အတ်-တောင်ဘ · 128/129
ဘာသာပြန် အသံနိုင်ငံ — အတ်-တောင်ဘ
لَقَدْ جَاءَكُمْ رَسُولٌ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُم بِالْمُؤْمِنِينَ رَءُوفٌ رَّحِيمٌ ۝١٢٨
Laqad jaaa`akum Rasoolum min anfusikum `azeezun `alaihi maa `anittum hareesun `alaikum bilmu`mineena ra`oofur raheem
📖 မြန်မာဘာသာ
ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်)အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်း များကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ် ၏။ (ထိုမှတစ်ပါး)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတဦး(လည်း)ဖြစ်ချေ သတည်း။
🎧 နားထောင်

📜 အာယာသ် 126-129 — အတ်-တောင်ဘ

126أَوَلَا يَرَوْنَ أَنَّهُمْ يُفْتَنُونَ فِي كُلِّ عَامٍ مَّرَّةً أَوْ مَرَّتَيْنِ ثُمَّ لَا يَتُوبُونَ وَلَا هُمْ يَذَّكَّرُونَ
၎င်းတို့သည် မိမိတို့မှာ တနှစ်လျှင်တစ်ကြိမ် သို့မဟုတ်နှစ်ကြိမ် စမ်းသပ်ခြင်းခံကြရသည်ကို မမြင်ကြလေသလော၊ သို့ပါလျက် ၎င်းတို့သည် ဝန်ချ တောင်းပန်ကြသည်လည်းမဟုတ်ပေ၊ သတိတရား ရရှိကြသည်လည်း မဟုတ်ချေတကား။
127وَإِذَا مَا أُنزِلَتْ سُورَةٌ نَّظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَاكُم مِّنْ أَحَدٍ ثُمَّ انصَرَفُوا ۚ صَرَفَ اللَّهُ قُلُوبَهُم بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
ထိုမှတစ်ပါး မည်သည့်အခါမျိုးမဆို စူရဟ်ကဏ္ဍတစ်ခုခုကို ချပေးသနားတော်မူခြင်းကို ခံခဲ့ရပါလျှင်၊ ၎င်းတို့အနက် တစ်ဦးကတစ်ဦးကိုကြည့်(၍)အသင်တို့အား (နဗီတမန်တော်နှင့်မုစ်လင်မ်တို့အနက်မှ) တစ်ဦးဦးသည် ကြည့်နေသလောဟုအရိပ်အယောင်ဖြင့်ပြောဆို)မေးမြန်းပြီးနောက်ပြန်လှည့်(၍ထွက်သွား) ခဲ့ကြလေသည်။ (စင်စစ် သော်ကား) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို လှည့်၍ထားတော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုသောသူများသာ ဖြစ်ကြသောကြောင့်ပင်။
128لَقَدْ جَاءَكُمْ رَسُولٌ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُم بِالْمُؤْمِنِينَ رَءُوفٌ رَّحِيمٌ
ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်)အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်း များကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ် ၏။ (ထိုမှတစ်ပါး)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတဦး(လည်း)ဖြစ်ချေ သတည်း။
129فَإِن تَوَلَّوْا فَقُلْ حَسْبِيَ اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَهُوَ رَبُّ الْعَرْشِ الْعَظِيمِ
တဖန် အကယ်၍ ၎င်းတို့သည် (သိနားလည်ပါလျက်နှင့်ယုံကြည်လိုက်နာခြင်းမရှိပဲ) ပြန်လှည့်၍ သွားခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား ဤသို့ ပြောကြားပါလေ)ငါတို့အဖို့ အလ္လာဟ်အရှင်မြတ်သည် (အဖက်ဖက်မှ) လုံလောက်တော်မူပေသည်၊ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ။ ထိုအရှင်မြတ်အပေါ်၌သာလျှင်ငါသည် (အစစအရာရာတွင် လုံးဝ)ယုံကြည် လွှဲအပ်ခဲ့လေပြီ၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသောအရ်ရ်ှပလ္လင်တော်ကို စိုးပိုင်တော်မူ သောအရှင်လည်း ဖြစ်တော်မူပေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
128အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 128

စူရာ အတ်-တောင်ဘ အာယာသ် 128 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌အလွန် ဝန်လေးလှသည်။ (၎င်းပြင်…

စူရာ အာယာသ် 128/129 — အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အတ်-တောင်ဘ နားထောင်, အတ်-တောင်ဘ ဘာသာပြန်, အတ်-တောင်ဘ mp3, အတ်-တောင်ဘ pdf. အာယာသ် 126–129. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers