وَعَلَى الثَّلَاثَةِ الَّذِينَ خُلِّفُوا حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنفُسُهُمْ وَظَنُّوا أَن لَّا مَلْجَأَ مِنَ اللَّهِ إِلَّا إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوا ۚ إِنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ ١١٨
🔤 Transliteration
Wa `alas salaasatil lazeena khullifoo hattaaa izaa daaqat `alaihimul ardu bimaa rahubat wa daaqat `alaihim anfusuhum wa zannnooo al laa malja-a minal laahi illaaa ilaihi summa taaba `alaihim liyatooboo; innal laaha Huwat Tawwaabur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည်ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့အသက် ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏အမျက်တော်)မှလွတ်ကင်းရန် ထိုအရှင်မြတ်အထံတော်မှတစ်ပါး အခြားမည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြလေသည်။ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှု ကျူးလွန်မိတိုင်း အရှင်မြတ်အထံတော်သို့)ပြန်လှည့်နိုင်ကြ ခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကရုဏာတော်နှင့်လှည့်တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက် အတ်-သာလာသာ (الثَّلَاثَةِ ) — သုံးဦး။ ဤနေရာတွင် တဗူးစစ်ပွဲမှ နောက်ကျကျန်ရစ်ခဲ့သော ဆွဟာဗာသုံးဦးကို ရည်ညွှန်းသည်။ ခုလ္လိဖူ (خُلِّفُوا ) — နောက်ကျကျန်ရစ်စေခြင်းခံခဲ့ရသူများ။ စစ်ပွဲမှ နောက်ကျကျန်ခဲ့ပြီး သူတို့၏တောင်းပန်မှုကိုလည်း နောက်ဆုတ်ထားခြင်းခံခဲ့ရသည်။ ဒွာကွတ် (ضَاقَتْ ) — ကျဉ်းမြောင်းသွားသည်။ ဗိ-မာ ရဟ်ဗတ် (بِمَا رَحُبَتْ ) — ကျယ်ဝန်းသော်လည်း။ မြေကမ္ဘာသည် ကျယ်ဝန်းလှသော်လည်း သူတို့အပေါ် ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားရသည်။ ဇွန်နူ (ظَنُّوا ) — ဤနေရာတွင် “ယုံကြည်စွာသိရှိသည်” ဟု အဓိပ္ပာယ်ရသည်။ မလ်ဂျာအ် (مَلْجَأَ ) — ခိုလှုံရာ၊ အားကိုးရာ။ တာဗာ (تَابَ ) — အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူသည်၊ ခွင့်လွှတ်တော်မူသည်။ သავ်ဝါဗ် (التَّوَّابُ ) — အလွန်တရာ လက်ခံတော်မူသောအရှင်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် တဗူးစစ်ပွဲမှ နောက်ကျကျန်ရစ်ခဲ့သော ဆွဟာဗာသုံးဦးဖြစ်သည့် ကအ်ဗ်ဗ်န် မာလိက်၊ မုရာရသ်ဗ်န် ရဗီအ်၊ ဟိလာလ်ဗ်န် အုမိုင်းယဟ် တို့နှင့် ပတ်သက်သည်။ သူတို့သည် တမန်တော်မြတ်(ဆွ)နှင့်အတူ စစ်ထွက်ရန် နောက်ကျခဲ့ကြပြီး၊ ထို့နောက် သူတို့၏တောင်းပန်မှုကို လက်ခံရန် ရွှေ့ဆိုင်းထားခြင်းခံခဲ့ရသည်။ လူအများက သူတို့နှင့် စကားမပြောခြင်း၊ ရှောင်ကြဉ်ခြင်းကြောင့် သူတို့သည် အလွန်ပင် စိတ်ဆင်းရဲခဲ့ကြရသည်။
ထိုသို့သော အခြေအနေတွင် မြေကမ္ဘာသည် မည်မျှပင် ကျယ်ဝန်းသော်လည်း သူတို့အပေါ် ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားရသည်။ သူတို့၏ စိတ်နှလုံးများသည်လည်း ပူပန်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုတို့ဖြင့် ကျဉ်းမြောင်းလာသည်။ ထိုအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်ထံမှ လွတ်မြောက်ရန် ခိုလှုံရာဟူ၍ အလ္လာဟ်အရှင်မြတ်ထံတော်မှလွဲ၍ အခြားမည်သည့်နေရာမျှ မရှိကြောင်း ယုံကြည်စွာ သိရှိလာကြသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား တောင်းပန်ရန် လမ်းညွှန်ပေးတော်မူပြီး သူတို့၏တောင်းပန်မှုကို လက်ခံတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအစေခံများ၏ တောင်းပန်မှုကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာ ကရုဏ
وَعَلَى ٱلثَّلَٰثَةِ ٱلَّذِينَ خُلِّفُواْ حَتَّىٰٓ إِذَا ضَاقَتۡ عَلَيۡهِمُ ٱلۡأَرۡضُ بِمَا رَحُبَتۡ وَضَاقَتۡ عَلَيۡهِمۡ أَنفُسُهُمۡ وَظَنُّوٓاْ أَن لَّا مَلۡجَأَ مِنَ ٱللَّهِ إِلَّآ إِلَيۡهِ ثُمَّ تَابَ عَلَيۡهِمۡ لِيَتُوبُوٓاْۚ إِنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ١١٨
ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည်ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့အသက် ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏အမျက်တော်)မှလွတ်ကင်းရန် ထိုအရှင်မြတ်အထံတော်မှတစ်ပါး အခြားမည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြလေသည်။ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှု ကျူးလွန်မိတိုင်း အရှင်မြတ်အထံတော်သို့)ပြန်လှည့်နိုင်ကြ ခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကရုဏာတော်နှင့်လှည့်တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 116-120 — စူရာ အတ်-တောင်ဘ
116 إِنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ يُحْيِي وَيُمِيتُ ۚ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
ဧကန်စင်စစ် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုး အုပ်ချုပ်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိချေသည်။ ထိုအရှင်မြတ်သည်သာလျှင် ရှင်စေတော်မူသည်၊ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အဖို့ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီမိုင်းမမည့်သူဟူ၍လည်းကောင်း တစ်ဦးတစ်ယောက်မျှ မရှိချေ။
117 لَّقَد تَّابَ اللَّهُ عَلَى النَّبِيِّ وَالْمُهَاجِرِينَ وَالْأَنصَارِ الَّذِينَ اتَّبَعُوهُ فِي سَاعَةِ الْعُسْرَةِ مِن بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِّنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُ بِهِمْ رَءُوفٌ رَّحِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်အပေါ်သို့လည်းကောင်း၊ အကြင် မုဟာဂျီရီန်နှင့် အန်ဆွာရ် သာဝကများအပေါ်သို့လည်းကောင်း၊ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေပြီ။ ယင်းမုဟာဂျီရီန် နှင့်အန်ဆွာရ်သာဝကတို့သည် မိမိတို့အနက် လူတစ်စု၏ စိတ်နှလုံးများတိမ်းစောင်းလုဆဲဆဲဖြစ်ပြီးနောက် ကျပ်တည်းသောအချိန်ကာလ၌ နဗီတမန်တော်မြတ်၏နောက်သို့ လိုက်ခဲ့ကြကုန်၏။ထို့နောက် အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကရုဏာတော်နှင့်လှည့်တော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်တရာ သနားကြင်နာတော်မူသောအရှင်အလွန်တရာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
118 وَعَلَى الثَّلَاثَةِ الَّذِينَ خُلِّفُوا حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنفُسُهُمْ وَظَنُّوا أَن لَّا مَلْجَأَ مِنَ اللَّهِ إِلَّا إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوا ۚ إِنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည်ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့အသက် ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏အမျက်တော်)မှလွတ်ကင်းရန် ထိုအရှင်မြတ်အထံတော်မှတစ်ပါး အခြားမည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြလေသည်။ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှု ကျူးလွန်မိတိုင်း အရှင်မြတ်အထံတော်သို့)ပြန်လှည့်နိုင်ကြ ခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကရုဏာတော်နှင့်လှည့်တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
119 يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَكُونُوا مَعَ الصَّادِقِينَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို့ပြင် အသင်တို့သည် သစ္စာဝါဒီတို့နှင့်အတူ ရှိကြလေကုန်။ သစ္စာဝါဒီနှင့်အတူ နေထိုင်ကြလေကုန်။
120 مَا كَانَ لِأَهْلِ الْمَدِينَةِ وَمَنْ حَوْلَهُم مِّنَ الْأَعْرَابِ أَن يَتَخَلَّفُوا عَن رَّسُولِ اللَّهِ وَلَا يَرْغَبُوا بِأَنفُسِهِمْ عَن نَّفْسِهِ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِي سَبِيلِ اللَّهِ وَلَا يَطَئُونَ مَوْطِئًا يَغِيظُ الْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَّيْلًا إِلَّا كُتِبَ لَهُم بِهِ عَمَلٌ صَالِحٌ ۚ إِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ဤ(ကဲ့သို့နောက်ချန်ရစ်ခဲ့ခြင်းမပြုဘဲ ရစူလ်တမန်တော်မြတ်နှင့်အတူလိုက်ကြရန် အမိန့်ပြဋ္ဌာန်းတော်မ�ခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိ သော်၊ထိုမှတစ်ပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး ၎င်းတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အမျက်ဒေါသထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည်ရန်သူတစ်ဦးဦးထံမှ (ရန်သူ၏တပ်လန် ခြင်းကိုသော်လည်းကောင်း၊ထိုသူတို့ထံမှ လက်ရပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကို သော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား)ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသော ထိုအချက်အသီးသီးနှင့်စပ်လျဉ်း၍ ကောင်းမြတ်သောအပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီးဖြစ်စေတော်မူသည် မဟုတ်ချေ။
ဘာသာပြန် — အတ်-တောင်ဘ 118 စူရာ အတ်-တောင်ဘ အာယာသ် 118 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင်…
စူရာ အာယာသ် 118/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 116–120. မြန်မာဘာသာ: ภาษาไทย.