အရ်-ရာအ်ဒ် · 4/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
وَفِي الْأَرْضِ قِطَعٌ مُّتَجَاوِرَاتٌ وَجَنَّاتٌ مِّنْ أَعْنَابٍ وَزَرْعٌ وَنَخِيلٌ صِنْوَانٌ وَغَيْرُ صِنْوَانٍ يُسْقَىٰ بِمَاءٍ وَاحِدٍ وَنُفَضِّلُ بَعْضَهَا عَلَىٰ بَعْضٍ فِي الْأُكُلِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ ۝٤
Wa fil ardi qita`um muta jaawiraatunw wa jannaatum min a`naabinw wa zar`unw wa nakheelun sinwaanunw wa ghairu sinwaaniny yusqaa bimaaa`inw waahid; wa nufaddilu ba`dahaa `alaa ba`din fil-ukul; inna fee zaalika la aayaatil liqawminy ya`qiloon
📖 မြန်မာဘာသာ
၎င်းပြင် ပထဝီမြေ၌ တစ်ခုတည်းသော ရေကိုသွင်းပေးခြင်းခံရသော နီးကပ်စွာရှိသောမြေကွက် များသည်လည်းကောင်း၊ စပျစ်ခြံများသည်လည်းကောင်း၊ လယ်ယာများသည်လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက ပေါက်ရောက်သော စွန်ပလွံပင်များသည်လည်းကောင်း၊ အမြစ်တစ်ခုမှ တစ်ပင်စီပေါက်ရောက်သော စွန်ပလွံပင်များသည် လည်းကောင်း၊ ရှိသည်။ သို့ပါလျက် ငါအရှင်မြတ်သည် အသီးများတွင်၎င်းတို့အနက် အချို့ကိုအချို့ထက် ထူးကဲစေတော်မူ၏။ ဧကန်အမှန် ဤသူတို့၌ နားလည်ကြသူတို့အဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကြပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • قِطَعٌ မုတ္တဂျာဝိရာသွန် — တစ်ခုနှင့်တစ်ခု ကပ်လျက် တည်ရှိသော မြေကွက်များ။
  • صِنْوَانٌ ဆင်ဝါနွန် — ပင်စည်တစ်ခုတည်းမှ ပေါက်ထွက်သော စွန်ပလွံပင်များ (အမြစ်တစ်ခုတည်းမှ ပေါင်းစည်းပေါက်သော စွန်ပလွံပင်)။
  • غَيْرُ صِنْوَانٍ ဂိုင်ရု ဆင်ဝါနင်း — သီးခြားအမြစ်ဖြင့် တစ်ပင်ချင်း ပေါက်သော စွန်ပလွံပင်များ။
  • الْأُكُلِ အလ်အုကူလ် — အသီးအနှံနှင့် အရသာ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မြေပြင်ပေါ်တွင် တစ်ခုနှင့်တစ်ခု ကပ်လျက်တည်ရှိသော မြေကွက်များရှိသည်။ ထိုမြေကွက်များသည် တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိသော်လည်း သဘာဝချင်း မတူညီကြပေ။ အချို့မြေကွက်သည် ကောင်းမွန်၍ လူတို့အကျိုးရှိသော အပင်များ ပေါက်ရောက်နိုင်သည်။ အချို့မြေကွက်သည် ဆားငန်ပြီး မည်သည့်အပင်မျှ မပေါက်ရောက်နိုင်ပေ။

ထို့ပြင် ထိုမြေပြင်တွင် စပျစ်ခြံများ၊ သီးနှံစိုက်ခင်းများ၊ အမြစ်တစ်ခုတည်းမှ ပေါင်းစည်းပေါက်သော စွန်ပလွံပင်များနှင့် သီးခြားအမြစ်ဖြင့် တစ်ပင်ချင်းပေါက်သော စွန်ပလွံပင်များလည်း ရှိသည်။ ဤခြံများ၊ ဤသီးနှံများအားလုံးကို ရေတစ်မျိုးတည်းဖြင့် လောင်းရသည်။ သို့သော် ငါအရှင်မြတ်သည် ထိုအသီးအနှံများကို အရသာ၊ အရွယ်အစား၊ အကျိုးအမြတ်စသည်တို့တွင် တစ်မျိုးနှင့်တစ်မျိုး ကွဲပြားစေတော်မူသည်။ အချို့သည် ချိုမြိန်သည်၊ အချို့သည် ချဉ်သည်၊ အချို့သည် အခြားအချို့ထက် ပို၍ကောင်းသည်။

ဤအချက်များတွင် ဆင်ခြင်တုံတရားကို အသုံးပြု၍ စဉ်းစားဆင်ခြင်သော လူမျိုးအတွက် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို ညွှန်ပြသော သက်သေလက္ခဏာများ အမှန်ပင် ရှိပေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မြေပြင်ကို အမျိုးမျိုးသော သဘာဝဂုဏ်သတ္တိဖြင့် ဖန်ဆင်းထားတော်မူသည်။ ဤအချက်သည် အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် တန်ခိုးတော်ကို ထင်ရှားစွာ ဖော်ပြသည်။
  • တူညီသော ရေတစ်မျိုးတည်းဖြင့် လောင်းသော်လည်း အသီးအနှံများ၏ အရသာ၊ အရောင်၊ အနံ့ ကွဲပြားခြားနားနေခြင်းသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း ရှိတော်မူကြောင်း ခိုင်မာသော သက်သေတစ


📜 အာယာသ် 2-6 — စူရာ အရ်-ရာအ်ဒ်

2اللَّهُ الَّذِي رَفَعَ السَّمَاوَاتِ بِغَيْرِ عَمَدٍ تَرَوْنَهَا ۖ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۖ وَسَخَّرَ الشَّمْسَ وَالْقَمَرَ ۖ كُلٌّ يَجْرِي لِأَجَلٍ مُّسَمًّى ۚ يُدَبِّرُ الْأَمْرَ يُفَصِّلُ الْآيَاتِ لَعَلَّكُم بِلِقَاءِ رَبِّكُمْ تُوقِنُونَ
အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်များကို အသင်တို့မမြင်နိုင်ကြသော တိုင်များဖြင့် မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ (တစ်နည်း)အသင်တို့တွေ့မြင်ကြသည့်အတိုင်း တိုင်များမပါဘဲ မြင့်စွင့်စေတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အရ်ရှ် ပလ’င်တော်ထက်ဝယ် စံမြန်းတော်မူလေသည်။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊လ စန္ဒာကိုလည်းကောင်း နာခံစေတော်မူလေသည်။ (ထိုနေနှင့်လသည်) သတ်မှတ်ထားသောအချိန် ကာလတွင် အသီးသီးသွားလာလျက်ပင် ရှိကြကုန်၏။ ထိုအရှင်မြတ်သည် အရေးကိစ္စတို့ကို စီမံခန့်ခွဲတော်မူ၏။ သက်သေလက္ခဏာတော်များကိုအသေးစိတ်ရှင်းလင်းတော်မူ၏။ သို့မှသာလျှင် အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံခြင်းကို ယုံကြည်ကြရာသတည်း။
3وَهُوَ الَّذِي مَدَّ الْأَرْضَ وَجَعَلَ فِيهَا رَوَاسِيَ وَأَنْهَارًا ۖ وَمِن كُلِّ الثَّمَرَاتِ جَعَلَ فِيهَا زَوْجَيْنِ اثْنَيْنِ ۖ يُغْشِي اللَّيْلَ النَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَتَفَكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ထိုပထဝီမြေ၌ တောင်များကိုလည်းကောင်း၊ ချောင်းမြစ်တို့ ကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၌သစ်သီးဝလံ အသီးသီးကို နှစ်မျိုးစီ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဖြင့်နေ့ကို ဖုံးအုပ်ခဲ့တော်မူ၏။ ဧကန်မလွဲဤသည်တို့၌ စဉ်းစားဆင်ခြင်ကုန်သော သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများသည် ရှိချေသတည်း။
4وَفِي الْأَرْضِ قِطَعٌ مُّتَجَاوِرَاتٌ وَجَنَّاتٌ مِّنْ أَعْنَابٍ وَزَرْعٌ وَنَخِيلٌ صِنْوَانٌ وَغَيْرُ صِنْوَانٍ يُسْقَىٰ بِمَاءٍ وَاحِدٍ وَنُفَضِّلُ بَعْضَهَا عَلَىٰ بَعْضٍ فِي الْأُكُلِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ
၎င်းပြင် ပထဝီမြေ၌ တစ်ခုတည်းသော ရေကိုသွင်းပေးခြင်းခံရသော နီးကပ်စွာရှိသောမြေကွက် များသည်လည်းကောင်း၊ စပျစ်ခြံများသည်လည်းကောင်း၊ လယ်ယာများသည်လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက ပေါက်ရောက်သော စွန်ပလွံပင်များသည်လည်းကောင်း၊ အမြစ်တစ်ခုမှ တစ်ပင်စီပေါက်ရောက်သော စွန်ပလွံပင်များသည် လည်းကောင်း၊ ရှိသည်။ သို့ပါလျက် ငါအရှင်မြတ်သည် အသီးများတွင်၎င်းတို့အနက် အချို့ကိုအချို့ထက် ထူးကဲစေတော်မူ၏။ ဧကန်အမှန် ဤသူတို့၌ နားလည်ကြသူတို့အဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကြပေသတည်း။
5۞ وَإِن تَعْجَبْ فَعَجَبٌ قَوْلُهُمْ أَإِذَا كُنَّا تُرَابًا أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۗ أُولَٰئِكَ الَّذِينَ كَفَرُوا بِرَبِّهِمْ ۖ وَأُولَٰئِكَ الْأَغْلَالُ فِي أَعْنَاقِهِمْ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ထိုမှတစ်ပါး အကယ်၍ အသင်သည် အံ့ဩသည်ရှိသော် ကျွန်ုပ်တို့သည်(သေပြီးနောက်)ပကတိ မြေကြီး ဖြစ်သွားခဲ့ကြသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်၍ဖန်ဆင်းခြင်းကိုခံကြရမည်လောဟူသော ၎င်းတို့၏ပြောဆိုချက်သည်ကား (သာ၍)ပင် အံ့ဩဖွယ်ဖြစ်ပေသည်။ ဤသူများပင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ်ကုန်သောသူများတည်း။ ၎င်းပြင် ဤသူများပင်၊ ၎င်းတို့၏လည်ပင်းများ၌ လည်ကွင်းများရှိအံ့။ ထိုမှတစ်ပါးဤသူတို့သည်ပင်လျှင် ငရဲသားများဖြစ်ကြကုန်သည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်ကြမည့်သူများ ဖြစ်ကြပေသတည်း။
6وَيَسْتَعْجِلُونَكَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ وَقَدْ خَلَتْ مِن قَبْلِهِمُ الْمَثُلَاتُ ۗ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍ لِّلنَّاسِ عَلَىٰ ظُلْمِهِمْ ۖ وَإِنَّ رَبَّكَ لَشَدِيدُ الْعِقَابِ
စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံ၌ ဘေးရန်ကင်းငြိမ်းခြင်းထက် အလျင် ဘေးအန္တရာယ်ကို အသင့်ထံ၌အလျင်စလိုတောင်းဆွဲကြကုန်၏။ အမှန်စင်စစ်သော်ကား ပြစ်ဒဏ်ခတ်မှုများသည် ၎င်းတို့အလျင်ရှိခဲ့ပြီး ဖြစ်ခဲ့ပေသည်။ ၎င်းပြင် မလွဲဧကန် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မတရားမှုကိုကျူးလွန်သူများဖြစ်ကြပါလျက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါးအသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်လည်း အမှန်ပင်ဖြစ်တော်မူပေသတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
4အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 4

စူရာ အရ်-ရာအ်ဒ် အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ပထဝီမြေ၌ တစ်ခုတည်းသော ရေကိုသွင်းပေးခြင်းခံရသော နီးကပ်စွာရှိသောမြေကွက် များသည်လည်းကောင်း၊ စပျစ်ခြံများသည်လည်းကောင်း၊ လယ်ယာများသည်လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက…

စူရာ အာယာသ် 4/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers