အလ်-လိုင်း စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အလ်-လိုင်း စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (21 အာယာသ် — مكية). အလ်-လိုင်း နားထောင်, အလ်-လိုင်း ဘာသာပြန်, အလ်-လိုင်း mp3, အလ်-လိုင်း pdf.

အလ်-လိုင်း စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَاللَّيْلِ إِذَا يَغْشَىٰ ۝١
📖 ဘာသာပြန် အာယာသ် 1
(ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။
وَالنَّهَارِ إِذَا تَجَلَّىٰ ۝٢
📖 ဘာသာပြန် အာယာသ် 2
၎င်းပြင် နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် လင်းဝင်းလေ၏။
وَمَا خَلَقَ الذَّكَرَ وَالْأُنثَىٰ ۝٣
📖 ဘာသာပြန် အာယာသ် 3
ထို့ပြင် အဖိုကိုလည်းကောင်း၊ အမကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ကို သက်သေထူတော်မူ၏။
إِنَّ سَعْيَكُمْ لَشَتَّىٰ ۝٤
📖 ဘာသာပြန် အာယာသ် 4
ဧကန်စင်စစ် အသင်တို့၏ ကြိုးပမ်းဆောင်ရွက်မှုသည် အပြားပြားဖြစ်၏။
فَأَمَّا مَنْ أَعْطَىٰ وَاتَّقَىٰ ۝٥
📖 ဘာသာပြန် အာယာသ် 5
သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းလေ၏။ ၎င်းပြင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့လေ၏။
وَصَدَّقَ بِالْحُسْنَىٰ ۝٦
📖 ဘာသာပြန် အာယာသ် 6
ထိုမှတစ်ပါး ထိုလူသည် ကောင်းမြတ်သောအရာကို ဟုတ်မှန်သည်ဟု ယုံကြည်လက်ခံလေ၏။
فَسَنُيَسِّرُهُ لِلْيُسْرَىٰ ۝٧
📖 ဘာသာပြန် အာယာသ် 7
သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား လွယ်ကူမှုသို့ ပို့ပေးတော်မူသည်။
وَأَمَّا مَن بَخِلَ وَاسْتَغْنَىٰ ۝٨
📖 ဘာသာပြန် အာယာသ် 8
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည်(ပေးကမ်း လှူဒါန်းခြင်းမပြုဘဲ) စေးနဲ၏။ ၎င်းပြင် ထိုသူသည်(မိမိကိုယ်ကို) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်လေ၏။
وَكَذَّبَ بِالْحُسْنَىٰ ۝٩
📖 ဘာသာပြန် အာယာသ် 9
ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ်သောအရာကို မဟုတ်မမှန်ဟု ငြင်းဆိုလေ၏။
فَسَنُيَسِّرُهُ لِلْعُسْرَىٰ ۝١٠
📖 ဘာသာပြန် အာယာသ် 10
သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။
وَمَا يُغْنِي عَنْهُ مَالُهُ إِذَا تَرَدَّىٰ ۝١١
📖 ဘာသာပြန် အာယာသ် 11
၎င်းပြင် ထိုသူသည် တွင်းထဲသို့ကျသောအခါ ၎င်း၏ပစ္စည်းဥစ္စာသည် ၎င်း၏အဖို့ အသုံးဝင်လိမ့်မည် မဟုတ်ပေတကား။
إِنَّ عَلَيْنَا لَلْهُدَىٰ ۝١٢
📖 ဘာသာပြန် အာယာသ် 12
ဧကန်မလွဲ တရားလမ်း ညွှန်ပြခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။
وَإِنَّ لَنَا لَلْآخِرَةَ وَالْأُولَىٰ ۝١٣
📖 ဘာသာပြန် အာယာသ် 13
ထို့ပြင် ဧကန်မလွဲ တမလွန်လောကကိုလည်းကောင်း၊ ဤမျက်မှောက် လောကကိုလည်းကောင်း၊ ငါအရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။
فَأَنذَرْتُكُمْ نَارًا تَلَظَّىٰ ۝١٤
📖 ဘာသာပြန် အာယာသ် 14
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင်တို့အား ဟုန်းဟုန်းတောက်လျက်ရှိသော (ငရဲ)မီးနှင့်စပ်လျဉ်း၍ သတိပေး နှိုးဆော်တော်မူခဲ့ပြီးဖြစ်၏။
لَا يَصْلَاهَا إِلَّا الْأَشْقَى ۝١٥
📖 ဘာသာပြန် အာယာသ် 15
ထို(ငရဲ)မီးထဲသို့ အလွန်အကြောင်းမလှသောသူ၊ ယုတ်မာသောသူသာလျှင် လားရမည်ဖြစ်၏။
الَّذِي كَذَّبَ وَتَوَلَّىٰ ۝١٦
📖 ဘာသာပြန် အာယာသ် 16
အကြင်(အကြောင်းမလှသော)သူသည် (နဗီတမန်တော်မြတ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကာ(အီမာန်သက်ဝင် ယုံကြည်ခြင်းမှလည်း) မျက်နှာလွှဲခဲ့၏။
وَسَيُجَنَّبُهَا الْأَتْقَى ۝١٧
📖 ဘာသာပြန် အာယာသ် 17
သို့ရာတွင် (အလ္လာဟ်အရှင်မြတ်အား) အလွန်ကြောက်ရွံ့ရိုသေ ခန့်ညားသောသူမှာမူကား ထို(ငရဲ) မီးမှကင်းဝေးစေခြင်း ကိုခံရပေမည်။
الَّذِي يُؤْتِي مَالَهُ يَتَزَكَّىٰ ۝١٨
📖 ဘာသာပြန် အာယာသ် 18
အကြင် (ကြောက်ရွံ့ရိုသေခန့်ညားသော)သူသည် မိမိ သန့်ရှင်းစင်ကြယ်အံ့သောငှာ မိမိ ဥစ္စာပစ္စည်းကိုပေးကမ်းလှူဒါန်း၏။
وَمَا لِأَحَدٍ عِندَهُ مِن نِّعْمَةٍ تُجْزَىٰ ۝١٩
📖 ဘာသာပြန် အာယာသ် 19
၎င်း၏အပေါ်၌ ပြန်လည်ပေးဆပ်ရန် တစ်ဦးတစ်ယောက်၏ ကျေးဇူးတစ်စုံတစ်ရာမျှပင် မရှိပေ။
إِلَّا ابْتِغَاءَ وَجْهِ رَبِّهِ الْأَعْلَىٰ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို ရယူရန် (ပေးကမ်း လှူဒါန်းခြင်း)သာဖြစ်၏။
وَلَسَوْفَ يَرْضَىٰ ۝٢١
📖 ဘာသာပြန် အာယာသ် 21
စင်စစ် ထိုသူသည် မကြာမြင့်မီ အမှန်ပင် ကျေနပ်သွားမည် ဖြစ်သတည်း။
← 91 အလ်-လိုင်း (92/114) 93 →
ဖတ်ရန် အလ်-လိုင်း စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

92الليل Al-Layl 📚 21 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အလ်-လိုင်း စူရာ — 21 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers