အလ်-အာအ်ရာဖ် · 88/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
۞ قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لَنُخْرِجَنَّكَ يَا شُعَيْبُ وَالَّذِينَ آمَنُوا مَعَكَ مِن قَرْيَتِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۚ قَالَ أَوَلَوْ كُنَّا كَارِهِينَ ۝٨٨
Qaalal mala ul lazeenas takbaroo min qawmihee lanukhrijannaka yaa Shu`aibu wallazeena aamanoo ma`aka min qaryatinaaa aw lata`oo dunna fee millatinaa; qaala awa law kunnaa kaariheen
📖 မြန်မာဘာသာ
ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)၏အမျိုးသားတို့အနက်မှ မောက်မာပလွှားကြသော အကြီးအကဲ တို့ကအို-ရှုအိုက်ဗ် ကျွန်ုတို့သည် အသင်နှင့်တကွ အသင်နှင့် အတူသက်ဝင်ယုံကြည်သောသူတို့ကိုပါ မိမိတို့မြို့ရွာမှ မုချနှင်ထုတ်ပစ်ကြမည်။ သို့မဟုတ်လျှင် အသင်တို့သည် ကျွန်ုပ်တို့၏ ဘာသာ သာသနာတွင်းသို့ ပြန်လည် (ဝင်)ခဲ့ကြလေကုန် ဟု ပြောဆိုခဲ့ကြလေသည်။ ထိုအခါ ထိုနဗီတမန်တော် (ရှုအိုက်ဗ်)ကငါတို့သည် (အသင်တို့၏ဘာသာကို) စက်ဆုပ်ပါလျက်နှင့်ပင်(ပြန်ဝင်ကြရပါမည်)လောဟု ဖြေကြားခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 86-90 — စူရာ အလ်-အာအ်ရာဖ်

86وَلَا تَقْعُدُوا بِكُلِّ صِرَاطٍ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ اللَّهِ مَنْ آمَنَ بِهِ وَتَبْغُونَهَا عِوَجًا ۚ وَاذْكُرُوا إِذْ كُنتُمْ قَلِيلًا فَكَثَّرَكُمْ ۖ وَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
ထို့ပြင် အသင်တို့သည် (သက်ဝင်ယုံကြည်သူတို့အား) ခြိမ်းခြောက်ရန်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ထိုအရှင်မြတ်အားယုံကြည်သူတို့ကို ပိတ်ပင်တားဆီးရန်လည်းကောင်း၊ ထို(အရှင်မြတ်၏)လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေရန်လည်းကောင်း၊ မည်သည့်လမ်းပေါ်၌မျှမထိုင်ကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အနည်းငယ်မျှသာရှိခဲ့ကြရာ ထိုအရှင်မြတ်သည် အသင်တို့အား တိုးပွားများပြားစေတော်မူခဲ့သည်ကိုလည်း ပြန်လည်သတိရ ရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့ဖြစ်ခဲ့သည်ကိုလည်း ရှုကြလေကုန်။
87وَإِن كَانَ طَائِفَةٌ مِّنكُمْ آمَنُوا بِالَّذِي أُرْسِلْتُ بِهِ وَطَائِفَةٌ لَّمْ يُؤْمِنُوا فَاصْبِرُوا حَتَّىٰ يَحْكُمَ اللَّهُ بَيْنَنَا ۚ وَهُوَ خَيْرُ الْحَاكِمِينَ
၎င်းပြင် အကယ်၍ အသင်တို့အနက်မှ အုပ်�ုတစ်စုသည် ငါမှာကြားစေလွှတ်ခြင်းခံရသော အမိန့် ပညတ်တော်များကို သက်ဝင်ယုံကြည်၍ အုပ်စုတစ်စုကမူ မယုံကြည်ဘဲနေခဲ့ကြပါလျှင် ငါတို့၏စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်ကစီရင်ဆုံးဖြတ်၍ ပေးတော်မူသည်အထိ အသင်တို့သည် သည်းခံစောင့်ဆိုင်း၍ နေကြလေကုန်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
88۞ قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لَنُخْرِجَنَّكَ يَا شُعَيْبُ وَالَّذِينَ آمَنُوا مَعَكَ مِن قَرْيَتِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۚ قَالَ أَوَلَوْ كُنَّا كَارِهِينَ
ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)၏အမျိုးသားတို့အနက်မှ မောက်မာပလွှားကြသော အကြီးအကဲ တို့ကအို-ရှုအိုက်ဗ် ကျွန်ုတို့သည် အသင်နှင့်တကွ အသင်နှင့် အတူသက်ဝင်ယုံကြည်သောသူတို့ကိုပါ မိမိတို့မြို့ရွာမှ မုချနှင်ထုတ်ပစ်ကြမည်။ သို့မဟုတ်လျှင် အသင်တို့သည် ကျွန်ုပ်တို့၏ ဘာသာ သာသနာတွင်းသို့ ပြန်လည် (ဝင်)ခဲ့ကြလေကုန် ဟု ပြောဆိုခဲ့ကြလေသည်။ ထိုအခါ ထိုနဗီတမန်တော် (ရှုအိုက်ဗ်)ကငါတို့သည် (အသင်တို့၏ဘာသာကို) စက်ဆုပ်ပါလျက်နှင့်ပင်(ပြန်ဝင်ကြရပါမည်)လောဟု ဖြေကြားခဲ့လေသတည်း။
89قَدِ افْتَرَيْنَا عَلَى اللَّهِ كَذِبًا إِنْ عُدْنَا فِي مِلَّتِكُم بَعْدَ إِذْ نَجَّانَا اللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَا أَن نَّعُودَ فِيهَا إِلَّا أَن يَشَاءَ اللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَيْءٍ عِلْمًا ۚ عَلَى اللَّهِ تَوَكَّلْنَا ۚ رَبَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنتَ خَيْرُ الْفَاتِحِينَ
အကယ်၍သာ ငါတို့သည် အသင်တို့၏ ဘာသာသာသနာအတွင်းသို့ အလ္လာဟ်အရှင်မြတ်က ငါတို့အား ထိုဘာသာမှ ကယ်ဆယ်တော်မူပြီးနောက် ပြန်လည်ဝင်ရောက်ခဲ့ကြပါလျှင် အမှန်စင်စစ် ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ကြံဖန်လီဆယ်၍ မုသားစွပ်စွဲသူများသာ ဖြစ်ကြပေအံ့။ စင်စစ်သော်ကား ငါတို့သည် ငါတို့၏အရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်က အလိုရှိတော်မူသည်မှအပ ငါတို့အဖို့ထိုဘာသာတွင်းသို့ ပြန်ဝင်ကြရန်မဖြစ်နိုင်ပေ။ ငါတို့၏ အရှင်မြတ်သည် အသိပညာအားဖြင့် အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိတော်မူ၏။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ လွှဲအပ်ခဲ့ကြချေပြီ။ အို-ကျွန်တော် မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော် မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏အမျိုးသားတို့ စပ်ကြားဝယ် မှန်ကန်စွာ စီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ အမှန်သော်ကား အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်၍ ပေးတော်မူသောအရှင်ဖြစ်တော် မူပါသတည်း။
90وَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ لَئِنِ اتَّبَعْتُمْ شُعَيْبًا إِنَّكُمْ إِذًا لَّخَاسِرُونَ
၎င်းပြင် ထို(နဗီတမန်တော်)ရှုအိုက်ဗ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့က(မိမိတို့အမျိုးသားချင်းတို့အား အို-အချင်းတို့) အကယ်၍အသင်တို့သည် ရှုအိုက်ဗ် ၏အမိန့်ကို လိုက်နာကြပါလျှင် မုချစင်စစ် အသင်တို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြကုန်အံ့ဟုပြောဆိုခဲ့ကြကုန်၏။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
88အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 88

စူရာ အလ်-အာအ်ရာဖ် အာယာသ် 88 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)၏အမျိုးသားတို့အနက်မှ မောက်မာပလွှားကြသော အကြီးအကဲ တို့ကအို-ရှုအိုက်ဗ် ကျွန်ုတို့သည် အသင်နှင့်တကွ အသင်နှင့် အတူသက်ဝင်ယုံကြည်သောသူတို့ကိုပါ မိမိတို့မြို့ရွာမှ…

စူရာ အာယာသ် 88/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 86–90. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers