ယူနူစ် · 2/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
أَكَانَ لِلنَّاسِ عَجَبًا أَنْ أَوْحَيْنَا إِلَىٰ رَجُلٍ مِّنْهُمْ أَنْ أَنذِرِ النَّاسَ وَبَشِّرِ الَّذِينَ آمَنُوا أَنَّ لَهُمْ قَدَمَ صِدْقٍ عِندَ رَبِّهِمْ ۗ قَالَ الْكَافِرُونَ إِنَّ هَٰذَا لَسَاحِرٌ مُّبِينٌ ۝٢
A kaana linnaasi `aaban an awhainaaa ilaa rajulim minhum an anzirin naasa wa bashshiril lazeena aamanoo anna lahum qadama sidqin `inda Rabbihim; qaalal kaafiroona inna haaza lasaahirum mubeen
📖 မြန်မာဘာသာ
ငါအရှင်မြတ်သည် ၎င်း တို့အနက်မှပင် လူတစ်ဦး၏ထံသို့ အသင်သည် လူခပ်သိမ်းတို့အား သတိ ပေးနှိုးဆော်ပါလေ ဟူ၍လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ထိုသူတို့၏အရှင်မြတ် အထံတော်၌ ထိုသူတို့အဖို့ မြင့်မြတ်သော အဆင့်အတန်းရှိသည်ဟု သတင်းကောင်းပြောကြားပါလေ ဟူ၍လည်းကောင်း၊ ဝဟီ အမိန့်ဗျာဒိတ်တော် ချပေးတော်မူခြင်းသည် လူတို့၌အံ့ဩဖွယ်ဖြစ်နေပါသလော�� ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့ကမူ (ထိုသူနှင့်ပတ်သက်၍)ဤသူကား ထင်ရှားသော စုန်းကဝေ အမှန်ပင်ဖြစ်သည် ဟုပြောဆိုကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 1-4 — စူရာ ယူနူစ်

1الر ۚ تِلْكَ آيَاتُ الْكِتَابِ الْحَكِيمِ
အလာစ်ဖ်၊ လမ်၊ ရာ။ ဤသည် ဉာဏ်ပညာနှင့်ပြည့်စုံသော (ခိုင်မာသော) ကျမ်းတော်မြတ်၏ အာယတ်တော်များပင်တည်း။
2أَكَانَ لِلنَّاسِ عَجَبًا أَنْ أَوْحَيْنَا إِلَىٰ رَجُلٍ مِّنْهُمْ أَنْ أَنذِرِ النَّاسَ وَبَشِّرِ الَّذِينَ آمَنُوا أَنَّ لَهُمْ قَدَمَ صِدْقٍ عِندَ رَبِّهِمْ ۗ قَالَ الْكَافِرُونَ إِنَّ هَٰذَا لَسَاحِرٌ مُّبِينٌ
ငါအရှင်မြတ်သည် ၎င်း တို့အနက်မှပင် လူတစ်ဦး၏ထံသို့ အသင်သည် လူခပ်သိမ်းတို့အား သတိ ပေးနှိုးဆော်ပါလေ ဟူ၍လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ထိုသူတို့၏အရှင်မြတ် အထံတော်၌ ထိုသူတို့အဖို့ မြင့်မြတ်သော အဆင့်အတန်းရှိသည်ဟု သတင်းကောင်းပြောကြားပါလေ ဟူ၍လည်းကောင်း၊ ဝဟီ အမိန့်ဗျာဒိတ်တော် ချပေးတော်မူခြင်းသည် လူတို့၌အံ့ဩဖွယ်ဖြစ်နေပါသလော�� ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့ကမူ (ထိုသူနှင့်ပတ်သက်၍)ဤသူကား ထင်ရှားသော စုန်းကဝေ အမှန်ပင်ဖြစ်သည် ဟုပြောဆိုကြကုန်၏။
3إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۖ يُدَبِّرُ الْأَمْرَ ۖ مَا مِن شَفِيعٍ إِلَّا مِن بَعْدِ إِذْنِهِ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ فَاعْبُدُوهُ ۚ أَفَلَا تَذَكَّرُونَ
ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင် များကိုလည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့ လေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အရ်ရ်ှ ပလ္လင်တော်ထက်၌ တည်နေတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည်ပင်အမှုကိစ္စ အရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ မည်သူမဆိုထိုအရှင်မြတ် ခွင့်ပြုတော်မူပြီးမှသာလျှင် ကြားဝင်အသနားခံပေးနိုင်မည်ဖြစ်၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အားဖန်ဆင်းမွေးမြူ တော်မူသောအလ္လာဟ်အရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ သို့ပါလျက် အသင်တို့သည်သတိတရား မရရှိကြသေးသလော။
4إِلَيْهِ مَرْجِعُكُمْ جَمِيعًا ۖ وَعْدَ اللَّهِ حَقًّا ۚ إِنَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ بِالْقِسْطِ ۚ وَالَّذِينَ كَفَرُوا لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ
ထိုအရှင်မြတ် အထံတော်သို့သာလျှင် အသင်တို့အားလုံး (စုရုံးလျက်) ပြန်လည်ရောက်ရှိကြမည်ဖြစ်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ မှန်ကန်စွာကတိပြုတော်မူခြင်းပင်ဖြစ်ပေ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင်ဖန်ဆင်း ခြင်းခံရသည်များကို ပထမအကြိမ်လည်း စတင်ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ် သည်ပင်လျှင် ယင်းဖန်ဆင်းခြင်း ခံရသည်များကို တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသို့ တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူခြင်းကား) ထိုအရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်မှု ထားရှိ ကြသော ကောင်းမြတ်သောအကျင့်သီလများကိုဆောက်တည်ကြသောသူတို့အား တရားမျှတစွာဖြင့် အကျိုးပေးတော်မူခြင်းငှာ ဖြစ်ချေသည်။ သို့ရာတွင် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သူတို့၌မူကား ၎င်း တို့သည် သွေဖည် ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့် လွန်စွာ ဆူပွက်ပူလောင်သော ရေနွေးကို သောက်သုံးခြင်းသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် လည်းကောင်း၊ ရှိချေအံ့သတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
2အာယာသ်

ဘာသာပြန် — ယူနူစ် 2

စူရာ ယူနူစ် အာယာသ် 2 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ငါအရှင်မြတ်သည် ၎င်း တို့အနက်မှပင် လူတစ်ဦး၏ထံသို့ အသင်သည် လူခပ်သိမ်းတို့အား သတိ ပေးနှိုးဆော်ပါလေ ဟူ၍လည်းကောင်း၊ မုအ်မင်န်…

စူရာ အာယာသ် 2/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 1–4. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers