ယူနူစ် · 41/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَإِن كَذَّبُوكَ فَقُل لِّي عَمَلِي وَلَكُمْ عَمَلُكُمْ ۖ أَنتُم بَرِيئُونَ مِمَّا أَعْمَلُ وَأَنَا بَرِيءٌ مِّمَّا تَعْمَلُونَ ۝٤١
Wa in kazzabooka faqul lee `amalee wa lakum `amalukum antum bareee`oona mimmaaa a`malu wa ana bareee`um mimmaa ta`maloon
📖 မြန်မာဘာသာ
၎င်း ပြင် (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် လျက်ရှိကြပါလျှင် အသင်သည် (၎င်း တို့အား ဤသို့) ဖြေကြားပါလေ။ငါ၏ အပြုအမူသည် ငါ၏အဖို့သာဖြစ်၍ အသင်တို့၏ အပြုအမူသည် အသင်တို့အဖို့သာ ဖြစ်ချေသည်။ အသင်တို့သည်ငါပြုသမျှနှင့်(မည်သို့မျှမဆိုင်၊လုံးဝ)လွတ်ကင်းသူများ ဖြစ်ကြကုန်၏။ ငါသည်လည်း အသင်တို့ပြုသမျှ တို့နှင့်(မည်သို့မျှမဆိုင်၊ လုံးဝ)လွတ်ကင်းသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • كَذَّبُوكَ (ကဇ်ဇဗူက) — သူတို့သည် သင့်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည်။
  • لِّي عَمَلِي (လီး အမာလီ) — ကျွန်ုပ်၏ လုပ်ရပ်သည် ကျွန်ုပ်အတွက်ဖြစ်သည်။
  • بَرِيئُونَ (ဗရီအူန) — ကင်းလွတ်သူများ၊ ပတ်သက်မှုမရှိသူများ။
  • بَرِيءٌ (ဗရီအူန်) — ကင်းလွတ်သူ၊ ပတ်သက်မှုမရှိသူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အကယ်၍ ဤမုရှ်ရိက်များသည် သင့်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြပါက သူတို့အား ဤသို့ဖြေကြားလိုက်ပါ — ကျွန်ုပ်၏ လုပ်ရပ်၊ ကျွန်ုပ်၏ ဒီန်နှင့် ကျွန်ုပ်၏ အကျိုးအမြတ်သည် ကျွန်ုပ်အတွက်သာဖြစ်သည်။ သင်တို့၏ လုပ်ရပ်၊ သင်တို့၏ ဒီန်နှင့် သင်တို့၏ အကျိုးအပြစ်သည် သင်တို့အတွက်သာဖြစ်သည်။ သင်တို့သည် ကျွန်ုပ် လုပ်ဆောင်သည့်အရာအတွက် တာဝန်မခံရသကဲ့သို့ ကျွန်ုပ်သည်လည်း သင်တို့ လုပ်ဆောင်သည့်အရာအတွက် တာဝန်မခံပါ။ မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူ၏ အပြစ်အတွက် အပြစ်ပေးခြင်းခံရမည်မဟုတ်ပါ။

ဤသည်မှာ ဒါအဝဟ် (ဖိတ်ခေါ်ခြင်း) လုပ်ငန်းတွင် တမန်တော် (ဆွ) ၏ တာဝန်မှာ ရှင်းလင်းစွာ ပေးအပ်ခြင်းသာဖြစ်ကြောင်း၊ လူတို့အား အတင်းအကြပ် ယုံကြည်စေရန် တာဝန်မဟုတ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ တမန်တော် (ဆွ) သည် အလ္လာဟ်အရှင်မြတ်၏ သတင်းစကားကို ပို့ချပေးခြင်း၊ သတိပေးခြင်းနှင့် အလ္လာဟ်အရှင်မြတ်အား နာခံခြင်းတို့ကို ဆောင်ရွက်သည်။ မုရှ်ရိက်တို့မှာမူ ရှိခ်ရှ် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်ခြင်း) ကို ဆောင်ရွက်ကြသည်။ ဤနှစ်ဖက်စလုံးသည် မိမိတို့၏ လုပ်ရပ်၏ အကျိုးအပြစ်ကို မိမိတို့သာ ခံစားကြရမည်ဖြစ်ပြီး မည်သူမျှ အခြားသူ၏ လုပ်ရပ်အတွက် တာဝန်ခံရမည်မဟုတ်ပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အစ္စလာမ်သည် အတင်းအကြပ် ယုံကြည်စေသော ဘာသာမဟုတ်ပါ။ ဖိတ်ခေါ်ခြင်းနှင့် ရှင်းလင်းစွာ ရှင်းပြခြင်းဖြင့်သာ ဖြစ်သည်။ ဤအချက်သည် အစ္စလာမ်၏ သည်းခံမှုနှင့် လွတ်လပ်မှုကို ပြသသည်။
  • မည်သူမျှ အခြားသူ၏ အပြစ်ကို ထမ်းရမည်မဟုတ်ပါ။ ဤ


