အလ်-အာအ်ရာဖ် · 142/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
۞ وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ ۝١٤٢
Wa waa`adnaa Moosaa salaaseena lailatanw wa at mamnaahaa bi`ashrim fatamma meeqaatu Rabbihee arba`eena lailah; wa qaala Moosaa liakheehi Haaroonakh lufnee fee qawmee wa aslih wa laa tattabi` sabeelal mufsideen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ညဉ့်ပေါင်းသုံးဆယ် ချိန်းချက်တော်မူခဲ့လေသည်။ထို့နောက် ငါအရှင်မြတ်သည် ယင်းညဉ့်ပေါင်းသုံးဆယ်ကိုဆယ်ညဉ့်ဖြင့် (ထပ်လောင်း၍) ဖြည့်စွက်တော်မူခဲ့လေသည်။သို့ဖြစ်ပေ ရာ ထို(နဗီတမန်တော်)မူစာ၏အရှင် သတ်မှတ်တော်မူသောအချိန်သည် ညဉ့်ပေါင်းလေးဆယ် ပြည့် သွားခဲ့လေ၏။ ၎င်းပြင် (နဗီတမန်တော်)မူစာသည် မိမိနောင်တော်(နဗီတမန်တော်)ဟာရူန်အား (ဤသို့)ပြောဆို မှာကြားခဲ့လေသည်။ (အို-နောင်တော်) အသင်သည် ကျွန်ုပ်၏အမျိုးသားတို့တွင် ကျွန်ုပ်အားကိုယ်စားပြု၍ နေရစ်ခဲ့ပါ။ ထို့ပြင် အသင်သည်(၎င်းတို့အား) ပြုပြင်၍ပေးပါ။ သို့ရာတွင် အသင်သည် အကျိုးပျက်စီးအောင် ပြုလုပ်သူတို့၏ လမ်းစဉ်ကို မလိုက်ပါလေနှင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • وَوَاعَدْنَا (ဝါဝါအိဒ်နာ)။ ။ ငါအရှင်မြတ်သည် ချိန်းဆိုချိန်းချက်ပြုတော်မူခဲ့သည်။
  • مُوسَىٰ (မူစာ)။ ။ တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်)။
  • ثَلَاثِينَ لَيْلَةً (ဆလာစီးန လိုင်လသန်)။ ။ ညသုံးဆယ်။
  • أَتْمَمْنَاهَا (အက်သမ်မိုင်နာဟာ)။ ။ ငါအရှင်မြတ်သည် ၎င်းကို ပြည့်စုံစေတော်မူခဲ့သည်။
  • بِعَشْرٍ (ဗိအက်ရှ်ရင်)။ ။ ဆယ်ညဖြင့်။
  • مِيقَاتُ (မီးကာသွ)။ ။ ချိန်းဆိုထားသောအချိန်။
  • اخْلُفْنِي (အိခ်လုဖ်နီ)။ ။ ကျွန်ုပ်၏နေရာတွင် အစားထိုးအုပ်ချုပ်ပါ။
  • وَأَصْلِحْ (ဝါအက်ဆ်လိဟ်)။ ။ ပြုပြင်စေပါ၊ ကောင်းမွန်စေပါ။
  • الْمُفْسِدِينَ (အလ်မုဖ်စိဒီးန)။ ။ ဖျက်ဆီးသူများ၊ မကောင်းမှုပြုသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) အား မိမိနှင့် စကားပြောဆိုရန် ညသုံးဆယ်ကို ချိန်းဆိုတော်မူခဲ့သည်။ ထို့နောက် ထိုအချိန်ကာလကို နောက်ထပ် ဆယ်ညဖြင့် ဖြည့်စွက်တော်မူခဲ့သဖြင့် စုစုပေါင်း ညလေးဆယ် ပြည့်စုံသွားခဲ့သည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်မူစာအား မိမိနှင့် စကားပြောဆိုရန် သတ်မှတ်ပေးတော်မူသော အချိန်ကာလဖြစ်သည်။

တမန်တော်မူစာသည် ထိုချိန်းဆိုထားသောနေရာသို့ ထွက်ခွာတော့မည်ဖြစ်သောအခါ သူ၏ညီဖြစ်သူ တမန်တော်ဟာရူန် (အလိုင်ဟိစ်စလာမ်) အား ဤသို့မှာကြားခဲ့သည်။ "အို ဟာရူန်၊ ကျွန်ုပ် ပြန်လာသည်အထိ ကျွန်ုပ်၏လူမျိုးများအကြားတွင် ကျွန်ုပ်၏ကိုယ်စား အုပ်ချုပ်ပါ။ သူတို့၏အရေးကိစ္စများကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး ပြုပြင်ပေးပါ။ ဖျက်ဆီးသူများ၏ လမ်းစဉ်ကို မလိုက်ပါနှင့်။" ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်အား ဖီဆန်သူများ၏ လမ်းစဉ်ကို မလိုက်လျှောက်ရန်၊ သူတို့အား ကူညီအားပေးသူ မဖြစ်ရန် မှာကြားခဲ့ခြင်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်များနှင့် ချိန်းဆိုချက်များကို အချိန်အတိအကျ သတ်မှတ်ပေးတော်မူပြီး ထိုအချိန်ကာလများကို ပြည့်စုံစေတော်မူကြောင်း သိရှိရသည်။ ဤသည်မှာ အလ္လာဟ်အရှ


📜 အာယာသ် 140-144 — စူရာ အလ်-အာအ်ရာဖ်

140قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ
(နဗီတမန်တော်)မူစာက (ဆက်လက်၍)ပြောကြားခဲ့သည်မှာ အချင်းတို့ ငါသည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာတစ်ပါးကို ရှာဖွေ၍ပေးရပါမည်လော၊ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်)အရှင်မြတ်သည် (အချို့ သောကျေးဇူးတော်များတွင်) အသင်တို့အားစကြဝဠာ ခပ်သိမ်းတို့ထက် ထွတ်မြတ်စေတော်မူခဲ့ပြီး ဖြစ်ချေသည် ဟု ပြောကြားခဲ့လေသည်။
141وَإِذْ أَنجَيْنَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ
ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော် မူခဲ့လေသည်။ ၎င်းတို့သည် အသင်တို့အပေါ်၌ အလွန်ဆိုးရွားလှသော ဘေးဒုက္ခများကို သက်ရောက်စေကြလေသည်။ ၎င်းတို့သည် အသင်တို့၏သား ယောက်ျားကလေးများကို(ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြလေသည်။ သို့ရာတွင် အသင်တို့၏အမျိုးသမီးများကို မူကား (၎င်းတို့၏ကျွန်မများအဖြစ် ခိုင်းစေနိုင်ရန် သတ်ဖြတ်ခြင်းမပြုပဲ)အသက်ချမ်းသာ ပေးကြလေသည်။ စင်စစ်သော်ကား ဤသည်အသင်တို့အဖို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှု တစ်ရပ်ပင် ရှိချေသတည်း။(ရကူ)
142۞ وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ညဉ့်ပေါင်းသုံးဆယ် ချိန်းချက်တော်မူခဲ့လေသည်။ထို့နောက် ငါအရှင်မြတ်သည် ယင်းညဉ့်ပေါင်းသုံးဆယ်ကိုဆယ်ညဉ့်ဖြင့် (ထပ်လောင်း၍) ဖြည့်စွက်တော်မူခဲ့လေသည်။သို့ဖြစ်ပေ ရာ ထို(နဗီတမန်တော်)မူစာ၏အရှင် သတ်မှတ်တော်မူသောအချိန်သည် ညဉ့်ပေါင်းလေးဆယ် ပြည့် သွားခဲ့လေ၏။ ၎င်းပြင် (နဗီတမန်တော်)မူစာသည် မိမိနောင်တော်(နဗီတမန်တော်)ဟာရူန်အား (ဤသို့)ပြောဆို မှာကြားခဲ့လေသည်။ (အို-နောင်တော်) အသင်သည် ကျွန်ုပ်၏အမျိုးသားတို့တွင် ကျွန်ုပ်အားကိုယ်စားပြု၍ နေရစ်ခဲ့ပါ။ ထို့ပြင် အသင်သည်(၎င်းတို့အား) ပြုပြင်၍ပေးပါ။ သို့ရာတွင် အသင်သည် အကျိုးပျက်စီးအောင် ပြုလုပ်သူတို့၏ လမ်းစဉ်ကို မလိုက်ပါလေနှင့်။
143وَلَمَّا جَاءَ مُوسَىٰ لِمِيقَاتِنَا وَكَلَّمَهُ رَبُّهُ قَالَ رَبِّ أَرِنِي أَنظُرْ إِلَيْكَ ۚ قَالَ لَن تَرَانِي وَلَٰكِنِ انظُرْ إِلَى الْجَبَلِ فَإِنِ اسْتَقَرَّ مَكَانَهُ فَسَوْفَ تَرَانِي ۚ فَلَمَّا تَجَلَّىٰ رَبُّهُ لِلْجَبَلِ جَعَلَهُ دَكًّا وَخَرَّ مُوسَىٰ صَعِقًا ۚ فَلَمَّا أَفَاقَ قَالَ سُبْحَانَكَ تُبْتُ إِلَيْكَ وَأَنَا أَوَّلُ الْمُؤْمِنِينَ
၎င်းပြင် (နဗီတမန်တော်)မူစာသည် ငါအရှင်မြတ်သတ်မှတ်တော်မူသောအချိန်၌ ရောက်ရှိလာခဲ့၍ ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို (နဗီတမန်တော်)မူစာနှင့် စကားပြောဆိုတော်မူသောအခါ ထို(နဗီတမန်တော်)မူစာက အို ကျွန်တော်မျိုး၏အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား(မိမိကို)ပြသတော်မူပါ။ ကျွန်တော်မျိုးသည် အရှင်မြတ်အားဖူးမျှော်ပါရစေဟု လျှောက်ထားပန်ကြားလေသည်။ ထိုအခါ အရှင်မြတ်က (အို-မူစာ) အသင်သည် (ဤလောကတွင်) ငါအရှင်မြတ်အား အလျင်း ဖူးမြင်နိုင် မည်မဟုတ်ပေ။သို့ရာတွင် အသင်သည် (ဤ)တောင်ကို ကြည့် နေပါလေ။အကယ်၍ ထိုတောင်သည် မိမိနေရာတွင် တည်ငြိမ်စွာရှိနေခဲ့ပါမူ အသင်သည်လည်း ငါအရှင်မြတ်အား အမှန်ပင်မူးမျှော်နိုင်ပေမည်ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် ထို(နဗီတမန်တော်) မူစာ၏အရှင်သည် တောင်ပေါ်သို့(မိမိ) ဘုန်းတော်ကို ထင်ရှားစေတော်မူလိုက်သည့်အခါ ထိုဘုန်းတော်သည်ယင်းတောင်ကို အစိတ်စိတ်ဖြစ်ခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာသည်လည်း သတိလစ်၍ လဲကျသွားလေသည်။တဖန် ထို(နဗီတမန်တော်)မူစာသည် သတိပြန်လည်၍ ရရှိလာသောအခါ (ဤသို့) လျှောက်ထား လေသည်။ (အို-အရှင်မြတ်)အရှင်မြတ်သည်(ဤလူ့လောကတွင် မံသစက္ခုဖြင့်ဖူးမြင်ရတော်မူခြင်းမှ) သန့်ရှင်း စင်ကြယ်တော်မူပါ၏။ ကျွန် တော်မျိုးသည်အရှင်မြတ်အထံတော်၌ (ယခုကဲ့သို့လျှောက် ထားမိသောကြောင့်) ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ကျွန် တော်မျိုးသည်(အရှင်မြတ်အား ဤလောကတွင် မည်သူမျှ မမြင်နိုင်ကြောင်း)ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ [(တစ်နည်း) ၎င်းပြင်ကျွန်တော်မျိုးသည် အသင်သည် ငါအရှင်မြတ်အား (ဤပစ္စုပ္ပုန်ဘဝတွင်)အလျင်း ဖူးမျှော်နိုင်မည်မဟုတ်ဟူသော မုက္ခပါဌ်တော် ကို ပထမဦးဆုံး ယုံကြည်သူ ဖြစ်ပါသည်။
144قَالَ يَا مُوسَىٰ إِنِّي اصْطَفَيْتُكَ عَلَى النَّاسِ بِرِسَالَاتِي وَبِكَلَامِي فَخُذْ مَا آتَيْتُكَ وَكُن مِّنَ الشَّاكِرِينَ
(ထိုအခါအလ္လာဟ်)အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ အို-(နဗီတမန်တော်) မူစာ၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူအများပေါ်၌ မိမိရစူလ်တမန်တော်အဖြစ်ကို ချီးမြှင့်တော်မူခြင်းအားဖြင့်လည်းကောင်း၊ ငါအရှင်မြတ်သည် အသင်နှင့်စကားပြောဆိုတော်မူခြင်းအားဖြင့်လည်းကောင်း၊ ရွေးချယ်မြှောက်စားတော်မူ လိုက်ပြီ။ သို့ဖြစ်ပေရာ အသင်သည် အသင့်အား ငါအရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသည်(များ)ကို ယူပါလေ။ ၎င်းပြင်အသင်သည် ကျေးဇူးတော်ကိုသိတတ်သူ တို့တွင် အပါအဝင်ဖြစ်ပါလေ။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
142အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 142

စူရာ အလ်-အာအ်ရာဖ် အာယာသ် 142 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ညဉ့်ပေါင်းသုံးဆယ် ချိန်းချက်တော်မူခဲ့လေသည်။ထို့နောက် ငါအရှင်မြတ်သည် ယင်းညဉ့်ပေါင်းသုံးဆယ်ကိုဆယ်ညဉ့်ဖြင့် (ထပ်လောင်း၍) ဖြည့်စွက်တော်မူခဲ့လေသည်။သို့ဖြစ်ပေ ရာ ထို(နဗီတမန်တော်)မူစာ၏အရှင်…

စူရာ အာယာသ် 142/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 140–144. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers