ပင်မူးမျှော်နိုင်ပေမည်ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် ထို(နဗီတမန်တော်) မူစာ၏အရှင်သည် တောင်ပေါ်သို့(မိမိ) ဘုန်းတော်ကို ထင်ရှားစေတော်မူလိုက်သည့်အခါ ထိုဘုန်းတော်သည်ယင်းတောင်ကို အစိတ်စိတ်ဖြစ်ခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာသည်လည်း သတိလစ်၍ လဲကျသွားလေသည်။တဖန် ထို(နဗီတမန်တော်)မူစာသည် သတိပြန်လည်၍ ရရှိလာသောအခါ (ဤသို့) လျှောက်ထား လေသည်။ (အို-အရှင်မြတ်)အရှင်မြတ်သည်(ဤလူ့လောကတွင် မံသစက္ခုဖြင့်ဖူးမြင်ရတော်မူခြင်းမှ) သန့်ရှင်း စင်ကြယ်တော်မူပါ၏။ ကျွန် တော်မျိုးသည်အရှင်မြတ်အထံတော်၌ (ယခုကဲ့သို့လျှောက် ထားမိသောကြောင့်) ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ကျွန် တော်မျိုးသည်(အရှင်မြတ်အား ဤလောကတွင် မည်သူမျှ မမြင်နိုင်ကြောင်း)ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ [(တစ်နည်း) ၎င်းပြင်ကျွန်တော်မျိုးသည် အသင်သည် ငါအရှင်မြတ်အား (ဤပစ္စုပ္ပုန်ဘဝတွင်)အလျင်း ဖူးမျှော်နိုင်မည်မဟုတ်ဟူသော မုက္ခပါဌ်တော် ကို ပထမဦးဆုံး ယုံကြည်သူ ဖြစ်ပါသည်။
144قَالَ يَا مُوسَىٰ إِنِّي اصْطَفَيْتُكَ عَلَى النَّاسِ بِرِسَالَاتِي وَبِكَلَامِي فَخُذْ مَا آتَيْتُكَ وَكُن مِّنَ الشَّاكِرِينَ
(ထိုအခါအလ္လာဟ်)အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ အို-(နဗီတမန်တော်) မူစာ၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူအများပေါ်၌ မိမိရစူလ်တမန်တော်အဖြစ်ကို ချီးမြှင့်တော်မူခြင်းအားဖြင့်လည်းကောင်း၊ ငါအရှင်မြတ်သည် အသင်နှင့်စကားပြောဆိုတော်မူခြင်းအားဖြင့်လည်းကောင်း၊ ရွေးချယ်မြှောက်စားတော်မူ လိုက်ပြီ။ သို့ဖြစ်ပေရာ အသင်သည် အသင့်အား ငါအရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသည်(များ)ကို ယူပါလေ။ ၎င်းပြင်အသင်သည် ကျေးဇူးတော်ကိုသိတတ်သူ တို့တွင် အပါအဝင်ဖြစ်ပါလေ။
145وَكَتَبْنَا لَهُ فِي الْأَلْوَاحِ مِن كُلِّ شَيْءٍ مَّوْعِظَةً وَتَفْصِيلًا لِّكُلِّ شَيْءٍ فَخُذْهَا بِقُوَّةٍ وَأْمُرْ قَوْمَكَ يَأْخُذُوا بِأَحْسَنِهَا ۚ سَأُرِيكُمْ دَارَ الْفَاسِقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(တမန်တော်မူစာ)အား (သာသနာရေးတွင်မုချလိုအပ်သည့်)အလုံးစုံသောအဆုံးအမ ဩဝါဒများကိုလည်းကောင်း၊ (အမိန့်ပညတ်များနှင့်ပတ်သက်၍) အရာခပ်သိမ်းတို့၏ ရှင်းလင်းချက်ကိုလည်းကောင်း၊ ၎င်းကျောက်သင်ပုန်းများတွင် ရေးမှတ်၍ ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် မူစာ)အသင်သည် ၎င်းကို မြဲမြံစွာစွဲကိုင်၍ ထားပါလေ။ ၎င်းပြင်အသင်သည် မိမိအမျိုးသားတို့အား ယင်းဩဝါဒတော်များအနက်မှ အကောင်းဆုံးများကို(စွဲမြဲစွာ)လိုက်နာကြရန် ဆင့်ဆိုပါလေ၊ မကြာမြင့်မီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်တော် မနာခံသောသူတို့၏ နေရာဌာနကို ပြသတော်မူအံ့။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
143အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 143

စူရာ အလ်-အာအ်ရာဖ် အာယာသ် 143 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (နဗီတမန်တော်)မူစာသည် ငါအရှင်မြတ်သတ်မှတ်တော်မူသောအချိန်၌ ရောက်ရှိလာခဲ့၍ ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို (နဗီတမန်တော်)မူစာနှင့် စကားပြောဆိုတော်မူသောအခါ ထို(နဗီတမန်တော်)မူစာက အို…

စူရာ အာယာသ် 143/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 141–145. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers