အန်-နဟ်လ် · 112/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُّطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِّن كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ ۝١١٢
Wa darabal laahu masalan qaryatan kaanat aaminatam mutma`innatany yaaateehaa rizquhaa rghadam min kulli makaanin fakafarat bi an`umil laahi fa azaaqahal laahu libaasal joo`i walkhawfi bimaa kaanoo yasna`oon
📖 မြန်မာဘာသာ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာနှင့်စပ်လျဉ်း၍ ပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော် မူလေသည်။ ထိုရွာ(သူရွာသားတို့)သည် ဘေးရန်ကင်းငြိမ်းလျက် နှစ်သိမ့်ပျော်မွေ့စွာရှိခဲ့(ကြကုန်)သည်။ ယင်းရွာ(သူရွာသားတို့ထံ)သို့ ယင်း(ရွာသူရွာသားတို့)၏ စားနပ်ရိက္ခာသည် နေရာတိုင်းမှ ဖောသီစွာရောက် ရှိလျက်ရှိလေသည်။ သို့ရာတွင် ယင်းရွာ(သူရွာသားတို့)မူကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး တော်များကို ငြင်းပယ်ခဲ့(ကြ)လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားတို့)အား ထိုသူတို့၏ အကျင့်အမူတို့ကြောင့် ဆာလောင်မှုကိုလည်းကောင်း၊ ကြောက်ရွံ့ ထိတ်လန့်မကိုလည်းကောင်း၊ မြည်းစမ်းစေတော် မူခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အနက်အဓိပ္ပာယ်ရှင်းလင်းချက်

وَضَرَبَ (ဝါဒရိုဘ) — ဥပမာပေးခဲ့သည်၊ နမူနာပြခဲ့သည်။

مَثَلًا (မဆလန်) — ဥပမာ၊ နမူနာ။

قَرْيَةً (ကောရ်ယသန်) — မြို့၊ ရွာ (ဤနေရာတွင် မက္ကာမြို့ကို ရည်ညွှန်းသည်)။

آمِنَةً (အာမိနသန်) — လုံခြုံသော၊ ဘေးကင်းသော။

مُّطْمَئِنَّةً (မုသ်မအိန္နသန်) — ငြိမ်းချမ်းသော၊ တည်ငြိမ်သော။

رِزْقُهَا (ရိဇ်ကုဟာ) — သူမ၏ ရိဇ်က် (အသက်မွေးဝမ်းကျောင်းပစ္စည်း)။

رَغَدًا (ရဂါဒန်) — ပေါများစွာ၊ လွယ်ကူစွာ။

فَكَفَرَتْ (ဖကာဖရသ်) — ထို့နောက် ငြင်းပယ်ခဲ့သည်၊ ကျေးဇူးမသိခဲ့သည်။

بِأَنْعُمِ اللَّهِ (ဘိအန်အုမိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို။

فَأَذَاقَهَا (ဖအဇာကာဟာ) — ထို့နောက် ခံစားစေခဲ့သည်။

لِبَاسَ الْجُوعِ (လိဗာစလ်ဂျူအိ) — ဆာလောင်မှု၏ အဝတ်အစား (ဆာလောင်မှုကို အဝတ်ကဲ့သို့ ခြုံလွှမ်းစေခြင်း)။

وَالْخَوْفِ (ဝလ်ခါင်ဖိ) — နှင့် ကြောက်ရွံ့မှု။

بِمَا كَانُوا يَصْنَعُونَ (ဘိမာ ကာနူ ယဆ်နအူန) — သူတို့ပြုလုပ်ခဲ့ကြသည့်အတွက်ကြောင့်။

  1. အနက်အဓိပ္ပာယ်ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် မက္ကာမြို့ကို ဥပမာအဖြစ် ဖော်ပြတော်မူခဲ့သည်။ ထိုမြို့သည် အလွန်လုံခြုံဘေးကင်းသော မြို့တစ်မြို့ဖြစ်ခဲ့သည်။ မြို့သူမြို့သားများသည် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြရသည်။ သူတို့ပတ်ဝန်းကျင်ရှိ လူများကို ဖမ်းဆီးသတ်ဖြတ်ခံနေရချိန်တွင် သူတို့မှာမူ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ခဲ့ကြသည်။ ထိုမြို့သို့ ရိဇ်က်အသက်မွေးဝမ်းကျောင်းပစ္စည်းများသည် နေရာအနှံ့အပြားမှ လွယ်ကူပေါများစွာ ရောက်ရှိလာခဲ့သည်။ ကုန်းလမ်း၊ ရေလမ်းမှ ကုန်ပစ္စည်းများ သယ်ဆောင်လာခဲ့ကြသည်။

သို့သော် ထိုမြို့သူမြို့သားများသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်ခဲ့ကြသည်။ ကျေးဇူးတင်ခြင်းမပြုခဲ့ကြပေ။ အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဆာလောင်မှုနှင့် ကြောက်ရွံ့မှုကို အဝတ်အစားကဲ့သို့ ခြုံလွှမ်းစေတော်မူခဲ့သည်။ ဆာလောင်မှုသည် အလွန်ပြင်းထန်လာခဲ့သဖြင့် သူတို့သည် အသေကောင်မျ



📜 အာယာသ် 110-114 — စူရာ အန်-နဟ်လ်

110ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِن بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။
111۞ يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَن نَّفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
(ဤကျိုးပြစ်ပေးခြင်းသည် အကြင်နေ့တွင် ဖြစ်ပေမည်။) ထိုနေ့တွင် လူတိုင်းလူတိုင်းသည် မိမိဘက်မှသာလျှင်(ဝါ)မိမိကိုယ်ကိုကာကွယ်၍သာလျှင် ငြင်းခုံပြောဆိုလျက် လာပေမည်။ ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိကျင့်မူခဲ့သောအကျင့်အမူများ(၏အကျိုးအပြစ်)ကို အပြည့်အစုံပေးခြင်းကိုခံရပေမည်။ အမှန်စင်စစ် ၎င်းတို့သည် မတရား ပြုလုပ်ခြင်းကိုလုံးဝခံကြရမည် မဟုတ်ပေ။
112وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُّطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِّن كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာနှင့်စပ်လျဉ်း၍ ပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော် မူလေသည်။ ထိုရွာ(သူရွာသားတို့)သည် ဘေးရန်ကင်းငြိမ်းလျက် နှစ်သိမ့်ပျော်မွေ့စွာရှိခဲ့(ကြကုန်)သည်။ ယင်းရွာ(သူရွာသားတို့ထံ)သို့ ယင်း(ရွာသူရွာသားတို့)၏ စားနပ်ရိက္ခာသည် နေရာတိုင်းမှ ဖောသီစွာရောက် ရှိလျက်ရှိလေသည်။ သို့ရာတွင် ယင်းရွာ(သူရွာသားတို့)မူကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး တော်များကို ငြင်းပယ်ခဲ့(ကြ)လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားတို့)အား ထိုသူတို့၏ အကျင့်အမူတို့ကြောင့် ဆာလောင်မှုကိုလည်းကောင်း၊ ကြောက်ရွံ့ ထိတ်လန့်မကိုလည်းကောင်း၊ မြည်းစမ်းစေတော် မူခဲ့ပေသတည်း။
113وَلَقَدْ جَاءَهُمْ رَسُولٌ مِّنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ
ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းရစူလ် တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ မတရားသောသူများဖြစ်နေကြစဉ်ဖမ်းဆီး ကွပ်မျက်ခဲ့လေသည်။
114فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့အားအလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသော အရာများအနက် သန့်ရှင်းစင်ကြယ်သော၊ စားသုံးခွင့် ပြုတော်မူသော၊အရာများကို စားသုံးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူး တော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
112အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 112

စူရာ အန်-နဟ်လ် အာယာသ် 112 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာနှင့်စပ်လျဉ်း၍ ပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော် မူလေသည်။ ထိုရွာ(သူရွာသားတို့)သည် ဘေးရန်ကင်းငြိမ်းလျက် နှစ်သိမ့်ပျော်မွေ့စွာရှိခဲ့(ကြကုန်)သည်။ ယင်းရွာ(သူရွာသားတို့ထံ)သို့…

စူရာ အာယာသ် 112/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 110–114. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers