سوره تكوير به زبان برمه ای
နေသည် ခေါက်လိပ်ခြင်းကို ခံရသောအခါ၊(အလင်းရောင်မဲ့သွားသောအခါ)၊ |
ထို့ပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ၊ |
၎င်းပြင် တောင်များသည် ရွေ့လျားခြင်းကို ခံကြရသောအခါ၊ |
ထိုမှတစ်ပါး ကိုယ်ဝန်ဆောင် ဆယ်လစေ့သော ကုလားအုတ်မများသည် (ထိန်းကျောင်းသူမရှိဘဲ) စွန့်လွှတ်ထားခြင်းကို ခံကြရသောအခါ၊ |
ထို့ပြင် တောတိရစ္ဆာန်များသည် စုရုံးခြင်းကိုခံကြရသောအခါ၊ |
ထို့ပြင် ပင်လယ် သမုဒ္ဒရာများသည် ခြောက်ခန်း ဆူပွက်စေခြင်းကို ခံကြရသောအခါ၊ |
၎င်းပြင် အသက်ဇီဝိန်များ (လူများသည်) တွဲဖက်စုပေါင်းစေခြင်းကို ခံကြရသောအခါ၊ |
၎င်းပြင် အရှင်လတ်လတ် မြှုပ်နှံခြင်းကိုခံခဲ့ရသော သမီးမိန်းကလေးသည် မေးမြန်းခြင်းကို ခံရသောအခါ၊ |
၎င်းပြင် မည်သည့်အပြစ်ကြောင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသနည်း(ဟု)၊ |
၎င်းပြင် (မှတ်တမ်း)စာရွက်များသည် ဖြန့်ထားခြင်းကို ခံကြရသောအခါ၊ |
ထို့ပြင် မိုးကောင်းကင်သည် အရေခွာခြင်းကို ခံရသောအခါ (ပွင့်စေခြင်းကို ခံရသောအခါ)၊ |
ထို့ပြင် "ဂျဟန္နမ်" ငရဲသည် မီးမွှေးခြင်းကို ခံရသောအခါ။ |
ထိုမှတစ်ပါး "ဂျန္နတ်" သုခဘုံသည် အနီးသို့ ယူဆောင်လာခြင်းကို ခံရသောအခါ။ |
လူအသီးသီးတို့သည် မိမိတို့ ယူဆောင်ခဲ့ကြသည့် (ကောင်းမှု၊ မကောင်းမှု)တို့ကို သိသွားကြ အံ့သတည်း။ |
သို့ဖြစ်ပေရာ ငါ အရှင်မြတ်သည် အကြင် နောက်ဆုတ်တတ်သော နက္ခတ်တို့ကို သက်သေထူတော်မူ၏။ |
ထိုနက္ခတ်များသည် ဖြောင့်မတ်စွာ သွားတတ်သော၊ ကွယ်ပျောက်၍ သွားတတ်သော နက္ခတ်များ ဖြစ်ကြကုန်၏။ |
၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကို(သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုညဉ့်သည် ရောက်ရှိလာ၏။(ကုန်လွန်သွား၏)။ |
၎င်းပြင် (ငါအရှင်မြတ်သည်)နံနက်ကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ယင်း နံနက်သည် လင်း၍လာလေ၏။ |
ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် မြင့်မြတ်သော စေတမန်တစ်ပါး(ယူဆောင်လာသော)အာယတ်တော်ဖြစ်၏။ |
(ထိုစေတမန်သည်) ခွန်အား ကြီးမားသူ၊ ‘အရ်ရှ်’ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်၏ အပါးတော်၌ ဂုဏ်အသရေရှိသူဖြစ်ပေသည်။ |
(ထို့ပြင်) ထို(မိုးကောင်းကင်များ)၌ ဩဇာညောင်းသူ၊ ယုံကြည်စိတ်ချရသူ(လည်းဖြစ်ပေသည်)။ |
၎င်းပြင် (ဤ)အသင်တို့၏ အဖေါ်သည်လည်း ရူးသွပ်သောသူ မဟုတ်ပေ။ |
၎င်းပြင် မလွဲဧကန် ထိုအသင်တို့၏ အဖေါ်သည် ရှင်းလင်းသော ‘အူဖွတ်က်’ မိုးကုပ်စက်ဝိုင်း၌ ၎င်းစေတမန်အား တွေ့မြင်ခဲ့ဖူးပေသည်။ |
၎င်းပြင် ထိုအသင်တို့၏အဖေါ်ကား အကွယ်၌ရှိသောအရာများ(အနက်၊ အလ္လာဟ်အရှင်မြတ် အသိပေးတော်မူသောအရာများ)နှင့်စပ်လျဉ်း၍ စေးနဲသူလည်း မဟုတ်ပေ။ |
ထို့ပြင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) သည် မည်သည့် နှင်ထုတ်ခြင်းခံရသော ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏ ပြောဆိုချက်လည်း အလျှင်းမဟုတ်ပေ။ |
သို့ပါလျက် အသင်တို့သည် အဘယ်သို့ သွားနေကြသနည်း။ |
ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ချေသည်။ |
(အထူးသဖြင့်) အသင်တို့အနက် ဖြောင့်မတ်စွာ သွားလိုသူ၏အဖို့။ |
وَمَا تَشَاءُونَ إِلَّا أَن يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ(29) စင်စစ်သော်ကား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှသာလျှင် အသင်တို့သည် အလိုရှိနိုင်ကြပေ မည်တကား။ |
سورهای بیشتر به زبان برمه ای:
دانلود سوره تكوير با صدای معروفترین قراء:
انتخاب خواننده برای گوش دادن و دانلود کامل سوره تكوير با کیفیت بالا.
أحمد العجمي
ابراهيم الاخضر
بندر بليلة
خالد الجليل
حاتم فريد الواعر
خليفة الطنيجي
سعد الغامدي
سعود الشريم
الشاطري
صلاح بوخاطر
عبد الباسط
عبدالرحمن العوسي
عبد الرشيد صوفي
عبدالعزيز الزهراني
عبد الله بصفر
عبد الله الجهني
علي الحذيفي
علي جابر
غسان الشوربجي
فارس عباد
ماهر المعيقلي
محمد أيوب
محمد المحيسني
محمد جبريل
المنشاوي
الحصري
مشاري العفاسي
ناصر القطامي
وديع اليمني
ياسر الدوسري
به قرآن کریم چنگ بزنید