قُل لِّلَّذِينَ كَفَرُوا إِن يَنتَهُوا يُغْفَرْ لَهُم مَّا قَدْ سَلَفَ وَإِن يَعُودُوا فَقَدْ مَضَتْ سُنَّتُ الْأَوَّلِينَ ٣٨
🔤 Transliteration
Qul lillazeena kafarooo iny yantahoo yughfar lahum maa qad salafa wa iny ya`oodoo faqad madat sunnatul awwaleen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ယန်တဟူ (ينتهوا ) — ရပ်တန့်ကြလျှင်၊ လက်လျှော့ကြလျှင်။ ဤနေရာတွင် ကုဖ်ရ် (မယုံကြည်မှု) နှင့် တမန်တော်မြတ်အား ရန်လိုမှုကို ရပ်တန့်ခြင်းကို ဆိုလိုသည်။ မာ ကဒ် ဆလဖာ (ما قد سلف ) — ယခင်က ဖြစ်ပြီးသွားသော၊ လွန်ခဲ့ပြီးသော အပြစ်များ။ ယအూఒူ (يعودوا ) — သူတို့ ပြန်လာကြလျှင်၊ ပြန်လုပ်ကြလျှင်။ ဤနေရာတွင် ကုဖ်ရ်သို့ ပြန်လာခြင်းနှင့် ရန်လိုမှုကို ပြန်လုပ်ခြင်းကို ဆိုလိုသည်။ စွန်နသုလ် အဝ်ဝလီန် (سنة الأولين ) — ရှေးခေတ်လူမျိုးများ၏ လမ်းစဉ်၊ ရှေးသူများ၏ အခြေအနေ။ ဤနေရာတွင် ရှေးကာဖိရ်များ ကုဖ်ရ်တွင် ဆက်လက်ရပ်တည်သောအခါ ဤလောကတွင်ပင် ပျက်စီးခြင်းနှင့် ပြစ်ဒဏ်ခံရခြင်းကို ဆိုလိုသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မြတ်၊ အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ငြင်းပယ်သော သူများအား ပြောကြားလိုက်ပါ — အကယ်၍ သူတို့သည် ကုဖ်ရ် (မယုံကြည်မှု) နှင့် တမန်တော်မြတ်အား ရန်လိုမှု၊ အစ္စလာမ်သို့ ဝင်ရောက်လာသူများကို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ တားဆီးမှုတို့မှ ရပ်တန့်လက်လျှော့ကြလျှင်၊ သူတို့ ယခင်က ကျူးလွန်ခဲ့ပြီးသော အပြစ်များကို အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူမည်။ အကြောင်းမှာ အစ္စလာမ်သည် မိမိ၏ရှေ့တွင် ဖြစ်ခဲ့သမျှသော အပြစ်များကို ဖျက်ဆီးပစ်သည်။ သို့သော် အကယ်၍ သူတို့သည် ကုဖ်ရ်သို့ ပြန်လာကြပြီး ရန်လိုမှုကို ဆက်လက်ပြုလုပ်ကြလျှင်၊ ရှေးခေတ်လူမျိုးများ၏ လမ်းစဉ်သည် လွန်ခဲ့ပြီးဖြစ်သည်။ ဆိုလိုသည်မှာ ရှေးကာဖိရ်များသည် တမန်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲ၍ ကုဖ်ရ်တွင် ဆက်လက်ရပ်တည်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ဤလောကတွင်ပင် အလျင်အမြန် ပြစ်ဒဏ်ပေးတော်မူခဲ့သည်။ ထို့ကြောင့် ဤကာဖိရ်များလည်း ထိုလမ်းစဉ်အတိုင်း ပြစ်ဒဏ်ခံရမည်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သို့ ဖိတ်ခေါ်မှု
ဤအာယသ်တော်သည် အစ္စလာမ်၏ ကြီးမားသော ကရုဏာတော်နှင့် ခွင့်လွှတ်မှုကို ထင်ရှားစွာ ပြသသည်။ မည်သူမဆို — ယခင်က မည်မျှပင် ကြီးလေးသော အပြစ်များ ကျူးလွန်ခဲ့
قُل لِّلَّذِينَ كَفَرُوٓاْ إِن يَنتَهُواْ يُغۡفَرۡ لَهُم مَّا قَدۡ سَلَفَ وَإِن يَعُودُواْ فَقَدۡ مَضَتۡ سُنَّتُ ٱلۡأَوَّلِينَ ٣٨
(အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 36-40 — စူရာ အလ်-အန်ဖာလ်
36 إِنَّ الَّذِينَ كَفَرُوا يُنفِقُونَ أَمْوَالَهُمْ لِيَصُدُّوا عَن سَبِيلِ اللَّهِ ۚ فَسَيُنفِقُونَهَا ثُمَّ تَكُونُ عَلَيْهِمْ حَسْرَةً ثُمَّ يُغْلَبُونَ ۗ وَالَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ يُحْشَرُونَ
ဧကန်စင်စစ် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှတားဆီးရန် မိမိတို့၏ဥစ္စာပစ္စည်းများကို သုံးစွဲကြလေသည်။(ယခုသော်) ၎င်းတို့သည် ထိုဥစ္စာပစ္စည်း များကို သုံးစွဲလျက်ပင်ရှိနေကြလိမ့်မည်။ သို့ရာတွင် နောက်ဆုံးတွင် ထိုပစ္စည်းများပင်၎င်းတို့၌ ဝမ်းနည်းဖွယ်ရာ ဖြစ်သွားချေမည်။ ထို့ နောက်၎င်းတို့သည် နှိမ်နင်းခြင်းကို (လည်း) ခံကြရပေ(ဦး)မည်။ ထိုမှတစ်ပါး မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့သည်ဂျဟန္နမ်ငရဲဘုံသို့ စုရုံးစေခြင်းကို ခံကြရမည်ဖြစ်သတည်း။
37 لِيَمِيزَ اللَّهُ الْخَبِيثَ مِنَ الطَّيِّبِ وَيَجْعَلَ الْخَبِيثَ بَعْضَهُ عَلَىٰ بَعْضٍ فَيَرْكُمَهُ جَمِيعًا فَيَجْعَلَهُ فِي جَهَنَّمَ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
(ထိုသို့ ပြုတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည် သူယုတ်လူညစ်တို့အား သူတော်စင်သန့်စင် သောသူတို့နှင့် ခွဲခြားတော်မူအံ့သောငှာလည်းကောင်း၊ သူယုတ်လူညစ်တို့အား တစ်ဦးအပေါ်တစ်ဦး ထပ်ဆင့်တော်မူပြီးနောက်အားလုံးကိုစုပုံပြီးလျှင် ဂျဟန္နမ် ငရဲဘုံတွင်းသို့ ပို့တော်မူအံ့သောငှာလည်းကောင်း၊ (ပြုတော်မူခြင်းပင်)ဖြစ်ချေသည်။ ဤသို့သောသူများသည်ပင် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြကုန်သတည်း ။ (ရကူ)
38 قُل لِّلَّذِينَ كَفَرُوا إِن يَنتَهُوا يُغْفَرْ لَهُم مَّا قَدْ سَلَفَ وَإِن يَعُودُوا فَقَدْ مَضَتْ سُنَّتُ الْأَوَّلِينَ
(အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။
39 وَقَاتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ الدِّينُ كُلُّهُ لِلَّهِ ۚ فَإِنِ انتَهَوْا فَإِنَّ اللَّهَ بِمَا يَعْمَلُونَ بَصِيرٌ
၎င်းပြင် (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့)အသင်တို့သည် ယင်းသူတို့အား (သာသနာရေးနှင့်ပတ်သက်၍)နှိပ်စက် ညှဉ်းပန်းမှုသည် ပပျောက်ကာ အလ္လာဟ်အရှင်မြတ်၏စီရင်ဆုံးဖြတ်ချက်သည် လုံးဝတည်တံ့၍ သွားသည်အထိတိုက်ခိုက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ၎င်းတို့ သည်(စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ရပ်စဲခဲ့ကြပါလျှင်၊ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ခွဲခြားသိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(တစ်နည်း)ထို့ပြင်တဝ အသင်တို့သည် သာသနာရေး ညှဉ်းပန်းမှု လုံးဝပပျောက်၍ သာသနာတော်သည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်သွားသည့်တိုင် အောင် ((ဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သာလျှင် လိုက်နာကြသည့်တိုင်အောင်)ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။
40 وَإِن تَوَلَّوْا فَاعْلَمُوا أَنَّ اللَّهَ مَوْلَاكُمْ ۚ نِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ
တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။
ဘာသာပြန် — အလ်-အန်ဖာလ် 38 စူရာ အလ်-အန်ဖာလ် အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့…
စူရာ အာယာသ် 38/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.