۞ وَإِن تَعْجَبْ فَعَجَبٌ قَوْلُهُمْ أَإِذَا كُنَّا تُرَابًا أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۗ أُولَٰئِكَ الَّذِينَ كَفَرُوا بِرَبِّهِمْ ۖ وَأُولَٰئِكَ الْأَغْلَالُ فِي أَعْنَاقِهِمْ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ ٥
🔤 Transliteration
Wa in ta`jab fa`ajabun qawluhm `a-izaa kunna turaaban `a-inna lafee khalqin jadeed; ulaaa `ikal lazeena kafaroo bi Rabbihim wa ulaaa`ikal aghlaalu feee a`naaqihim wa ulaa`ika Ashaabun Naari hum feehaa khaalidoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အကယ်၍ အသင်သည် အံ့ဩသည်ရှိသော် ကျွန်ုပ်တို့သည်(သေပြီးနောက်)ပကတိ မြေကြီး ဖြစ်သွားခဲ့ကြသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်၍ဖန်ဆင်းခြင်းကိုခံကြရမည်လောဟူသော ၎င်းတို့၏ပြောဆိုချက်သည်ကား (သာ၍)ပင် အံ့ဩဖွယ်ဖြစ်ပေသည်။ ဤသူများပင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ်ကုန်သောသူများတည်း။ ၎င်းပြင် ဤသူများပင်၊ ၎င်းတို့၏လည်ပင်းများ၌ လည်ကွင်းများရှိအံ့။ ထိုမှတစ်ပါးဤသူတို့သည်ပင်လျှင် ငရဲသားများဖြစ်ကြကုန်သည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်ကြမည့်သူများ ဖြစ်ကြပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
تَعْجَبْ — အံ့ဩသည်။ တစ်စုံတစ်ရာကို ထူးဆန်းသည်ဟု ထင်မြင်ပြီး စိတ်ထဲတွင် မယုံကြည်နိုင်ဖြစ်ခြင်း။عَجَبٌ — အံ့ဩဖွယ်ရာ။ အလွန်ထူးဆန်းသောအရာ။خَلْقٍ جَدِيدٍ — အသစ်ဖန်ဆင်းခြင်း။ ဆိုလိုသည်မှာ သေပြီးနောက် ပြန်လည်ရှင်သန်စေခြင်း (ကြိယာမာသ်) ကို ဆိုလိုသည်။الْأَغْلَالُ — သံကွင်းများ၊ သံကြိုးများ။ ဤနေရာတွင် ငရဲမီး၏ သံကြိုးများကို ဆိုလိုသည်။خَالِدُونَ — အမြဲထာဝရနေထိုင်သူများ။ ဘယ်တော့မှ မကုန်ဆုံးသော ကာလအထိ နေရစ်မည့်သူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၊ အကယ်၍ သင်သည် အံ့ဩလောက်သော အရာတစ်ခုကို အံ့ဩမည်ဆိုလျှင်၊ အမှန်စင်စစ် အံ့ဩထိုက်ဆုံးသောအရာမှာ သူတို့၏ ဤစကားဖြစ်သည်။ သူတို့က “ငါတို့သည် သေပြီး မြေမှုန့်ဖြစ်သွားသောအခါ၊ ငါတို့သည် အသစ်တစ်ဖန် ဖန်ဆင်းခြင်းခံရမည်လော” ဟု ဆိုကြသည်။ ဤသို့ ပြန်လည်ရှင်သန်ခြင်းကို ငြင်းပယ်ကြသော ထိုသူတို့သည် မိမိတို့၏ အရှင်သခင်ကို ငြင်းပယ်သော ကာဖိရ်များပင်ဖြစ်ကြသည်။ ထိုသူတို့၏ လည်ပင်းများတွင် ငရဲမီး၏ သံကြိုးများ ရှိကြမည်။ ထိုသူတို့သည် ငရဲမီး၏ အပေါင်းအဖော်များဖြစ်ကြပြီး ထိုငရဲမီးထဲတွင် အမြဲထာဝရ နေထိုင်ရမည့်သူများဖြစ်ကြသည်။
ရှင်းလင်းချက် — ဤအာယသ်တော်သည် သေပြီးနောက် ပြန်လည်ရှင်သန်ခြင်းကို ငြင်းပယ်သော မက္ကာမြို့သား ကာဖိရ်များ၏ အံ့ဩဖွယ်ရာ စကားကို ဖော်ပြထားခြင်းဖြစ်သည်။ သူတို့သည် ဤလောကကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် သေသွားသော လူသားများကို တစ်ဖန်ပြန်လည် ဖန်ဆင်းရန် စွမ်းဆောင်နိုင်တော်မူကြောင်းကို မစဉ်းစားကြပေ။ အမှန်စင်စစ် ပထမအကြိမ် ဖန်ဆင်းခြင်းသည် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းခြင်းထက် ပို၍ ခက်ခဲသည်။ ထို့ကြောင့် ပထမအကြိမ် ဖန်ဆင်းနိုင်သော အရှင်မြတ်သည် ပြန်လည်ဖန်ဆင်းရန် ပို၍ လွယ်ကူတော်မူသည်။ ဤသို့ ပြန်လည်ရှင်သန်ခြင်းကို ငြင်းပယ်သူများသည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သူများဖြစ်ကြပြီး သူတို့၏ လည်ပင်းများတွင် ငရဲမီး၏ သံကြိုးများ ရှိကြမည်။ သူတို့သည် ငရ
۞ وَإِن تَعۡجَبۡ فَعَجَبٌ قَوۡلُهُمۡ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِي خَلۡقٍ جَدِيدٍۗ أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ وَأُوْلَٰٓئِكَ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَاقِهِمۡۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٥
ထိုမှတစ်ပါး အကယ်၍ အသင်သည် အံ့ဩသည်ရှိသော် ကျွန်ုပ်တို့သည်(သေပြီးနောက်)ပကတိ မြေကြီး ဖြစ်သွားခဲ့ကြသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်၍ဖန်ဆင်းခြင်းကိုခံကြရမည်လောဟူသော ၎င်းတို့၏ပြောဆိုချက်သည်ကား (သာ၍)ပင် အံ့ဩဖွယ်ဖြစ်ပေသည်။ ဤသူများပင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ်ကုန်သောသူများတည်း။ ၎င်းပြင် ဤသူများပင်၊ ၎င်းတို့၏လည်ပင်းများ၌ လည်ကွင်းများရှိအံ့။ ထိုမှတစ်ပါးဤသူတို့သည်ပင်လျှင် ငရဲသားများဖြစ်ကြကုန်သည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်ကြမည့်သူများ ဖြစ်ကြပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 3-7 — စူရာ အရ်-ရာအ်ဒ်
3 وَهُوَ الَّذِي مَدَّ الْأَرْضَ وَجَعَلَ فِيهَا رَوَاسِيَ وَأَنْهَارًا ۖ وَمِن كُلِّ الثَّمَرَاتِ جَعَلَ فِيهَا زَوْجَيْنِ اثْنَيْنِ ۖ يُغْشِي اللَّيْلَ النَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَتَفَكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် ထိုပထဝီမြေ၌ တောင်များကိုလည်းကောင်း၊ ချောင်းမြစ်တို့ ကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၌သစ်သီးဝလံ အသီးသီးကို နှစ်မျိုးစီ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဖြင့်နေ့ကို ဖုံးအုပ်ခဲ့တော်မူ၏။ ဧကန်မလွဲဤသည်တို့၌ စဉ်းစားဆင်ခြင်ကုန်သော သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများသည် ရှိချေသတည်း။
4 وَفِي الْأَرْضِ قِطَعٌ مُّتَجَاوِرَاتٌ وَجَنَّاتٌ مِّنْ أَعْنَابٍ وَزَرْعٌ وَنَخِيلٌ صِنْوَانٌ وَغَيْرُ صِنْوَانٍ يُسْقَىٰ بِمَاءٍ وَاحِدٍ وَنُفَضِّلُ بَعْضَهَا عَلَىٰ بَعْضٍ فِي الْأُكُلِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ
၎င်းပြင် ပထဝီမြေ၌ တစ်ခုတည်းသော ရေကိုသွင်းပေးခြင်းခံရသော နီးကပ်စွာရှိသောမြေကွက် များသည်လည်းကောင်း၊ စပျစ်ခြံများသည်လည်းကောင်း၊ လယ်ယာများသည်လည်းကောင်း၊ အမြစ်တစ်ခုတည်းမှ တစ်ပင်မက ပေါက်ရောက်သော စွန်ပလွံပင်များသည်လည်းကောင်း၊ အမြစ်တစ်ခုမှ တစ်ပင်စီပေါက်ရောက်သော စွန်ပလွံပင်များသည် လည်းကောင်း၊ ရှိသည်။ သို့ပါလျက် ငါအရှင်မြတ်သည် အသီးများတွင်၎င်းတို့အနက် အချို့ကိုအချို့ထက် ထူးကဲစေတော်မူ၏။ ဧကန်အမှန် ဤသူတို့၌ နားလည်ကြသူတို့အဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကြပေသတည်း။
5 ۞ وَإِن تَعْجَبْ فَعَجَبٌ قَوْلُهُمْ أَإِذَا كُنَّا تُرَابًا أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۗ أُولَٰئِكَ الَّذِينَ كَفَرُوا بِرَبِّهِمْ ۖ وَأُولَٰئِكَ الْأَغْلَالُ فِي أَعْنَاقِهِمْ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ထိုမှတစ်ပါး အကယ်၍ အသင်သည် အံ့ဩသည်ရှိသော် ကျွန်ုပ်တို့သည်(သေပြီးနောက်)ပကတိ မြေကြီး ဖြစ်သွားခဲ့ကြသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်၍ဖန်ဆင်းခြင်းကိုခံကြရမည်လောဟူသော ၎င်းတို့၏ပြောဆိုချက်သည်ကား (သာ၍)ပင် အံ့ဩဖွယ်ဖြစ်ပေသည်။ ဤသူများပင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ်ကုန်သောသူများတည်း။ ၎င်းပြင် ဤသူများပင်၊ ၎င်းတို့၏လည်ပင်းများ၌ လည်ကွင်းများရှိအံ့။ ထိုမှတစ်ပါးဤသူတို့သည်ပင်လျှင် ငရဲသားများဖြစ်ကြကုန်သည်။ ၎င်းတို့သည် ထိုငရဲမီး၌ ထာဝစဉ်နေထိုင်ကြမည့်သူများ ဖြစ်ကြပေသတည်း။
6 وَيَسْتَعْجِلُونَكَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ وَقَدْ خَلَتْ مِن قَبْلِهِمُ الْمَثُلَاتُ ۗ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍ لِّلنَّاسِ عَلَىٰ ظُلْمِهِمْ ۖ وَإِنَّ رَبَّكَ لَشَدِيدُ الْعِقَابِ
စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံ၌ ဘေးရန်ကင်းငြိမ်းခြင်းထက် အလျင် ဘေးအန္တရာယ်ကို အသင့်ထံ၌အလျင်စလိုတောင်းဆွဲကြကုန်၏။ အမှန်စင်စစ်သော်ကား ပြစ်ဒဏ်ခတ်မှုများသည် ၎င်းတို့အလျင်ရှိခဲ့ပြီး ဖြစ်ခဲ့ပေသည်။ ၎င်းပြင် မလွဲဧကန် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မတရားမှုကိုကျူးလွန်သူများဖြစ်ကြပါလျက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါးအသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်လည်း အမှန်ပင်ဖြစ်တော်မူပေသတည်း။
7 وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۗ إِنَّمَا أَنتَ مُنذِرٌ ۖ وَلِكُلِّ قَوْمٍ هَادٍ
၎င်းပြင် မယုံမကြည် သွေဖည်ငြင်းပယ် ကုန်သောသူတို့သည် ထို(နဗီတမန်တော်မုဟမ္မဒ်)၏ အပေါ်၌ ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာတစ်ရပ်ရပ်သည် အဘယ်ကြောင့် ကျရောက်ခဲ့သည်မရှိပါသနည်းဟူ၍လည်း ပြောဆိုကြသေး၏။ (စင်စစ်မှာမူကား) အသင်သည် သတိပေးနှိုးဆော်သူတစ်ဦးမျှသာဖြစ်ပေသည်။ ထိုနည်းတူစွာ လူမျိုးတိုင်းအဖို့ တရားလမ်းမှန်ကိုညွှန်ကြားပြသသူသည် ရှိချေသတည်း။
ဘာသာပြန် — အရ်-ရာအ်ဒ် 5 စူရာ အရ်-ရာအ်ဒ် အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အကယ်၍ အသင်သည် အံ့ဩသည်ရှိသော် ကျွန်ုပ်တို့သည်(သေပြီးနောက်)ပကတိ မြေကြီး ဖြစ်သွားခဲ့ကြသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်၍ဖန်ဆင်းခြင်းကိုခံကြရမည်လောဟူသော ၎င်းတို့၏ပြောဆိုချက်သည်ကား…
စူရာ အာယာသ် 5/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.