📜 အာယာသ် 39-43 — စူရာ ယူနူစ်

39بَلْ كَذَّبُوا بِمَا لَمْ يُحِيطُوا بِعِلْمِهِ وَلَمَّا يَأْتِهِمْ تَأْوِيلُهُ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِن قَبْلِهِمْ ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
ထိုသို့အလျဉ်းမဟုတ်၊ စင်စစ်မူကား ၎င်း တို့ သည်မိမိတို့ကိုယ်တိုင် မသိနားမလည်သောအရာကို(စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် တို့ထံ ယင်း၏ အကျိုးသည်လည်းရောက်ခဲ့သည်မရှိချေ။ ဤနည်းနှင်နှင် ၎င်း တို့အလျင် ရှေးအထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့ကလည်း မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ဖူးကြလေသည်။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) မတရားသောသူတို့သည် မည်သို့မည်ပုံ အကျိုးခံစားခဲ့ကြရသည်ကို အသင်သည် ကြည့်ရှုဆင်ခြင်ပါလေ။
40وَمِنْهُم مَّن يُؤْمِنُ بِهِ وَمِنْهُم مَّن لَّا يُؤْمِنُ بِهِ ۚ وَرَبُّكَ أَعْلَمُ بِالْمُفْسِدِينَ
ထို့ပြင် ၎င်း တို့တွင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်မည့်သူများလည်းရှိကြမည်။ ထိုနည်းအတူ ၎င်း တို့တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို မယုံကြည်မည့်သူများလည်း ရှိကြမည်။ စင်စစ်တမူကား အသင့်အားဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ် သော သူတို့အား အသိဆုံးသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်။
41وَإِن كَذَّبُوكَ فَقُل لِّي عَمَلِي وَلَكُمْ عَمَلُكُمْ ۖ أَنتُم بَرِيئُونَ مِمَّا أَعْمَلُ وَأَنَا بَرِيءٌ مِّمَّا تَعْمَلُونَ
၎င်း ပြင် (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် လျက်ရှိကြပါလျှင် အသင်သည် (၎င်း တို့အား ဤသို့) ဖြေကြားပါလေ။ငါ၏ အပြုအမူသည် ငါ၏အဖို့သာဖြစ်၍ အသင်တို့၏ အပြုအမူသည် အသင်တို့အဖို့သာ ဖြစ်ချေသည်။ အသင်တို့သည်ငါပြုသမျှနှင့်(မည်သို့မျှမဆိုင်၊လုံးဝ)လွတ်ကင်းသူများ ဖြစ်ကြကုန်၏။ ငါသည်လည်း အသင်တို့ပြုသမျှ တို့နှင့်(မည်သို့မျှမဆိုင်၊ လုံးဝ)လွတ်ကင်းသည်။
42وَمِنْهُم مَّن يَسْتَمِعُونَ إِلَيْكَ ۚ أَفَأَنتَ تُسْمِعُ الصُّمَّ وَلَوْ كَانُوا لَا يَعْقِلُونَ
ထိုမှတစ်ပါး ၎င်း တို့တွင်(အမြင်အားဖြင့်) အသင့်ဘက်သို့ နားစွင့်နေကြသူများလည်း ရှိကြကုန်၏။ သို့ဖြစ်ပေရာအသင်သည် နားပင်းနေသော သူတို့အား (၎င်း တို့သည်အသိဉာဏ်ကိုအသုံးမပြုဘဲ ရှိနေကြပါလျက်) ကြားအောင်ပြုနိုင်ပါသလော။
43وَمِنْهُم مَّن يَنظُرُ إِلَيْكَ ۚ أَفَأَنتَ تَهْدِي الْعُمْيَ وَلَوْ كَانُوا لَا يُبْصِرُونَ
ထိုနည်းတူစွာ ၎င်း တို့တွင်(အမြင်အားဖြင့်)အသင့် အားကြည့်နေသူများလည်း ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကန်းနေသောသူတို့အား (4င်းတို့သည်ဉာဏ် မျက်စိဖြင့်မမြင်ကြပါလျက်)တရားလမ်းမှန်ကိုညွှန်ပြနိုင်ပါ သလော။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
41အာယာသ်

ဘာသာပြန် — ယူနူစ် 41

စူရာ ယူနူစ် အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်း ပြင် (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် လျက်ရှိကြပါလျှင် အသင်သည်…

စူရာ အာယာသ် 41/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers