အလ်-အန်ဖာလ် · 27/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَخُونُوا اللَّهَ وَالرَّسُولَ وَتَخُونُوا أَمَانَاتِكُمْ وَأَنتُمْ تَعْلَمُونَ ۝٢٧
Yaaa aiyuhal lazeena aamanoo laa takhoonal laaha war Rasoola wa takhoonooo amaanaatikum wa antum ta`lamoon
📖 မြန်မာဘာသာ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစားမပြုကြကုန်လင့်။အမှန်မှာ အသင်တို့သည် (အလွဲသုံးစားပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 25-29 — စူရာ အလ်-အန်ဖာလ်

25وَاتَّقُوا فِتْنَةً لَّا تُصِيبَنَّ الَّذِينَ ظَلَمُوا مِنكُمْ خَاصَّةً ۖ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
၎င်းပြင် အသင်တို့သည် အကြင် ပြစ်ဒဏ်မှကြဉ်ရှောင်ကြလေကုန်။ ထိုပြစ်ဒဏ်သည် အသင်တို့ အနက်မှမတရားကျူးလွန်သူတို့ အပေါ်၌သာလျှင် သီးသန့်၍ အလျင်းသက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့အား) ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း (ကောင်းစွာ) သိထားကြလေကုန်။ တဖန် အသင်တို့သည် ပြန်လည်၍ သတိရကြလေကုန်။
26وَاذْكُرُوا إِذْ أَنتُمْ قَلِيلٌ مُّسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَن يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُم بِنَصْرِهِ وَرَزَقَكُم مِّنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ
း26| တစ်ရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း)ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် မိမိတို့အား သူတစ်ပါးတို့က ရုတ်တရက်အားဖြင့် (ပြုတ်ပြုန်းအောင်)လု ယက် တိုက်ခိုက် သတ်ဖြတ်ကြမည်ကို စိုးရိမ်လျက်ရှိကြကုန်၏။ ထို့နောက် ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့ ကျေးဇူး တော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အား ခိုကိုးရန်နေရာ ချပေးတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အကူအညီဖြင့် အင်အား (လည်း)ဖြည့်၍ ပေးတော်မူခဲ့လေသည်။ထိုမှတစ်ပါး အသင်တို့အား သန့်ရှင်း စင်ကြယ်သော ရိက္ခာများကို(လည်း) ချီးမြှင့်ပေးသနားတော်မူခဲ့ လေသတည်း။
27يَا أَيُّهَا الَّذِينَ آمَنُوا لَا تَخُونُوا اللَّهَ وَالرَّسُولَ وَتَخُونُوا أَمَانَاتِكُمْ وَأَنتُمْ تَعْلَمُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစားမပြုကြကုန်လင့်။အမှန်မှာ အသင်တို့သည် (အလွဲသုံးစားပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။
28وَاعْلَمُوا أَنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ وَأَنَّ اللَّهَ عِندَهُ أَجْرٌ عَظِيمٌ
ထို့ပြင် အသင်တို့၏ဥစ္စာပစ္စည်းများနှင့်သားသ္မီးများသည် စမ်းသပ်မှုတရပ်သာလျှင်ဖြစ်သည်ကို လည်းကောင်း၊အလ္လာဟ်အရှင်မြတ်အထံတော်တွင် အလွန်ကြီးကျယ်သောအကျိုးဆုလာဘ်သည် ဧကန်စင်စစ်ရှိသည်ကိုလည်းကောင်း၊အသင်တို့ (ကောင်းစွာ) သိထားကြလေကုန်။(ရကူ)
29يَا أَيُّهَا الَّذِينَ آمَنُوا إِن تَتَّقُوا اللَّهَ يَجْعَل لَّكُمْ فُرْقَانًا وَيُكَفِّرْ عَنكُمْ سَيِّئَاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေကြပါမူ၊ ထိုအရှင်မြတ်သည် အသင်တို့အား(အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို ချီးမြှင့်ပေးသနားတော်မူအံ့။ ထို့ပြင် အသင်တို့၏ မကောင်းမှုဒုစရိုက် များကိုလည်း မပျောက်စေတော်မူသည့်ပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
27အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 27

စူရာ အလ်-အန်ဖာလ် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊…

စူရာ အာယာသ် 27/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers