အန်-နဟ်လ် · 115/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ ۝١١٥
Innamaa harrma `alai kumul maitata waddama wa lahmal khinzeeri wa maaa uhilla lighairil laahi bihee famanid turra ghaira baaghinw wa laa `aadin fa innal laaha Ghafoorur Raheem
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ဝက်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား)ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • အလ်မိုင်သဟ် (الْمَيْتَةَ) — ရှရီအသ်နည်းအရ ဇဗဟ်မပြုဘဲ သေဆုံးသွားသော တိရစ္ဆာန်၏ အသား။
  • အဒ်ဒမ် (الدَّم) — စီးထွက်သော သွေး။
  • လဟ်မုလ်ခင်ဇီရ် (لَحْمَ الْخِنزِيرِ) — ဝက်သား၊ ဝက်၏ အစိတ်အပိုင်းအားလုံး အပါအဝင်။
  • မာ အုဟိလ္လ လိဃိုင်ရိလ္လာဟ် (مَا أُهِلَّ لِغَيْرِ اللَّهِ بِهِ) — အလ္လာဟ်အရှင်မြတ် မဟုတ်သော အခြားသူ/အရာကို အမည်တင်ပြီး ဇဗဟ်ပြုထားသော တိရစ္ဆာန်။
  • အဒ်သွရ်ရ (اضْطُرَّ) — အသက်အန္တရာယ်ဖြစ်လောက်အောင် အကြပ်အတည်းရောက်သွားခြင်း။
  • ဃိုင်ရ ဗာဃင် (غَيْرَ بَاغٍ) — ဟရာမ်ကို တောင့်တလိုလားသော ဆန္ဒဖြင့် မဟုတ်ဘဲ၊ သာမန်လိုအပ်ချက်ကြောင့် မဟုတ်ဘဲ။
  • ဝလာ အာဒင် (وَلَا عَادٍ) — လိုအပ်ချက်၏ အဆင့်ကို ကျော်လွန်တိုးချဲ့သူ မဟုတ်ဘဲ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မုစ်လင်မ်များအပေါ် စားသုံးရာတွင် တားမြစ်ထားတော်မူသည့် အရာများမှာ — ဇဗဟ်မပြုဘဲ သေဆုံးသွားသော တိရစ္ဆာန်အသား၊ စီးထွက်သော သွေး၊ ဝက်သား (ဝက်၏ အစိတ်အပိုင်းအားလုံး အပါအဝင်)၊ နှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူ/အရာကို အမည်တင်ကာ ဇဗဟ်ပြုထားသော တိရစ္ဆာန်တို့ ဖြစ်ကြသည်။

ဤတားမြစ်ချက်သည် ပုံမှန် အခြေအနေတွင် ရွေးချယ်နိုင်သူများအတွက် ဖြစ်သည်။ သို့သော် မည်သူမဆို အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အထိ အကြပ်အတည်းရောက်သွားပြီး၊ ထိုဟရာမ်အရာများကို စားရန် မဖြစ်မနေ လိုအပ်လာပါက — ထိုသူသည် ဟရာမ်ကို ကိုယ်တိုင် နှစ်သက်တောင့်တသောဆန္ဒဖြင့် မဟုတ်ဘဲ၊ လိုအပ်ချက်၏ အတိုင်းအတာကိုလည်း ကျော်လွန်တိုးချဲ့ခြင်း မရှိဘဲ စားသုံးပါက — သူ့အပေါ် အပြစ်မရှိပါ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် ထိုသူအား ခွင့်လွှတ်တော်မူပြီး၊ အကြပ်အတည်းအခြေအနေတွင် ထိုအရာကို စားသုံးခွင့်ပြုတော်မူခြင်းဖြင့် ကရုဏာထားတော်မူသည်။

**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာမျ



📜 အာယာသ် 113-117 — စူရာ အန်-နဟ်လ်

113وَلَقَدْ جَاءَهُمْ رَسُولٌ مِّنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ
ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့ထံ ၎င်းတို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းရစူလ် တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့အား ၎င်းတို့ မတရားသောသူများဖြစ်နေကြစဉ်ဖမ်းဆီး ကွပ်မျက်ခဲ့လေသည်။
114فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့အားအလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသော အရာများအနက် သန့်ရှင်းစင်ကြယ်သော၊ စားသုံးခွင့် ပြုတော်မူသော၊အရာများကို စားသုံးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူး တော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။
115إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ဝက်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား)ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
116وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِّتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ထိုမှတစ်ပါး အသင်တို့သည် မိမိတု့ိ၏နှုတ်လျှာများက မုသားကိုပြောဆိုပြဋ္ဌာန်းခဲ့သောကြောင့် ဤကားဟလာလ်ခွင့်ပြုထားသောအရာဖြစ်သည်။ ဤကား ဟရာမ်တားမြစ်ထားသောအရာ ဖြစ်သည်ဟူ၍ မပြောဆိုကြကုန်လင့်။ ထိုသို့ပြောဆိုလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြသည်သာ ဖြစ်ပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြသောသူတို့သည် အောင်မြင်ကြမည် မဟုတ်ပေ။
117مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ
အနည်းငယ်မျှအကျိုးခံစားမှုပင် ဖြစ်ပေသည်။၎င်းပြင် ထိုသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် ရှိပေမည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
115အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 115

စူရာ အန်-နဟ်လ် အာယာသ် 115 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ဝက်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍…

စူရာ အာယာသ် 115/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 113–117. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers