အတ်-တက်ဝီရ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အတ်-တက်ဝီရ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (29 အာယာသ် — مكية). အတ်-တက်ဝီရ် နားထောင်, အတ်-တက်ဝီရ် ဘာသာပြန်, အတ်-တက်ဝီရ် mp3, အတ်-တက်ဝီရ် pdf.

အတ်-တက်ဝီရ် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
إِذَا الشَّمْسُ كُوِّرَتْ ۝١
📖 ဘာသာပြန် အာယာသ် 1
နေသည် ခေါက်လိပ်ခြင်းကို ခံရသောအခါ၊(အလင်းရောင်မဲ့သွားသောအခါ)၊
وَإِذَا النُّجُومُ انكَدَرَتْ ۝٢
📖 ဘာသာပြန် အာယာသ် 2
ထို့ပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ၊
وَإِذَا الْجِبَالُ سُيِّرَتْ ۝٣
📖 ဘာသာပြန် အာယာသ် 3
၎င်းပြင် တောင်များသည် ရွေ့လျားခြင်းကို ခံကြရသောအခါ၊
وَإِذَا الْعِشَارُ عُطِّلَتْ ۝٤
📖 ဘာသာပြန် အာယာသ် 4
ထိုမှတစ်ပါး ကိုယ်ဝန်ဆောင် ဆယ်လစေ့သော ကုလားအုတ်မများသည် (ထိန်းကျောင်းသူမရှိဘဲ) စွန့်လွှတ်ထားခြင်းကို ခံကြရသောအခါ၊
وَإِذَا الْوُحُوشُ حُشِرَتْ ۝٥
📖 ဘာသာပြန် အာယာသ် 5
ထို့ပြင် တောတိရစ္ဆာန်များသည် စုရုံးခြင်းကိုခံကြရသောအခါ၊
وَإِذَا الْبِحَارُ سُجِّرَتْ ۝٦
📖 ဘာသာပြန် အာယာသ် 6
ထို့ပြင် ပင်လယ် သမုဒ္ဒရာများသည် ခြောက်ခန်း ဆူပွက်စေခြင်းကို ခံကြရသောအခါ၊
وَإِذَا النُّفُوسُ زُوِّجَتْ ۝٧
📖 ဘာသာပြန် အာယာသ် 7
၎င်းပြင် အသက်ဇီဝိန်များ (လူများသည်) တွဲဖက်စုပေါင်းစေခြင်းကို ခံကြရသောအခါ၊
وَإِذَا الْمَوْءُودَةُ سُئِلَتْ ۝٨
📖 ဘာသာပြန် အာယာသ် 8
၎င်းပြင် အရှင်လတ်လတ် မြှုပ်နှံခြင်းကိုခံခဲ့ရသော သမီးမိန်းကလေးသည် မေးမြန်းခြင်းကို ခံရသောအခါ၊
بِأَيِّ ذَنبٍ قُتِلَتْ ۝٩
📖 ဘာသာပြန် အာယာသ် 9
၎င်းပြင် မည်သည့်အပြစ်ကြောင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသနည်း(ဟု)၊
وَإِذَا الصُّحُفُ نُشِرَتْ ۝١٠
📖 ဘာသာပြန် အာယာသ် 10
၎င်းပြင် (မှတ်တမ်း)စာရွက်များသည် ဖြန့်ထားခြင်းကို ခံကြရသောအခါ၊
وَإِذَا السَّمَاءُ كُشِطَتْ ۝١١
📖 ဘာသာပြန် အာယာသ် 11
ထို့ပြင် မိုးကောင်းကင်သည် အရေခွာခြင်းကို ခံရသောအခါ (ပွင့်စေခြင်းကို ခံရသောအခါ)၊
وَإِذَا الْجَحِيمُ سُعِّرَتْ ۝١٢
📖 ဘာသာပြန် အာယာသ် 12
ထို့ပြင် "ဂျဟန္နမ်" ငရဲသည် မီးမွှေးခြင်းကို ခံရသောအခါ။
وَإِذَا الْجَنَّةُ أُزْلِفَتْ ۝١٣
📖 ဘာသာပြန် အာယာသ် 13
ထိုမှတစ်ပါး "ဂျန္နတ်" သုခဘုံသည် အနီးသို့ ယူဆောင်လာခြင်းကို ခံရသောအခါ။
عَلِمَتْ نَفْسٌ مَّا أَحْضَرَتْ ۝١٤
📖 ဘာသာပြန် အာယာသ် 14
လူအသီးသီးတို့သည် မိမိတို့ ယူဆောင်ခဲ့ကြသည့် (ကောင်းမှု၊ မကောင်းမှု)တို့ကို သိသွားကြ အံ့သတည်း။
فَلَا أُقْسِمُ بِالْخُنَّسِ ۝١٥
📖 ဘာသာပြန် အာယာသ် 15
သို့ဖြစ်ပေရာ ငါ အရှင်မြတ်သည် အကြင် နောက်ဆုတ်တတ်သော နက္ခတ်တို့ကို သက်သေထူတော်မူ၏။
الْجَوَارِ الْكُنَّسِ ۝١٦
📖 ဘာသာပြန် အာယာသ် 16
ထိုနက္ခတ်များသည် ဖြောင့်မတ်စွာ သွားတတ်သော၊ ကွယ်ပျောက်၍ သွားတတ်သော နက္ခတ်များ ဖြစ်ကြကုန်၏။
وَاللَّيْلِ إِذَا عَسْعَسَ ۝١٧
📖 ဘာသာပြန် အာယာသ် 17
၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကို(သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ထိုညဉ့်သည် ရောက်ရှိလာ၏။(ကုန်လွန်သွား၏)။
وَالصُّبْحِ إِذَا تَنَفَّسَ ۝١٨
📖 ဘာသာပြန် အာယာသ် 18
၎င်းပြင် (ငါအရှင်မြတ်သည်)နံနက်ကို (သက်သေထူတော်မူ၏)။ အကြင်အခါဝယ် ယင်း နံနက်သည် လင်း၍လာလေ၏။
إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ ۝١٩
📖 ဘာသာပြန် အာယာသ် 19
ဧကန်မလွဲ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် မြင့်မြတ်သော စေတမန်တစ်ပါး(ယူဆောင်လာသော)အာယတ်တော်ဖြစ်၏။
ذِي قُوَّةٍ عِندَ ذِي الْعَرْشِ مَكِينٍ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
(ထိုစေတမန်သည်) ခွန်အား ကြီးမားသူ၊ ‘အရ်ရှ်’ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်၏ အပါးတော်၌ ဂုဏ်အသရေရှိသူဖြစ်ပေသည်။
مُّطَاعٍ ثَمَّ أَمِينٍ ۝٢١
📖 ဘာသာပြန် အာယာသ် 21
(ထို့ပြင်) ထို(မိုးကောင်းကင်များ)၌ ဩဇာညောင်းသူ၊ ယုံကြည်စိတ်ချရသူ(လည်းဖြစ်ပေသည်)။
وَمَا صَاحِبُكُم بِمَجْنُونٍ ۝٢٢
📖 ဘာသာပြန် အာယာသ် 22
၎င်းပြင် (ဤ)အသင်တို့၏ အဖေါ်သည်လည်း ရူးသွပ်သောသူ မဟုတ်ပေ။
وَلَقَدْ رَآهُ بِالْأُفُقِ الْمُبِينِ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
၎င်းပြင် မလွဲဧကန် ထိုအသင်တို့၏ အဖေါ်သည် ရှင်းလင်းသော ‘အူဖွတ်က်’ မိုးကုပ်စက်ဝိုင်း၌ ၎င်းစေတမန်အား တွေ့မြင်ခဲ့ဖူးပေသည်။
وَمَا هُوَ عَلَى الْغَيْبِ بِضَنِينٍ ۝٢٤
📖 ဘာသာပြန် အာယာသ် 24
၎င်းပြင် ထိုအသင်တို့၏အဖေါ်ကား အကွယ်၌ရှိသောအရာများ(အနက်၊ အလ္လာဟ်အရှင်မြတ် အသိပေးတော်မူသောအရာများ)နှင့်စပ်လျဉ်း၍ စေးနဲသူလည်း မဟုတ်ပေ။
وَمَا هُوَ بِقَوْلِ شَيْطَانٍ رَّجِيمٍ ۝٢٥
📖 ဘာသာပြန် အာယာသ် 25
ထို့ပြင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) သည် မည်သည့် နှင်ထုတ်ခြင်းခံရသော ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏ ပြောဆိုချက်လည်း အလျှင်းမဟုတ်ပေ။
فَأَيْنَ تَذْهَبُونَ ۝٢٦
📖 ဘာသာပြန် အာယာသ် 26
သို့ပါလျက် အသင်တို့သည် အဘယ်သို့ သွားနေကြသနည်း။
إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَالَمِينَ ۝٢٧
📖 ဘာသာပြန် အာယာသ် 27
ထို(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြဝဠာခပ်သိမ်းတို့အဖို့ ဆုံးမဩဝါဒသာလျှင် ဖြစ်ချေသည်။
لِمَن شَاءَ مِنكُمْ أَن يَسْتَقِيمَ ۝٢٨
📖 ဘာသာပြန် အာယာသ် 28
(အထူးသဖြင့်) အသင်တို့အနက် ဖြောင့်မတ်စွာ သွားလိုသူ၏အဖို့။
وَمَا تَشَاءُونَ إِلَّا أَن يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ ۝٢٩
📖 ဘာသာပြန် အာယာသ် 29
စင်စစ်သော်ကား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှသာလျှင် အသင်တို့သည် အလိုရှိနိုင်ကြပေ မည်တကား။
← 80 အတ်-တက်ဝီရ် (81/114) 82 →
ဖတ်ရန် အတ်-တက်ဝီရ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

81التكوير At-Takwir 📚 29 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အတ်-တက်ဝီရ် စူရာ — 29 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers