အန်-နဟ်လ် · 111/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
۞ يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَن نَّفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُمْ لَا يُظْلَمُونَ ۝١١١
Yawma taatee kullu nafsin tujaadilu `an nafsihaa wa tuwaffaa kullu nafsim maa `amilat wa hum laa yuzlamoon
📖 မြန်မာဘာသာ
(ဤကျိုးပြစ်ပေးခြင်းသည် အကြင်နေ့တွင် ဖြစ်ပေမည်။) ထိုနေ့တွင် လူတိုင်းလူတိုင်းသည် မိမိဘက်မှသာလျှင်(ဝါ)မိမိကိုယ်ကိုကာကွယ်၍သာလျှင် ငြင်းခုံပြောဆိုလျက် လာပေမည်။ ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိကျင့်မူခဲ့သောအကျင့်အမူများ(၏အကျိုးအပြစ်)ကို အပြည့်အစုံပေးခြင်းကိုခံရပေမည်။ အမှန်စင်စစ် ၎င်းတို့သည် မတရား ပြုလုပ်ခြင်းကိုလုံးဝခံကြရမည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယောမ (يَوْمَ): နေ့တော်ကြီး၊ ဤနေရာတွင် ကိယာမသ်နေ့တော်ကြီးကို ရည်ညွှန်းပါသည်။
  • တဂျာဒီလု (تُجَادِلُ): အငြင်းအခုံပြုသည်၊ ခုခံကာကွယ်ပြောဆိုသည်၊ ဆင်ခြေပေးသည် ဟု အဓိပ္ပာယ်ရပါသည်။
  • တူဝဖ်ဖာ (تُوَفَّىٰ): အပြည့်အဝပေးဆပ်ခြင်းခံရသည်၊ အပြည့်အစုံ ရရှိသည် ဟု အဓိပ္ပာယ်ရပါသည်။
  • လာ ယူဇ်လမုန (لَا يُظْلَمُونَ): သူတို့သည် မတရားခံရမည် မဟုတ်ပါ၊ မညှဉ်းဆဲခံရမည် မဟုတ်ပါ ဟု အဓိပ္ပာယ်ရပါသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

(အို တမန်တော်မုဟမ္မဒ်) အသင်သည် လူသားတို့အား ကိယာမသ်နေ့တော်ကြီးအကြောင်း သတိပေးနှိုးဆော်ပါ။ ထိုနေ့တော်ကြီးတွင် လူတိုင်းသည် မိမိကိုယ်တိုင်အတွက်သာ အငြင်းအခုံပြုကြမည်၊ မိမိကိုယ်ကို ခုခံကာကွယ်ပြောဆိုကြမည်၊ ဆင်ခြေအမျိုးမျိုးပေးကြမည်။ မည်သူမျှ အခြားသူအတွက် အငြင်းအခုံပြုနိုင်မည် မဟုတ်ပါ။ အကြောင်းမှာ ထိုနေ့၏ အခြေအနေသည် အလွန်ကြီးကျယ်လေးနက်သောကြောင့် ဖြစ်ပါသည်။ ထို့နောက် လူတိုင်းသည် မိမိတို့ လောကီဘဝတွင် ပြုလုပ်ခဲ့သော ကောင်းမှုနှင့် မကောင်းမှုများ၏ အကျိုးအပြစ်ကို အပြည့်အစုံ ရရှိကြမည်။ သူတို့သည် ကောင်းမှုအကျိုးများ လျှော့ချခြင်းခံရမည် မဟုတ်သလို မကောင်းမှုအပြစ်များ တိုးမြှင့်ခြင်းလည်း ခံရမည် မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ မတရားပြုတော်မူမည် မဟုတ်ပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • ကိယာမသ်နေ့တော်ကြီးသည် အမှန်တကယ် ရှိပြီး ထိုနေ့တွင် လူတိုင်း မိမိပြုလုပ်ခဲ့သော အမှုအခင်းများ၏ အကျိုးအပြစ်ကို မဖြစ်မနေ ခံစားရမည်ဖြစ်သောကြောင့် ဤလောကီဘဝတွင် ကောင်းမှုများ ပြုလုပ်ရန် ကြိုးစားသင့်ပါသည်။
  • ထိုနေ့တွင် မည်သူမျှ အခြားသူအတွက် အကူအညီပေးနိုင်မည် မဟုတ်သောကြောင့် မိမိကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။
  • အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမှ တရားမျှတတော်မူသော အရှင်ဖြစ်ပြီး မည်သူ့ကိုမျှ မတရားပြုတော်မူမည် မဟုတ်သောကြောင့် မွတ်စ်လင်မ်တို့သည် အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှု အပြည့်အဝထားရှိသင့်ပါသည်။
  • ဤအာယသ်တော်သည် လူသားတို့အား


📜 အာယာသ် 109-113 — စူရာ အန်-နဟ်လ်

109لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ
ဧကန်စင်စစ် ၎င်းတို့သည် နောင်တမလွန် ဘဝတွင် နစ်နာဆုံးရှုံးသူများဖြစ်ကြရမည်မှာ မလွဲမရှောင်သာ(သောကိစ္စပင်)ဖြစ်ပေသည်။
110ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِن بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့ ထိုသူတို့သည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကုန်၏။၎င်းပြင် ထိုသူများသည် ချုပ်တည်းသည်းခံခဲ့ကြကုန်၏။ မုချအမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ယင်း(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူသော အရှင်မြတ်၊ ဖြစ်တော်မူပေသတည်း။
111۞ يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَن نَّفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
(ဤကျိုးပြစ်ပေးခြင်းသည် အကြင်နေ့တွင် ဖြစ်ပေမည်။) ထိုနေ့တွင် လူတိုင်းလူတိုင်းသည် မိမိဘက်မှသာလျှင်(ဝါ)မိမိကိုယ်ကိုကာကွယ်၍သာလျှင် ငြင်းခုံပြောဆိုလျက် လာပေမည်။ ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည် မိမိကျင့်မူခဲ့သောအကျင့်အမူများ(၏အကျိုးအပြစ်)ကို အပြည့်အစုံပေးခြင်းကိုခံရပေမည်။ အမှန်စင်စစ် ၎င်းတို့သည် မတရား ပြုလုပ်ခြင်းကိုလုံးဝခံကြရမည် မဟုတ်ပေ။
112وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُّطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِّن كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာနှင့်စပ်လျဉ်း၍ ပုံဆောင်ချက်တစ်ရပ်ကို ခိုင်းနှိုင်းတော် မူလေသည်။ ထိုရွာ(သူရွာသားတို့)သည် ဘေးရန်ကင်းငြိမ်းလျက် နှစ်သိမ့်ပျော်မွေ့စွာရှိခဲ့(ကြကုန်)သည်။ ယင်းရွာ(သူရွာသားတို့ထံ)သို့ ယင်း(ရွာသူရွာသားတို့)၏ စားနပ်ရိက္ခာသည် နေရာတိုင်းမှ ဖောသီစွာရောက် ရှိလျက်ရှိလေသည်။ သို့ရာတွင် ယင်းရွာ(သူရွာသားတို့)မူကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူး တော်များကို ငြင်းပယ်ခဲ့(ကြ)လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားတို့)အား ထိုသူတို့၏ အကျင့်အမူတို့ကြောင့် ဆာလောင်မှုကိုလည်းကောင်း၊ ကြောက်ရွံ့ ထိတ်လန့်မကိုလည်းကောင်း၊ မြည်းစမ်းစေတော် မူခဲ့ပေသတည်း။
113وَلَقَدْ جَاءَهُمْ رَسُولٌ مِّنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ
ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းရစူလ် တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ မတရားသောသူများဖြစ်နေကြစဉ်ဖမ်းဆီး ကွပ်မျက်ခဲ့လေသည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
111အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 111

စူရာ အန်-နဟ်လ် အာယာသ် 111 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤကျိုးပြစ်ပေးခြင်းသည် အကြင်နေ့တွင် ဖြစ်ပေမည်။) ထိုနေ့တွင် လူတိုင်းလူတိုင်းသည် မိမိဘက်မှသာလျှင်(ဝါ)မိမိကိုယ်ကိုကာကွယ်၍သာလျှင် ငြင်းခုံပြောဆိုလျက် လာပေမည်။ ထိုမှတစ်ပါး လူတိုင်းလူတိုင်းသည်…

စူရာ အာယာသ် 111/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 109–113. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers