وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ ٢٢
🔤 Transliteration
Wallazeena sabarub tighaaa`a Wajhi Rabbihim wa aqaamus Salaata wa anfaqoo mimmaa razaqnaahum sirranw wa `alaaniyatanw wa yadra`oona bilhasanatis saiyi`ata ulaaa`ika lahum `uqbad daar
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရာ၌ တည်တံ့ကြံ့ခိုင်စွာ ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုနည်းတူစွာယင်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ဥစ္စာပစ္စည်းများအနက်မှ လျှို့ဝှက်စွာတစ်ဖုံ၊ ထင်ရှားစွာတစ်မျိုးလှူဒါန်းသုံးစွဲကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်မကောင်းမှုကို ကောင်းမှုဖြင့်လွှဲဖယ်ကြကုန်၏။ ဤကဲ့သို့သောသူတို့အဖို့ နောင်တမလွန်ဘဝ၏ကောင်းကျိုးသည်ရှိပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ ဆဗရ် (صَبَرُوا ) : ခန္တီတရား ရှိခြင်း၊ စိတ်ရှည်ခြင်း၊ ဒုက္ခအခက်အခဲများကို သည်းခံခြင်း။အစ်ဗ်သိဂါအု ဝဂျ်ဟိ ရဗ်ဗိဟင်မ် (ابْتِغَاءَ وَجْهِ رَبِّهِمْ ) : မိမိတို့၏ အရှင်သခင်အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေခြင်း၊ အလ္လာဟ်အရှင်မြတ်အတွက်သာ ရည်ရွယ်ခြင်း။အကာမုစ် ဆလာသ် (أَقَامُوا الصَّلَاةَ ) : ဆွလာသ်ဝတ်ပြုမှုကို အပြည့်အဝ၊ အချိန်မှန်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း။အန်ဖကု (أَنفَقُوا ) : မိမိတို့ပိုင်ဆိုင်သော ဥစ္စာများမှ သုံးစွဲလှူဒါန်းခြင်း။ဆိရ္ရန် (سِرًّا ) : လျှို့ဝှက်စွာ၊ သူတစ်ပါး မသိစေဘဲ လှူဒါန်းခြင်း။အလာနိယသန် (عَلَانِيَةً ) : ထင်ရှားစွာ၊ လူအများ မြင်သိစေဘဲ လှူဒါန်းခြင်း။ယဒ်ရအူန (يَدْرَءُونَ ) : တွန်းလှန်ခြင်း၊ ဖယ်ရှားခြင်း၊ ကာကွယ်ခြင်း။အုပ်ဗသုဒ် ဒါရ် (عُقْبَى الدَّارِ ) : နောက်ဆုံးအိမ်၏ အကျိုးဆက်၊ နိဂုံးချုပ်ရလဒ် (ဤလောကနှင့် နောင်လောကတွင် ရရှိမည့် အကောင်းဆုံးအကျိုးဆက်)။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် (ဤအာယသ်တော်သည် ယခင်အာယသ်တော်များတွင် ဖော်ပြထားသော ကောင်းမှုကုသိုလ်ပြုသူများ၏ ဂုဏ်ရည်လက္ခဏာများကို ဆက်လက်ဖော်ပြထားခြင်း ဖြစ်ပါသည်။)
ထိုသူတို့သည် မိမိတို့၏ အရှင်သခင်အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေရည်ရွယ်လျက် ခန္တီတရားနှင့် ပြည့်စုံကြသူများ ဖြစ်ကြပါသည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို သည်းခံကြပြီး၊ တားမြစ်ထားသော အရာများမှ ရှောင်ကြဉ်ရာတွင်လည်း စိတ်ရှည်စွာ ထိန်းသိမ်းကြပါသည်။ မိမိတို့ထံ ရောက်ရှိလာသော ကောင်းမှုဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ပြဋ္ဌာန်းချက်အပေါ် ကျေနပ်စွာဖြင့် ခန္တီတရားထားရှိကြပါသည်။ ဤသို့ ခန္တီတရားထားရှိခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ရှာဖွေလိုသော စေတနာသက်သက်ကြောင့်သာ ဖြစ်ပါသည်။
ထို့နောက် သူတို့သည် ဆွလာသ်ဝတ်ပြုမှုကို အပြည့်အဝနှင့် အချိန်မှန် စည်းကမ်းတကျ ဆောင်ရွက်ကြပါ
وَٱلَّذِينَ صَبَرُواْ ٱبۡتِغَآءَ وَجۡهِ رَبِّهِمۡ وَأَقَامُواْ ٱلصَّلَوٰةَ وَأَنفَقُواْ مِمَّا رَزَقۡنَٰهُمۡ سِرًّا وَعَلَانِيَةً وَيَدۡرَءُونَ بِٱلۡحَسَنَةِ ٱلسَّيِّئَةَ أُوْلَٰٓئِكَ لَهُمۡ عُقۡبَى ٱلدَّارِ ٢٢
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရာ၌ တည်တံ့ကြံ့ခိုင်စွာ ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုနည်းတူစွာယင်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ဥစ္စာပစ္စည်းများအနက်မှ လျှို့ဝှက်စွာတစ်ဖုံ၊ ထင်ရှားစွာတစ်မျိုးလှူဒါန်းသုံးစွဲကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်မကောင်းမှုကို ကောင်းမှုဖြင့်လွှဲဖယ်ကြကုန်၏။ ဤကဲ့သို့သောသူတို့အဖို့ နောင်တမလွန်ဘဝ၏ကောင်းကျိုးသည်ရှိပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 20-24 — စူရာ အရ်-ရာအ်ဒ်
20 الَّذِينَ يُوفُونَ بِعَهْدِ اللَّهِ وَلَا يَنقُضُونَ الْمِيثَاقَ
(ထိုပညာရှင်များကား) အကြင်သူများတည်း၊ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ခံဝန်ချက်ကို ကျေပြွန်စွာဆောင်ရွက်ကြပေသည်။ ထို့ပြင် (ယင်း)ပဋိညာဉ်ခံဝန်ချက်ကို မဖောက်ဖျက်ကြပေ။ မချိုးဖောက်ကြပေ။
21 وَالَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَن يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوءَ الْحِسَابِ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကဆက်စပ်၍ထားရှိရန် အမိန့်ပေးတော်မူသည့် အဆက်အသွယ်များကို ဆက်စပ်၍ ထားရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည်မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် အလွန်ပူဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုကိုလည်း စိုးရိမ်ကြောင့်ကြကြကုန်သတည်း။
22 وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရာ၌ တည်တံ့ကြံ့ခိုင်စွာ ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုနည်းတူစွာယင်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ဥစ္စာပစ္စည်းများအနက်မှ လျှို့ဝှက်စွာတစ်ဖုံ၊ ထင်ရှားစွာတစ်မျိုးလှူဒါန်းသုံးစွဲကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်မကောင်းမှုကို ကောင်းမှုဖြင့်လွှဲဖယ်ကြကုန်၏။ ဤကဲ့သို့သောသူတို့အဖို့ နောင်တမလွန်ဘဝ၏ကောင်းကျိုးသည်ရှိပေသတည်း။
23 جَنَّاتُ عَدْنٍ يَدْخُلُونَهَا وَمَن صَلَحَ مِنْ آبَائِهِمْ وَأَزْوَاجِهِمْ وَذُرِّيَّاتِهِمْ ۖ وَالْمَلَائِكَةُ يَدْخُلُونَ عَلَيْهِم مِّن كُلِّ بَابٍ
(ဆိုလိုသည်ကား ၎င်းတို့အဖို့) ထာဝရတည်သော ဥယျာဉ်များသည် (ရှိပေမည်)။ ၎င်းတို့သည် ထိုဥယျာဉ်များသို့ (မိမိတို့ကိုယ်တိုင်လည်း)ဝင်ရောက်ကြပေမည်။ ထိုမှတစ်ပါး ယင်းတို့၏အဖ၊ ဘိုး၊ ဘေးတို့အနက်မှလည်းကောင်း၊ ယင်းသူတို့၏ ကြင်ယာကြင်ဖက်တို့အနက်မှလည်းကောင်း၊ ယင်းတို့၏သား၊ မြေး၊ မြစ်တို့အနက်မှလည်းကောင်း၊ (ဂျန္နတ်၏) ထိုက်တန်သောသူတို့သည်လည်း(ဝင်ရောက်ကြပေမည်)။ ၎င်းပြင် မလာအိကဟ်ကောင်းကင်တမန်များသည် ထိုသူတို့ထံသို့ တံခါးတိုင်းမှဝင်ရောက်ကြပေမည်။
24 سَلَامٌ عَلَيْكُم بِمَا صَبَرْتُمْ ۚ فَنِعْمَ عُقْبَى الدَّارِ
(ယင်းမလာအိကဟ် ကောင်းကင်တမန်များသည် ၎င်းတို့ထံဝင်ရောက်ကြသောအခါ ဤသို့နှုတ်ခွန်းဆက်သပြောဆိုကြမည်ဖြစ်၏)။ အသင်တို့သည်(လောကီဘဝ၌)ခန္တီတရားထားရှိ၍ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက် ငြိမ်းချမ်း သာယာမှုသည် အသင်တို့အပေါ်၌ ကျရောက်ပါစေသား။ဤ တမလွန်ဘဝ၌ (အသင်တို့ခံစားကြရမည့်)အကျိုးသည်အလွန် ကောင်းမြတ်လှပေသည်တကား။
ဘာသာပြန် — အရ်-ရာအ်ဒ် 22 စူရာ အရ်-ရာအ်ဒ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရာ၌ တည်တံ့ကြံ့ခိုင်စွာ ရှိကြကုန်၏။ ၎င်းပြင်…
စူရာ အာယာသ် 22/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.