အလ်-အန်ဖာလ် · 26/75
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ဖာလ်
وَاذْكُرُوا إِذْ أَنتُمْ قَلِيلٌ مُّسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَن يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُم بِنَصْرِهِ وَرَزَقَكُم مِّنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ ۝٢٦
Wazkurooo iz antum qaleelum mustad `afoona filardi takhaafoona ai yatakhat tafakumun naasu fa aawaakum wa aiyadakum binasrihee wa razaqakum minat taiyibaati la`allakum tashkuroon
📖 မြန်မာဘာသာ
း26| တစ်ရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း)ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် မိမိတို့အား သူတစ်ပါးတို့က ရုတ်တရက်အားဖြင့် (ပြုတ်ပြုန်းအောင်)လု ယက် တိုက်ခိုက် သတ်ဖြတ်ကြမည်ကို စိုးရိမ်လျက်ရှိကြကုန်၏။ ထို့နောက် ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့ ကျေးဇူး တော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အား ခိုကိုးရန်နေရာ ချပေးတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အကူအညီဖြင့် အင်အား (လည်း)ဖြည့်၍ ပေးတော်မူခဲ့လေသည်။ထိုမှတစ်ပါး အသင်တို့အား သန့်ရှင်း စင်ကြယ်သော ရိက္ခာများကို(လည်း) ချီးမြှင့်ပေးသနားတော်မူခဲ့ လေသတည်း။
🎧 နားထောင်

📜 အာယာသ် 24-28 — အလ်-အန်ဖာလ်

24يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။
25وَاتَّقُوا فِتْنَةً لَّا تُصِيبَنَّ الَّذِينَ ظَلَمُوا مِنكُمْ خَاصَّةً ۖ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
၎င်းပြင် အသင်တို့သည် အကြင် ပြစ်ဒဏ်မှကြဉ်ရှောင်ကြလေကုန်။ ထိုပြစ်ဒဏ်သည် အသင်တို့ အနက်မှမတရားကျူးလွန်သူတို့ အပေါ်၌သာလျှင် သီးသန့်၍ အလျင်းသက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့အား) ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း (ကောင်းစွာ) သိထားကြလေကုန်။ တဖန် အသင်တို့သည် ပြန်လည်၍ သတိရကြလေကုန်။
26وَاذْكُرُوا إِذْ أَنتُمْ قَلِيلٌ مُّسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَن يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُم بِنَصْرِهِ وَرَزَقَكُم مِّنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ
း26| တစ်ရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း)ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် မိမိတို့အား သူတစ်ပါးတို့က ရုတ်တရက်အားဖြင့် (ပြုတ်ပြုန်းအောင်)လု ယက် တိုက်ခိုက် သတ်ဖြတ်ကြမည်ကို စိုးရိမ်လျက်ရှိကြကုန်၏။ ထို့နောက် ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့ ကျေးဇူး တော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အား ခိုကိုးရန်နေရာ ချပေးတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အကူအညီဖြင့် အင်အား (လည်း)ဖြည့်၍ ပေးတော်မူခဲ့လေသည်။ထိုမှတစ်ပါး အသင်တို့အား သန့်ရှင်း စင်ကြယ်သော ရိက္ခာများကို(လည်း) ချီးမြှင့်ပေးသနားတော်မူခဲ့ လေသတည်း။
27يَا أَيُّهَا الَّذِينَ آمَنُوا لَا تَخُونُوا اللَّهَ وَالرَّسُولَ وَتَخُونُوا أَمَانَاتِكُمْ وَأَنتُمْ تَعْلَمُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစားမပြုကြကုန်လင့်။အမှန်မှာ အသင်တို့သည် (အလွဲသုံးစားပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။
28وَاعْلَمُوا أَنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ وَأَنَّ اللَّهَ عِندَهُ أَجْرٌ عَظِيمٌ
ထို့ပြင် အသင်တို့၏ဥစ္စာပစ္စည်းများနှင့်သားသ္မီးများသည် စမ်းသပ်မှုတရပ်သာလျှင်ဖြစ်သည်ကို လည်းကောင်း၊အလ္လာဟ်အရှင်မြတ်အထံတော်တွင် အလွန်ကြီးကျယ်သောအကျိုးဆုလာဘ်သည် ဧကန်စင်စစ်ရှိသည်ကိုလည်းကောင်း၊အသင်တို့ (ကောင်းစွာ) သိထားကြလေကုန်။(ရကူ)
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
26အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 26

စူရာ အလ်-အန်ဖာလ် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : း26| တစ်ရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း)ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ)…

စူရာ အာယာသ် 26/75 — အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ဖာလ် နားထောင်, အလ်-အန်ဖာလ် ဘာသာပြန်, အလ်-အန်ဖာလ် mp3, အလ်-အန်ဖာလ် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers